ချောင်းသာဟိုတယ်များကို ဧည့်စာရင်းစစ်

ဧရာဝတီတိုင်း ချောင်းသာကမ်း​ခြေမှာ ဖွင့်ထားတဲ့ ဟိုတယ်တွေကို ​အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီက ဧည့်စာရင်း စစ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

​ကမ်းခြေ ဟိုတယ် ၁၆ လုံးအနက် ဟိုတယ် ၈ လုံးကို အုပ်ချုပ်​ရေးမှူးနဲ့ ပူး​ပေါင်းအဖွဲ့က  စစ်ဆေးခဲ့တာပါ။၊ 

ဟိုတယ်လုံခြုံရေးကိစ္စရပ်တွေကို အထူးသတိပြု ဆောင်ရွက်ထားဖို့ ထူးခြားဖြစ်စဉ်ရှိပါက သတင်းပေးပို့နိုင်ဖို့ ကွင်းဆင်းဆောင်ရွက်တာလို့ သိရပါတယ်။

ပုသိမ်-​ချောင်းသာ လမ်း​ဘေးက ​တောတွေထဲ အကြမ်းဖက်စစ်တပ်က ​တောတိုးပြီး PDF ​တွေကို ရှာ​ဖွေနေတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်း ရန်ကုန်-ပုသိမ်လမ်း​ပေါ်က ပန်တိုင်စစ်​ဆေးဂိတ်တွင် အကြမ်းဖက်စစ်တပ်က လုံခြုံ​ရေး စစ်​ဆေးတာတွေ လုပ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

လတ်တလောမှာတော့ သီတင်ကျွတ်ရုံးပိတ်ရက်ရှည်အတွက် ကမ်း​ခြေဟိုတယ်တွေမှာ အခန်း ကြိုတင်မှာယူတာတွေနဲ့ ပြည့်​နေ​ပြီလို့လည်း သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s