တရုတ်နှင့် စစ်တပ်ပိုင် ကုမ္ပဏီများ၏ မြန်မာ့သယံဇာတ သတ္တုကဏ္ဍကို ဂုတ်သွေးစုပ် အ မြတ်ထုတ်မှုများ (အပိုင်း ၁)

ကချင်ပြည်နယ်။ ဖားကန့် ကျောက်စိမ်းလောကကဲ့သို့ပင် မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ထုတ်လုပ်ရေးကဏ္ဍတွင်လည်း တရုတ်ကုမ္ပဏီများပင် ကြီးစိုးနေသည်ကို တွေ့ရသည်။ အံ့ဩဖွယ် ကောင်းလှသည်မှာ သတ္တုထုတ်လုပ်ရေးလုပ်ငန်းများအတွင်းရှိ စာချုပ် ချုပ်ဆိုမှုများကိုကြည့်လျှင် နိုင်ငံအတွက် အလွန်နစ်နာစေသည့် အကျိုးအမြတ်ရရှိမှု နည်းပါးစွာဖြင့် ချုပ်ဆိုထားသော တဖက်သတ်စာချုပ် အများအပြားကို တွေ့ရှိရသည်။

ထူးခြားစွာဖြင့် ထိုသို့သော တဖက်သတ်စာချုပ်များကို နှစ်ဦးနှစ်ဖက် ချုပ်ဆိုရာတွင် ပြည်ပကုမ္ပဏီဖက်အခြမ်းတွင် တရုတ်ကုမ္ပဏီများကိုသာ တွေ့လေ့ရှိပြီး၊ မြန်မာဖက် အခြမ်းတွင် ဦးပိုင် ကဲ့သို့သော စစ်တပ်ပိုင် ကုမ္ပဏီများ ဖြစ်နေတတ်သည်ကို တိုက်ဆိုင်စွာ တွေ့ရသည်။ ဆိုလိုသည်မှာ နိုင်ငံအတွက် အကျိုးအမြတ်နည်းစွာဖြင့် ချုပ်ဆိုထားမှုများမှတဆင့် ကိုယ်ကျိုးရှာမှုများကြောင့် အဆိုပါ ကုမ္ပဏီများသည် ကြီးစွာသော အမြတ် များကို မတရား ရရှိနေခြင်း ဖြစ်သည်။

လက်ရှိ မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍကို ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး၊ မြန်မာနိုင်ငံတွင်းရှိ အကြီးမားဆုံး သတ္တုတွင်းစီမံကိန်း သုံးခုစလုံးတွင် ယန်စီ ဝမ်ပေါင် (Wanbao Mining Ltd) နှင့် China Nonferrous Metal Mining Co. စသည့် တရုတ် နိုင်ငံပိုင်စီးပွားရေး ကုမ္ပဏီကြီးများက ကြီးစိုးလုပ်ကိုင်နေခြင်းဖြစ်သည်။လက်ရှိ ကမ္ဘာ့သတ္တုစျေးနှုန်း မြင့်တက်လာမှုနဲ့အတူ အဆိုပါ သတ္တုစီမံ ကိန်းလုပ်ငန်း သုံးခုမှ ရရှိသော ဝင်ငွေများ အကြမ်းဖက် စစ်ကောင်စီ၏ အိတ်ကပ်တွင်းသို့ အလုံးအရင်း ရောက်ရှိသွားနိုင်ကြောင်းကို နိုင်ငံ တ ကာ ပညာရှင်များကလည်း သတိပေးထားသည်။

အထူးသဖြင့် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီသို့ သယံဇာတ တူးဖော်ရောင်းချခြင်းမှ ဝင်ငွေအလုံးအရင်း ဝင်ရောက်သွားခြင်းသည် နိုင်ငံတွင်း ဖြစ်နေဆဲ ပဋိပက္ခများကို မီးလောင်ရာ လေပင့်သဖွယ် ဖြစ်စေပေလိမ့်မည်။သဘာဝသယံဇာတအရေး လုပ် ကိုင်နေသော နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် Publish Watch You Pay Australia မှထုတ်ပြန်သော အစီရင်ခံစာတွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အဆိုပါ သတ္တုတွင်း စီမံကိန်းလုပ်ငန်းသုံးခုမှ စစ်ကောင်စီနှင့် စစ်တပ်ထံသို့ အမေရိကန်ဒေါ်လာ ၇၂၅ သန်းကျော် စီးဝင်နိုင်သည် ဟု ခန့်မှန်းထားကြောင်း ဖော်ြပခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် တရုတ်နိုင်ငံအပေါ် မြန် မာနိုင်ငံသားများ၏ အဆိုးမြင်မှုများ ပိုမို ဆိုးရွားမလာစေရန်အတွက် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက တရုတ်ကုမ္ပဏီများအနေနှင့် စစ်တပ်ပိုင်ကုမ္ပဏီများ၊ စစ်တပ်၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းများကို ဖြတ်တောက်သင့်သည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော် ပြထားသည်။

မြန်မာပြည်၏ အကြီးဆုံးသော သတ္တုထုတ်လုပ်ရေး လုပ်ငန်းသုံးခုအနက် စစ် ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ စပယ်တောင် နှင့်ကြေးစင်တောင်ကြေးနီသတ္တု တွင်းစီမံကိန်း အကြောင်းဖော်ပြရမည်ဆိုလျှင် အဆိုပါ စီမံကိန်းကို ၁၉၉၄ ခုနှစ်တွင် အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနှင့် အိုင်ဗင်ဟိုး (Ivanhoe) ကုမ္ပဏီ (ယခု Turquoise Hill Resources အမည်ပြောင်း) တို့ ၅၀ ရာခိုင်နှုန်းစီ အကျိုးတူ တူးဖော်ရေးစာချုပ်ကို ချုပ်ဆို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် အဆိုပါ စပယ်တောင်၊ ကြေးစင်တောင် ကြေးနီသတ္တုတွင်းစီမံကိန်းကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်နှင့် တရုတ် ယန်စီကုမ္ပဏီတို့က ဝယ်ယူခဲ့သည်။ ယန်စီကုမ္ပဏီကို တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီက ပိုင်ဆိုင်ခြင်းဖြစ်ပြီး၊ အဆိုပါ လွှဲပြောင်းဝယ်ယူမှုတွင် လျှို့ဝှက်မှုနှင့် အဂတိလိုက်စားမှု အများအပြား ရှိခဲ့သည် ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

စစ်တပ်ပိုင် ဦးပိုင်လီမီတက်သည် အဆိုပါစီမံကိန်း၏ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း ပိုင်ဆိုင်သော ၅၀ ရာခိုင်နှုန်းကို တရုတ် ဝမ်ပေါင်ဆီမှ ဒေါ် လာ သန်း ၁၀၀ ချေးယူကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ Ivanhoe ကုမ္ပဏီ ပိုင်ဆိုင်သော ၅၀ ရာခိုင်နှုန်းကိုလည်း ဝမ်ပေါင်ကုမ္ပဏီကပင် ဒေါ်လာ သန်း ၁၀၀ နှင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။စီမံကိန်းလွှဲပြောင်း ရရှိပြီးသည့့်နောက် ဦးပိုင်ကုမ္ပဏီက ၎င်းတို့ပိုင်ဆိုင်သော ၅၀ ရာခိုင်နှုန်းကို ဝမ်ပေါင်ထံ ဒေါ်လာ သန်း ၁၀၀ နှင့် ပြန်လည်လက်လွှဲ ‌ေရာင်းချခဲ့ခြင်းကြောင့်၊ ဝမ်ပေါင်သည် စီမံကိန်း၏ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သူ ဖြစ်လာပြီး၊ စစ်တပ် ဦးပိုင်သည်လည်း အရင်းမစိုက်ပဲ လက်တစ်လုံးခြားနှင့် ပါမစ်ပိုင်ရှင် ဖြစ်လာခဲ့သည်။ ထို့နောက် အကျိုးတူ လုပ်ငန်းစာချုပ်ကို ဖျက် သိမ်းပြီး ထုတ်ဝေမှုကိုခွဲဝေသည့် စာချုပ်သို့ ပြင်ဆင်ချုပ်ဆိုခဲ့သည်။ စာချုပ်ပါအရ ထုတ်လုပ်မှု၏ ၅၁ ရာခိုင်နှုန်းကို ဦးပိုင်က ရရှိပြီး၊ ယန်စီ/ ဝမ်ပေါင် က ၄၉ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ပုံမှန်အားဖြင့် သတ္တုတူးဖော်ရေးကဏ္ဍအတွင်း ထုတ်လုပ်မှုခွဲဝေသော စာချုပ်များတွင် နိုင်ငံတော်ကိုယ်စား နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကသာ အဓိကပါဝင်လေ့ရှိသည်။ သို့သော် ယခု စပယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်းစီမံကိန်းတွင်မူ ယန်စီ/ ဝမ်ပေါင်အတွက် အကျိုး ဆောင် အဖြစ် ဆောင်ရွက်ပေးခဲ့သော ဦးပိုင်ကုမ္ပဏီက နိုင်ငံတော်ကိုယ်စား ပါဝင်နေပြီး၊ ရင်းနှီးငွေ နတ္ထိဖြင့် အကျိုးအမြတ် များစွာ ရရှိနေခြင်း ဖြစ်သည်။စပယ်တောင်၊ ကြေးစင်တောင် ကြေးနီသတ္တုတွင်းစီမံကိန်း၏ အခွန်အခသတ်မှတ်ချက်များသည် ပုံမှန်မဟုတ်သော အခြေအနေတွင် ရှိနေသည်။

စာချုပ်အရ ကြေးနီတစ်တန်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် ခုနှိမ်ခွင့်ကို အမေရိကန်ဒေါ်လာ ၃,၇၀၀ အထိ သတ်မှတ်ထားပြီး၊ ထိုသို့သော သတ်မှတ်ထားရှိမှုမျိုးအား အခြား မည်သည့်နိုင်ငံတွင်မှ တွေ့ရှိရခြင်း မရှိပေ။ ဆိုလိုသည်မှာ ဝင်ရောက်စစ်ဆေးခွင့် မရှိသော လုပ်ငန်းခွင်တွင် ထုတ်လုပ်မှုကုန်ကျစရိတ်သည် စာရွက်အပေါ်တွင်သာရှိပြီး၊ ကြေးနီတန် သိန်းပေါင်းများစွာ ထုတ်လုပ်ရောင်းချမှုအတွက် တရုတ်ကုမ္ပဏီသည် ကမ္ဘာပေါ်တွင်အသုံးမပြုသည့် ထုတ်လုပ်မှုကုန်ကျစရိတ် ခုနိုမ်ခွင့်မှတဆင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လူလယ်ကျ ရရှိနေခြင်းဖြစ်သည်။

အဆိုပါ သတ္တုစီမံကိန်းကြီးမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်မှ အခွန်အခအဖြစ် အမေရိကန်‌ေဒါ်လာ ၄၇ ဒသမ ၇ သန်းသာ ရရှိခဲ့သည်။ ယန်စီမှ ၂၅ ဒသမ ၇ သန်း ပေးသွင်းခဲ့ပြီး၊ ဦးပိုင်က ဒေါ်လာ ၂၂ သန်းပေးသွင်း ခဲ့ခြင်း ဖြစ်သည်။ ဦးပိုင်အနေနှင့် ထုတ်လုပ်မှုဝေစု ပိုမိုရရှိထားသော်လည်း အခွန်ပေးဆောင်မှု လျော့နည်းနေသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေ သည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် အခွန်အခရရှိမှု တွက်ချက်ခြင်း ယူဆချက်မှာ ဓာတ်သတ္တုခွန်တွေကို ငွေသားနဲ့ ကောက်ခံခြင်း၊ ကြေးနီ တစ်တန်စျေးနှုန်းကို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၉,၄၀၀ ပျမ်းမျှသတ်မှတ်ခြင်း၊ ထုတ်လုပ်မှု ခုနှိမ်ခွင့်နှုန်းထားကို တစ်တန်လျှင် ဒေါ်လာ ၃,၇၀ ၀ နှင့် ထုတ်လုပ်မှုပမာဏ စုစုပေါင်း တန်ချိန် ၅၀,၀၀၀ ဖြင့် တွက်ချက်ထားခြင်း များဖြစ်သည်။

လက်ရှိ ကမ္ဘာ့ကြေးနီစေျး မြင့်တက်လာမှုများကြောင့် တွက်ချက်မှုများအရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် စပယ်တောင်၊ ကြေးစင်တောင် ကြေးနီသတ္တုတွင်း စီမံကိန်းမှ စစ်ကောင်စီထံသို့ ဒေါ်လာ သန်း ၁၈၇ သန်းခန့် စီးဆင်းဝင်ရောက်မည်ဖြစ်ပြီး၊ ဂုတ်သွေးစုပ် စစ်တပ် ဦးပိုင်လီမိတက်က ဒေါ်လာ ၁၀၂ သန်း အမြတ်ရရှိမည် ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s