မြောင်တွင် စစ်ကောင်စီရဲချုပ်ယာဉ်တန်း မိုင်းခွဲခံရမှုကြောင့် ရဲ ၁၂ ဦးသေဆုံးမှု အပါအဝင် စစ်ကောင်စီကို နိုင်ငံတစ်ဝန်း ပြည်သူများက ပြင်းပြင်း ထန်ထန်ခုခံ

စစ်ကိုင်းတိုင်းအတွင်းရှိ မြောင်၊ ကန့်ဘလူ၊ ကောလင်း စသည့် မြို့များ၊ ချင်း ပြည်နယ်အတွင်းရှိ ဖလမ်းမြို့၊ နေပြည်တော်ရှိ တပ်ကုန်းမြို့၊ က ရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် ရန်ကုန်တိုင်း အတွင်းရှိ သာကေတ၊ ကျောက်တန်းတို့တွင် စစ်ကောင်စီ ယာဉ်တန်း၊ စစ်ကြောင်း၊ ထွေအုပ်ရုံးနှင့် Mytel တာဝါတိုင်များ မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့များ အသေအပျောက်များနေကြောင်း ဒေသခံ ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သိရသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့

========================

ကန့်ဘလူ မြို့အတွင်းရှိ ကန့်ဘလူနှင့် စံပယ်နံသာကြားနှင့် ရေရှင်ကြီးရွာနှင့် နှောပင်ရွာကြားတို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၃၁စီးပါ ယာဉ်တန်းကို ကန့်ဘလူ PDFက ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ၂ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ အထိ အခိုက် သေဆုံးမှုများသော်လည်း အရေအတွက် အတိအကျမသိရှိရသေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့

===================

မြောင်မြို့အတွင်းရှိ ကင်းလမ်းခွဲက မြောက်မြို့ပေါ်သို့ ချီတက် လာသည့် အကြမ်း ဖက် စစ်ကောင်စီ စစ်ကား ၃စီးကို မြောင် PDF မဟာမိတ် ၃ဖွဲ့က ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉နာရီ ၄၅မိနစ်က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်ကား၂စီးပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း မြောင် PDF မဟာမိတ်အဖွဲ့များထံမှ သိရသည်။ ထို့ပြင် မြောင်မြို့နယ် ဘိုးမင်းကြီးကင်းကျေးရွာ နှင့် ကြော့မင်းကျေးရွာကြားတွင် ယနေ့ နံနက် ၉နာရီ ၄၅ခန့်က ရဲချုပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ မဟာမိတ် (၁၃)ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အထူးရဲ ၁၂ဦး သေဆုံးခဲ့ကြောင်း မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့ထံမှ သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ Myaung Special People’s Defense Force – MSPDF ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊ PDF–Taloke ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ၊ People Defense Force Yesagyo၊ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (SGG)၊ Chaung U People’s Defense Force ၊ Monywa People Defence Force – MPDF ၊Black Eagle Defense Force (MMU) ၊ မြောင်မြို့နယ် T.G.R – ပြည်သူ့ကာကွယ်ရေးတပ် နှင့် Myingyan Ranger စတဲ့ မဟာမိတ် (၁၃)ဖွဲ့တို့က ပူးပေါင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့

======================

ကောလင်းမြို့က အနောက်ဘက်သို့ စစ်ကြောင်း ချီလာသော အကြမ်းဖက် စစ်ကောင်စီ အင်အား ၁ဝဝခန့်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ ၁၆ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကာထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့

=====================

ချင်းပြည်နယ် ဖလမ်းမြို့က စဟားခါးသို့ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို အောက်တိုဘာလ ၁၆ ရက်နေ့က လုံပီးကျေးရွာအနီးတွင် ချင်းပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကား၇စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့

========================

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အာရှလမ်းမ အနီးရှိ အံကလော်ကျေးရွာနှင့် ရွာသစ်ကျေးရွာအနီးတွင် KNLA တပ်မဟာ ၆ တပ်ရင်း ၁၈၊ ခွဲထွက် DKBA၊ Eagles Brigade ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ကြား အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၈နာရီခန့်က စတင်ကာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၆၊ ၅၆၀ တပ်ရင်းများက အင်အား ၁ဝဝကျော်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူ အရေအတွက် အတိအကျကို မသိရှိရသေးကြောင်း သိရသည်။

နေပြည်တော်ရှိ တပ်ကုန်းမြို့

======================

နေပြည်တော် တပ်ကုန်းမြို့ ထွေအုပ်ရုံးကို ပျံလွှားမြို့ပြ ပျောက်ကြားတပ်ဖွဲ့က ယနေ့ အောက်တိုဘာလ ၁၆ရက်နေ့ ညနေ ၆နာရီ ခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့ကသိရသည်။ ” မဆိုင်သလို နေနေကြတဲ့ တပ်ကုန်းမြို့ကို တပ်ကုန်းမြို့ပြ ပျောက်ကြားတပ်ဖွဲ့က သတိပေးဖောက်ခွဲခဲ့တာပါ” ဟု ပျံလွှားမြို့ပြ ပျောက်ကြားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ ထိုသို့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာကာ နေရာအနှံ့စစ်ဆေးမှုများ ပြုလုပ်နေပြီး ထိခိုက် သေဆုံးမှု ရှိမရှိကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

ရန်ကုန်တိုင်း သာကေတမြို့နယ်

==========================

သာကေတမြို့နယ်အတွင်း အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈နာရီ ၂ဝခန့်တွင် မိုး သည်းထန်စွာ ရွာနေသည့်အချိန်၌ ပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီး မည်သည့် နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားသည်ကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်

===========================

ကျောက်တန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TYF) တို့ပူးပေါင်းကာ အောက်တို ဘာလ ၁၆ ရက်နေ့တွင် ကျောက်တန်းမြို့နယ် တာပကျေးရွာရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစု ပိုင်ဆိုင်သော Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s