သီတင်းကျွတ်ပွဲတော်ရက်အတွက် ချောင်းသာ၊ငွေဆောင် ဟိုတယ်ခန်းများ ကြိုတင်မှာယူမှုများပြား

သီတင်းကျွတ်ပွဲတော်ရက်အတွင်း ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာနှင့် ငွေဆောင်သို့ အပန်းဖြေသွားလိုသူမြင့်တက်နေပြီး ဟိုတယ်ခန်းများ ကြိုတင်မှာယူသူများပြားလှကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထံမှသိရသည်။

“ ကျွန်တော်တို့အကုန်လုံးက ကိုဗစ်စည်း ကမ်း အတိုင်း ပြန်ဖွင့်ရတာ၊ အခန်း ၁၀၀ရှိရင် ၁၀၀အကုန်မဖွင့်ရဘူး။ ဧည့်သည်တွေ ပြန်ထွက်သွားတာနဲ့ ချက်ခြင်း ဆေးဖျန်းပိုးသတ်ပြီးတော့ အကုန်ရှင်းလင်းပြီး အခန်းကိုသတ်မှတ်ချက် အတိုင်း အကုန်ပိတ်ထားရသေးတယ်။ ပြီးမှ ဧည့်သည့်အသစ်ကို လက်ခံလို့ရတာ။

အဲ့ဒါကြောင့် ဧည့်သည်တွေက အမှာတင်လာရင် ရက်အလိုက်ကို ချိန်ပြီးတော့ လက်ခံရတာ၊ အခုကတော့ အကုန်ပြည့်နေပါပြီ” ဟု ချောင်းသာကမ်းခြေမှာ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည့် ဟိုတယ်တစ်ခု၏ မန်နေဂျာက ပြောသည်။ချောင်းသာကမ်းခြေတွင် ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ် ၁၆လုံး တည်းခိုခန်း ၂၅လုံးရှိပြီး Sea View နေရာရှိ ဟိုတယ်နှင့် တည်းခိုခန်းများကတော့ အခန်းကြိုတင်မှာယူထားသူများဖြင့် ပြည့်သွားပြီဆိုသည်။

ကမ်းခြေသွားလည်သည့်သူများအတွက် ဧည့်စာရင်းစစ်ဆေးခြင်းနှင့်လည်း ကြုံတွေ့ရနိုင်သည်။ ” ဧည့်စာရင်းကတော့ ရှောင်တခင်ဝင်ဝင်စစ်တယ်။ အခုလည်း ရဲကတော့ လာမှာထားတယ်၊ ဧည့်စာရင်းတွေ သေချာတိုင်ဖို့။ လာသမျှ ဧည့်သည်တွေကို စာရင်းမသွင်းခင်ထဲက မှတ်ပုံတင်နဲ့ မျက်နှာကို သေချာတိုက်ကြည့်ဖို့၊ ကိုယ့်ဧည့်သည်စီးလာတဲ့ကားကအစ မှတ်ထားဖို့ မှာထားတယ်”ဟု တည်းခိုခန်းပိုင်ရှင်တစ်ဦးက ပြော သည်။

ငွေဆောင်ကမ်းခြေတွင်လည်း ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ် ၃၀လုံးမှာ ၈၀ရာခိုင်နှုန်းကျော် အခန်းကြိုတင်မှာယူထားသူများဖြင့် ပြည့်နှက်နေပြီဆိုသည်။ “လှမ်းမေးသမျှကတော့ အကုန်ပြည့်နေတယ်။ အခုရက်ထဲ မိုးနည်းနည်းလိုက်နေတော့ ကမ်းခြေဆင်းဖို့တော့ နည်းနည်းသတိထားရမယ်။ ကိုဗစ်ကတော့ ဒီမှာအကုန်ဆေးထိုးပေးထားကြတယ်။ ရဲတင်မကဘူး၊ စစ်တပ်လည်း ဒီမှာရောက်နေတယ်။ အင်အားတိုးပြီးတော့ ချထားတာတွေ့တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဂေါ်ရန်ဂျီကျွန်းတွင်တော့ လမ်းပန်းဆက်သွယ်ရေးအားနည်းမှုနှင့် စစ်ကောင်စီတပ်များတပ်စခန်းချကာ လမ်းခရီးတွင် ရှာဖွေစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် သီတင်းကျွတ်ပွဲတော်အတွက် လာရောက်ဖို့ ချိတ်ဆက်ထားသည့် ဧည့်သည့်ရှားပါးလွန်းနေကြောင်း ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။

သီတင်းကျွတ်ပွဲတော်ကာလအတွင်းမှာ ကမ်းခြေများတွင် မီးရှူးမီးပန်းနှင့် ဗျောက်အိုးဖောက်ခြင်းများ၊ မီးပုံပွဲလုပ်ခြင်းနှင့် ည ၁၀နောက်ပိုင်း ကမ်းခြေဆင်းခြင်း မလုပ်ဆောင်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားသည်ဟုလည်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s