NUGအစိုးရ ကျန်းမာရေးဒုဝန်ကြီးအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ဖို့စီစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံ နေအိမ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ၁၂ရက်နေ့တွင်လာရောက်ပြီး နေအိမ်ကိုချိတ်ပိတ်ရလိမ့်မည်ဟု အိမ်သားများကိုပြောဆိုသွားကြောင်း ကာယကံရှင်က ပြောသည်။

ဒေါက်တာဒေါ်ရွှေပုံသည် စစ်တပ်ကအာဏာစသိမ်းသည့်နေမှ စတင်ပြီး တိမ်းရှောင်နေရချိန်ဖြစ်ပြီး ပဲခူးမြို့ ၊ ရှင်စောပုရပ်ကွက် (၃၃) လမ်း တွင်ရှိသည့် ၎င်းနေအိမ်တွင် အသက်၉၂နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၆၅နှစ်အရွယ် မောင်ဖြစ်သူတို့သာနေထိုင်သည်။ “အိမ်ကို လာပြောသွားတယ် ချိတ်ပိတ်မယ်လို့ဆိုပြီး အိမ်နဲ့က အခုချိန်အထိ အဆက်အသွယ်မရှိပါဘူး။ အသိတယောက်က ပြောလို့သိရတာပါ၊ ချိတ်ပိတ်မယ်လို့လာပြောတာ။” ဟု ဒေါက်တာဒေါ်ရွှေပုံက မဇ္ဈိမသို့ပြောသည်။

” အမေက ပန်းနာရင်ကြပ်၊သွေးတိုးဆီးချို၊နှလုံးသွေးကြောကျဉ်းတာရှိတယ်။ ရင်ကြပ်လာရင် စက်နဲ့ဆေးရှုရတယ်၊ အောက်စီဂျင်ရှုရတယ်။ အမေက အခု လမ်းမလျှောက်နိုင်တော့ဘူး။ Wheel chair နဲ့ပဲ၊ မောင်ကတော့ သွေးတိုး ရှိတယ်၊ အသက်က ၆၅နှစ်၊ သူကပြုစုနေရတာ”ဟု သူက ဆက်ပြောသည်။

မည်သည့်နေ့ လာရောက်ချိတ်ပိတ်မည်ကို မသိရှိရသေးဘဲ ပြောင်းရွေ့ဖို့ အခက်အခဲဖြစ်နေကြောင်း သိရသည်။ “ပုဂံတချပ်တောင်ယူခွင့်မရှိပါတဲ့ အမေကြည် (ဒေါက်တာ ဒေါ်ရွှေပုံ၏မိခင်) က Ambulance (လူနာတင်ကား) နဲ့‌သွားမှရမှာ။ ”ဟု ၎င်းမိသားစုနှင့် နီးစပ်သူ တဦးကပြော သည်။

ဒေါက်တာဒေါ်ရွှေပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စဉ်ကတည်း က ဝင်ရောက်ခဲ့သော ပါတီဝင်တဦးဖြစ်ပြီး ၁၉၉၉နှစ် ၉လေးလုံးလှုပ်ရှားမှုတွင် ပါဝင်ကာ ခေတ်ပြိုင်နဲ့မိုးကြိုးဂျာနယ်ဖြန့်ဝေမှုကြောင့် ထောင်ကျခံခဲ့ရဖူးသည်။ ၂၀၁၅ခုနှစ်နှင့် ၂၀၂၀ခုနှစ်ရွေးကောက်ပွဲတွင် ပဲခူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက် NUGအစိုးရမှ ကျန်မာရေးဒုဝန်ကြီးအဖြစ် တာဝန်ပေးခံရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s