ကျိုက်ထို၊ သိမ်ဇရပ်တွင် အရပ်သားကားအ ယောင်ဆောင်ထားသည့် စစ်ကောင်စီ ယာဉ်တစ်စီးကို KNU ကပစ်ခတ် တိုက်ခိုက်၊ ဒုဗိုလ် ၁ ဦး၊ စစ်သား ၄ဦးနှင့် စစ်သမီး ၁ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဇလုံရွာနားတွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တစ်စီးကို ဘီးလင်း KNU/KNLA တပ်ရင်း ၃ က အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်သောကြောင့် ယာဉ်ပေါ်ပါလာသော စစ်ဗိုလ် ၁ဦး၊ စစ်သား ၄ဦးနှင့် စစ်သမီး ၁ဦးသေဆုံးခဲ့ကြောင်း KNU/KNLA အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” တိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်ကောင်စီကားက အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကလို့ သိရတယ်။ စစ်ဗိုလ် ၁ကောင် အပါအဝင် ရဲဘော် ၄ ကောင် စစ်သမီး ၁ ကောင်တို့ သေသွားတယ်လို့ သိရတယ်။ အဲကားက အုတ်လာဝယ်တာလား။ ထောက်လှမ်းရေး လာလုပ်တာလားတော့ မသိဘူး။ တပ်မဟာ ၁ နယ်မြေထဲမှာဖြစ်တာ ဘီးလင်း KNU/KNLA တပ်ရင်း ၃က ပစ်ခတ်ရှင်းလင်းလိုက်တာလို့ သိရတယ်” ဟု KNU/KNLA တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

KNU/KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် ဒုဗိုလ်ကျော်ထွန်းအောင်၊ တပ်ကြပ်ဝင်းဌေး အပါအဝင် ၆ ဦးသေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s