ပြောက်ကျားများက ကညနရုံးတွင် ဗုံးဖောက် ခွဲပြီး CDM မပါဝင်သည့် ဝန်ထမ်း များကို သ တိပေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နတ်လူ့ထိပ္ပန်ရပ်ရှိ ကုန်းလမ်းပို့ဆောင်ရေးရုံး အား ပြောက်ကျားတပ်သားများက ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရ သည်။နံနက် ၄နာရီ ၃၉ မိနစ်တွင် မုံရွာမြို့ အခြေစိုက် ပြောက်ကျားလေးဖွဲ့ကပူးပေါင်း ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပျက်စီးထိခိုက်မှုကို စုံစမ်းဆဲဖြစ်သည်။

“ကညန (ကုန်းလမ်းပို့ဆောင်ရေးရုံး) မှာရှိတဲ့ ဝန်ထမ်းတွေကို သတိပေးတာပါ။ စစ်အာဏာရှင်အောက်က ရုန်းထွက်ပြီး ပြည်သူဘက်ကိုကူးပြောင်း CDMလုပ်ဖို့ အသိပေးဖောက်ခွဲတာပါ။ စစ်ကောင်စီစနစ်လည်ပတ်အောင် လုပ်တဲ့အရာမှန် သမျှ အမြစ်ဖြတ်ဖျက်ဆီးသွားမယ်” ဟု Monywa Young People Group အဖွဲ့မှ တာဝန်ရှိသူ တစ်ဉီးကပြောသည်။

ဖောက်ခွဲခဲ့သော ပြောက်ကျားမဟာမိတ်များမှာ Monywa Young People Group (MYPG) , Red Code Revolution Team , Northwest Plains Revolutionary(NPRF) , Yakhka Nyi Naung အဖွဲ့တို့ဖြစ်သည်။

အောက်တိုဘာ ၁၆ရက်နေ့က Monywa Young People Group (MYPG) အဖွဲ့နှင့် မဟာမိတ်တို့သည် မုံရွာမြို ကျောက္ကာလမ်းနှင့်ရန်ကင်းလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်အားဖောက်ခွဲမှု ပြုလုပ်ခဲ့သေးသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s