ကန့်ဘလူမြို့တွင် CDM ဆရာဝန်ရှုတ်ချပွဲ ဦးဆောင်သူ သေနတ်ပစ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ CDM ဆရာဝန်တွေကိုရှုတ်ချပွဲ ဦးဆောင်ပြုလုပ်ခဲ့တဲ့  အမျိုးသား တယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ Kanbalu underground warriors (KBU-UG) အဖွဲ့က  အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြို့ခံတွေအကြား ဒလန်လို့ သတ်မှတ်ခံထားရတဲ့  ကိုအောင်သူထွန်းကို သူ သစ်သီးရောင်းနေကျ ကန့်ဘလူမြို့ ရွှေစည်ကြီးဘုရားအနီးမှာ အောက်တိုဘာ ၁၇ ညနေ ၅ နာရီဝန်းကျင်မှာ  ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပစ်လိုက်တဲ့သူက လူကြားထဲ အရဲစွန့်ဝင်ပစ်ရတာလေ။ အဲဒီမှာ ထိပြီး ကျည်ဒဏ်ရာနဲ့ အနီးနားက  မြို့မရဲစခန်းထဲကို ချက်ချင်း ဝင်ပြေးသွားတယ်။ သေလား ရှင်လား နောက်ဆက်တွဲ အခြေအနေကိုတော့ အခုထိ မသိရသေးဘူး”လို့ KBU-UG တာဝန်ရှိသူက ပြောပါတယ်။

သေနတ်ပစ်သတ်ခံရသူဟာ လက်ရှိ  ကြံ့ခိုင်ရေးပါတီဝင် ကန့်ဘလူ အမှတ် ၁ ရပ်ကွက်  အုပ်ချုပ်ရေးမှူးဦးဝင်းဆွေရဲ့သား  ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေ စတင်ကျယ်ပြန့်လာခါစက တနိုင်ငံလုံး ဘယ်နေရာမှာမှ မလုပ်တဲ့ CDM ဆရာဝန်များရှုတ်ချပွဲကို မတ်လ ၁ ရက်နေ့က  ကန့်ဘလူ ခုတင် (၁၀၀) ဆေးရုံရှေ့မှာ ကိုအောင်သူထွန်းက ဦးဆောင်ပြုလုပ်ခဲ့တာပါ။

“ပြည်သူ့အကျိုးဆန့်ကျင်သော ဆရာဝန်များ အလိုမရှိ ဘာတဲ့ ဆရာဝန်ကျင့်ဝတ်နှင့်မညီသော CDM ဆရာဝန်များ အလိုမရှိ ဆိုပြီး အဲ့နေ့က အော်ကြတာ”လို့  ဒေသခံတစ်ဦးက ပြောပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s