ကော့ကရိတ်၊ ရွာသစ်တွင် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချပြီး ရွာသား ၅၀ ခန့်အား ရွာပြင်ပေးမထွက်၊ ယမန်နေ့တွင် စစ်ကောင်စီ စစ် ကြောင်းမှူးအပါအဝင် ၅ ဦး သေဆုံး ၆ ဦး ဒဏ် ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချနေပြီး ရွာသား ၅၀ ခန့်အား ရွာပြင်သို့ ပေးမထွက်ပဲ ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

“ရွာအိမ် ၂ လုံး ရယ် စျေးဆိုင်တစ်ဆိုင်ရယ် မီးရှို့ခံရတယ်၊ ရွာထဲ ကျန်ခဲ့တဲ့ လူ ၅၀ လောက်ကို ဘယ်မှပေးမထွက်ဘဲ သူတို့က နေအိမ်တွေထဲမှာ လူခွဲပြီး စခန်း ထိုင်ထားတယ်၊ တိုက်ပွဲ ရှောင်သွားတဲ့ မိသားစု ၅၀လောက်က တခြား ရွာ က ဘုန်းကြီး ကျောင်း မှာ ရှောင်နေကြတယ်” ဟု တပ်မဟာ ၆ နယ်မြေ၊ KNLA တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်မှ ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်တွင် ကော့ကရိတ်မြို့နယ်တွင်းရှိ ရွာသစ်၊ မြို့ဟောင်း၊ မိကသိန်ကျေးရွာများဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် စကခ (၁၃) လက်အောက်ခံ ခလရ (၂၃၁)၊ ခမရ (၅၅၆)၊ ခမရ (၅၆၀) စစ်ကြောင်းအား KNLA တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကြောင်းမှူးအပါအဝင် ၅ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးပေါ်၌ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ကို ကို မောင်ခရီးစဉ်အတွက် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို DKBA-ခွဲထွက်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး G-1 ဒုတိယ ဗိုလ်မှူး ကြီးကျော်စွာမျိုးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး အဆိုပါဒေသအတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများအား ကရင်တော်လှန်ရေးတပ် ဖွဲ့များမှ ခုခံတိုက်ခိုက်လျှက်ရှိသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s