စစ်ကောင်စီတပ်များ စစ်သည်နှင့်စားနပ်ရိက္ခာများဖြည့်တင်းရာ လမ်းကြောင်း ပေါ်ရှိ ဂုံဘိုတံတားရေတိုက်စား၍ ပျက်စီး

စစ်ကောင်စီတပ်ကချင်းပြည်နယ်ရှိ ၎င်း၏တပ်များကို စစ်သည်နှင့် စားနပ်ရိက္ခာ များတင်ပို့ရာလမ်းကြောင်းပေါ်တွင် တည်ရှိသည့် ဂုံဘိုတံတား ကမ်းကပ်ခုံ ရေတိုက်စားသွားသဖြင့် ကားလမ်းများယာယီပြတ်တောက်သွားပြီဖြစ်သည်။မိုးသည်ထန်စွာအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ချောင်းရေတိုးကာ ချင်းပြည် နယ် မင်းတပ် နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ကိုအဓိကဆက်သွယ် ပေးထားသည့် ကျောက်ထုနှင့် ပန်းဆန်ကြားတွင်တည်ရှိသော ဂုံဘိုတံတား ကမ်းကပ်ခုံသည် ရေတိုက်စားသွားပါသွားသည်။

”မနေ့ညကအထိမိုးကမပြတ်သေးဘူး၊ချောင်းနံဘေးမှာရှိတဲ့ဓါတ်တိုင်တွေလည်း ရေတိုက်စားပြီးပါသွားတော့ အနီးအနားကရွာတွေလည်း လျှပ် စစ်မီးပြတ် တောက်သွား တယ်။ လောလောဆယ်တော့ လူသွားလို့ ရအောင် သံလွန်းကြိုး တွေနဲ့ဆွဲပြီးပြင်ဆင်မယ်ပြောတယ်။ အခုတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်း အရေးပေါ်သွားချင်ရင်တော့ ကားကျွတ်(ဘောကွင်း)တွေနဲ့ကူးနေကြတယ်”ဟု အနီးအနားရှိရွာသားတစ်ဦးကပြော သည်။

ဂုံဘိုတံတားသည် ချင်းပြည်နယ် မင်းတပ်မြို့နှင့် မန္တလေး၊ပခုက္ကူမြို့ကြီးများကို ဆက်သွယ်ပေးထားသည့်အဓိကကျသည့်တံတားတစ်စီးဖြစ် သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s