ပုသိမ်အကျဥ်း​ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး ပြန်လွတ်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်း​ထောင်မှာ  ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား  ၁၁ ယောက်ကို  ​အောက်တိုဘာလ ၁၉ ရက်နေ့မှာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်အကျဥ်း​ထောင်မှာဖမ်းဆီးခံထားရတဲ့ ပုသိမ်မြို့နယ်နဲ့ သာပေါင်းမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကတော့ ပြန်လွတ်လာတာ မရှိသေးပါဘူး။

“သူတို့ဖိအား​တွေ​ကြောင့် လွှတ်​ပေးတာ​လေ၊ မဖမ်းသင့်ဘဲဖမ်းထားတာ​။ အကုန်လွှတ်ရမှာ အာဏာ​တောင်လုယူထားပြီး အာဏာရှင်​တွေကျဆုံးမှ တိုင်းပြည်​အေးချမ်းမယ်”လို့ နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူတစ်ဦး က ​ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထောင်ချခံထားရသူ  ၁၃၁၆ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးပြီး၊ တရားစွဲဆိုထားသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း ​အောက်တိုဘာ ၁၈ ရက်​​နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပြစ်ဒဏ်ကျခံပြီးသူတွေဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁)အရ ပြစ်မှု ထပ်မံကျူးလွန်ပါက အခုကျန်ရှိနေသည့်ပြစ်ဒဏ်တွေကို ထပ်မံ ကျခံရမယ်ဆိုတဲ့  ခံဝန်နဲ့ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s