မင်းလှမြို့နယ်တွင် ကပစ စက်ရုံဝန်ထမ်း ၆ ဦးအပါဝင် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦးထပ်တွေ့

မကွေးတိုင်း၊ မင်းလှမြို့နယ်က စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ပေးတဲ့ ကပစ စက်ရုံ ၂ ရုံက ဝန်ထမ်း ၆ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ယောက် အောက်တိုဘာလ ၁၉ ရက်က ထပ်မံတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေ ဆီကနေ သိရပါတယ်။

မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှာ မနေ့က နေ့လယ်ပိုင်းက ကိုဗစ်-၁၉ သံသယ လူနာတွေနဲ့ နေရပ်ပြန်လာသူ ၂၇၀ ယောက်ကို RDT Test Kits နဲ့ စစ်ဆေးရာ အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

အဲဒီပိုးတွေ့တဲ့အထဲမှာ ကပစ(၂) စက်ရုံက အမျိုးသား ၁ ယောက်နဲ့ ကပစ (၁၀) စက်ရုံက အမျိုးသား ၅ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့တဲ့လူနာတွေကို ကပစ စက်ရုံနှစ်ရုံရှိ  ကိုဗစ်စင်တာတွေနဲ့ မင်းလှမြို့ ပြည်သူ့ဆေးရုံ၊ လင်းကယ်၊ ရေနံမ၊ လက်ပံတံခါး တိုက်နယ်ဆေးရုံတွေနဲ့ မကျီးပင်ကျင်း၊ ဇီးတောကျေးရွာတွေရှိ  ကိုဗစ်စင်တာတွေမှာ ဆေးကုသပေးနေပါတယ်။

မင်းလှမြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၇၂ ယောက်တွေ့ရှိခဲ့ပြီးတော့ သေဆုံးတဲ့သူ ၇၀ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s