ဟားခါး-ဖလမ်းလမ်းပိုင်းတွင် ချင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ၇ ရက်အတွင်း စစ်ကောင် စီတပ်မှ ၂၀ ကျော် သေဆုံးပြီး စစ်ကား ၁၆ စီး ပျက်စီး

ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ချင်းအမျိုးသားတပ်ဦး CNF၊ CDF၊ CNDF နှင့် PDF တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၁၃ ရက်မှ ယနေ့ ၁၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရကာ စစ်ကား ၁၆ စီး ပျက်စီးခဲ့ကြောင်း ချင်းတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီသည် ချင်းအမျိုးသားတပ်ဦး ဌာနချုပ်အား တိုက်ခိုက်ရန် ကလေးမြို့မှတဆင့် ဖလမ်း-ဟားခါး လမ်းအတိုင်း သံချပ်ကာအမြှောက်ကား ၂ စီးအပါအဝင် စစ်ကား ၆၀ ခန့်ဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ချင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဖလမ်းမြို့နှင့် ၁၃ မိုင်အတွင်း ရပ်တန့်နေကာ ရှေ့မတိုးနိုင်သေးကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် စစ်ကား ၇ စီး၊ ၁၇ ရက်ညတွင် စစ်ကား ၉ စီးအား ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း ချင်းတပ်ဖွဲ့များ မှ ပြော ဆို သည်။”ဌာနချုပ်အနီးအနားအထိ မကပ်နိုင်အောင် ကာထားမယ်။ တကယ်လို့ ချဥ်းကပ်နိုင်တယ်ထားပါ။ သူတို့အတွက် ပြန်ဆုတ်ဖို့ မလွယ်တော့ဘူး လို့ဘဲဖြေပါရစေ” ဟု CNF ပြောခွင့်ရ ဆလိုင်းထက်နီမှ The Hakha Times သတင်းဌာနသို့ ပြောဆိုသည်။

ဖလမ်းမြို့နှင့် ပြည်နယ်မြို့တော် ဟားခါးသည် ၄၅ မိုင်ခန့်သာ ကွာဝေးကာ စစ်ကောင်စီယာဉ်တန်းသည် ဖလမ်းမြို့နယ်အတွင်း၌သာ ရှိနေသေးပြီး ဖလမ်းမြို့နယ်အတွင်းရှိ တလန်ရောန်နှင့် ရီလ်သီးကျေးရွာများမှ နေအိမ် ၂၀ လုံး ကျော်အား မီးရှို့ဖျက်စီးကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေကြောင်း သိရသည်။ဖလမ်းမြို့မှ ထွက်ခွာလာသော အဆိုပါယာဉ်တန်းအား သွားရောက်ကြိုဆိုသည့် စစ်ကောင်စီအဖွဲ့အား CNA၊ CDF ပူးပေါင်းတပ်ဖွဲ့များမှ ဟားခါးမြို့အထွက်တွင် ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးကျော် သေဆုံးခဲ့သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s