ရန်ကုန်တွင် ယနေ့ ဗုံးကွဲမှုများ၊ စစ်ကောင်စီသတင်းပေးများ အသတ်ခံရမှုများ ဆက်လက်ဖြစ်ပွားနေပြီး မကွေးတိုင်း ပွင့်ဖြူနှင့်စစ်ကိုင်းတိုင်း၊ မုံရွာတွင် မိုင်းခွဲတိုက်ခိုက်ခံရမှု ကြောင့် စစ်သားနှင့် ရဲများ သေဆုံးကြောင်း၊ နိုင်ငံတစ်ဝန်း ပြည်သူများခုခံစစ် များပြားနေဆဲဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်
===========================
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ဘဝမြှင့်ရပ်ကွက် ရတနာလမ်းပေါ် မလိခအိမ်ရာအနီး၌ ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး လူငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း
======================
အောက်တိုဘာ ၂ဝ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီ ၀န်းကျင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၉ ရပ်ကွက် ရွှေနှင်းဆီ (၅) လမ်းတွင် နေထိုင်သော စစ်ကောင်စီသတင်းပေး ဟု အများက သတ်မှတ်ခံရထားရသူ မြရည်၏ မိသားစုဝင်နှစ်ဦးကို အမည်မသိလူတစ်စုက လာရောက်ပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ၂ ဦး သေဆုံးသွားကြောင်း သိရှိရသည်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်
=================
ပွင့်ဖြူမြို့မစခန်းမှူးကိုယ်တိုင် မောင်းနှင်လာသည့်ကားတစ်စီး နှင့် စစ်ကားတစ်စီးကို အောက်တိုဘာ ၂၀ရက်နေ့ ယမန်နေ့ည ၁၁နာရီ ၃၀မိနစ်လောက်တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၄ဦး သေဆုံးခဲ့ကြောင်း မကွေးပြည်သူ့တော်လှန်ရေးအဖွဲ့ ( PRA – Magway) ကသတင်းထုတ်ပြန်သည်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တော -မဇလီလမ်း မြောက်မုန်းမြောင်းမကြီး လက်တံခွဲ ၅ အဆုံးနေရာတွင် စစ်ကားနှင့်ရဲကားကို မိုင်းခွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို PRA ( Magway) နှင့် Pwingbyu PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်
================
အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် သထုံTDOနှင့် သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ပေါ်တော်မူကျေးရွာ ၊ရွာကြီးပိုင်းတွင်နေထိုင်သော အုပ်ချုပ်ရေးမှုးဟောင်း စစ်ကောင်စီသတင်းပေး ကျော်ဦးကို သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်
===================
အောက်တိုဘာလ (၂၀) ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ကန့်ဘလူမြို့နယ် ရှမ်းတပ်ကျေးရွာမှ စစ်ကောင်စီသတင်းပေး ကိုထွန်းအိမ်ကို KBU-UG က သွားရောက်မိုင်းခွဲတိုက်ခိုက်ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း သိရှိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်
======================
ချင်းပြည်နယ်၊ ကန်ပလက်လက်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးများကို CDF-Kanpetlet ပျောက်ကျားတပ်ဖွဲ့ က ရှင်းလင်းထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်
=================
PDF – South Monywa နှင့် Monywa Heroes Group တို့ ပူးပေါင်း၍ အောက်တိုဘာ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် အချိန် မုံရွာမြို့၏ အ မှတ် (၁) ရဲစခန်းကို ဗုံးဖြင့်ပစ်ခတ်ရာ ရဲတစ်ဦး ၊ အမှတ် (၂) ရဲစခန်းကိုလည်း ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲတစ်ဦး စုစုပေါင်း ရဲ ၂ ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ထို့ပြင် မုံရွာမြို့ အကောက်ခွန်ရုံးကို ဖောက်ခွဲပြုလုပ်ရာ အဆောက်အုံပျက်စီးသွားကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ မြင်းခြံ
==============
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ ထိန်ပန်းကျေးရွာမှာ Non-CDM နှင့် စစ်ကောင်စီအမာခံထောက်ခံသူ ဒုကျောင်းအုပ်ကျော်မျိုးကို 7 Revolution Force က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်
=================
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အောက်တိုဘာ ၂၀ ရက်နေ့ည ၉ နာရီဝန်းကျင်အချိန် မအူတောင် ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်နှင့် ရွာသစ်ရွာ ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်များကို မီးရှို့ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ရေစကြို PDF က ပြောသည်။khit thit
Like this:
Like Loading...