ပေါက်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံး ဗုံးခွဲခံရ

မကွေးတိုင်း၊  ပေါက်မြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းက CAF-MGPDF နဲ့ King Fighter ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်အစောပိုင်း ၃ နာရီလောက်က ပေါက်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးကို ချိန်ကိုက်ဗုံးထောင်ပြီး ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ကြံ့ခိုင်ရေးပါတီရုံး ရေချိုးခန်းနဲ့ အိမ်သာ ပျက်စီးသွားတယ်လို့ သိရပြီး ဗုံးထောင်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရတာကြောင့် နောက်ထပ်ပျက်စီးမှုကိုတော့ မသိရသေးဘူးကို့ CAF-MGPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

CAG-MGPDF အနေနဲ့ နောက်နောင်မှာလည်း အကြမ်းဖက်စစ်အုပ်စုနဲ့စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေအပါဝင် သူတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ထောက်တိုင်တွေကို ဖောက်ခွဲဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။

CAF-MGPDF အနေနဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ပူးပေါင်းပြီး ပေါက်မြို့နယ် ရေပြာရဲစခန်းနဲ့ မြင်းခြံကုန်းရွာက ဒလန်တစ်ယောက်ရဲ့ ကုန်စုံဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s