လောင်းလုံးမြို့နယ်ရှိ NLD ထောက်ခံသော ပန္ဒလဲရွာမှ လက်ဖက်ရည်ဆိုင်ကို ပျူစောထီးဟု ယူဆရသော လက်နက်ကိုင်အဖွဲ့ က ဝင်ပစ် ၍ ကျေးရွာသား ကိုနေနေနှင့်ဦးအောင်မြင့်တို့ ၂ ဦးသေဆုံး

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီ မီနစ် ၃၀ လောက်မှာ ပျူးစောထီးအဖွဲ့လို့ ယူဆရတဲ့ အရပ်ဝတ် လက်နက်ကိုင်တစ်ဖွဲ့က ပစ်ခတ်လို့ အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအဖွဲ့ဟာ ထားဝယ်ဘက်ကနေ Vigo ကားတစ်စီးနဲ့ဆင်းလာပြီး ပန္ဒလဲ ရွှေဘုံသာဘုန်းကြီးကျောင်းအရှေ့အရောက်တွင် ပြန်လှည့်လာပြီး အထက်တန်းကျောင်းနဲ့ မျက်နှာချင်းဆိုင်လောက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲ အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဲဒီပစ်ခတ်မူကြောင့် ဆိုင်ထဲမှာ လက်ဖက်ရည်သောင်နေတဲ့ ကိုနေနေနဲ့ ဦးအောင်မြင့်တို့ သေနတ်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ “တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်ကတော့ အရေးပေါ်ကားနဲ့ ဆေးရုံခေါ်သွားသေးတယ်။ ဆေးရုံရောက်မှာ သေသွားပြီဆိုပြီး ဖုန်းဆက်လာတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။
နောက်ထပ်နှစ်ဦးလဲသေနတ်ဒဏ်ရာရထားကြောင်း သိရပေမယ့် ဘယ်သူတွေလဲဆိုတာကို မသိသေးဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။ “ရွာထဲမှာတော့ တော်တော်များလူတွေရှောင်နေကြရတယ်။ ကျွန်တော်တို့လဲ ရှောင်နေရတယ်ဆိုတော့ ဒဏ်ရာရတဲ့နှစ်ယောက်အကြောင်း သေခြာမသိရသေးဘူး” လို့ သူကဆိုပါတယ်။ ပန္ဒလဲကျေးရွာသားအများစုဟာ NLD ပါတီကို ဝန်းရံတဲ့သူတွေဖြစ်တာကြောင့် ပျူစေားထီးအဖွဲ့တွေက ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေထင်နေကြပါတယ်။khit thit