မရမ်းကုန်းမြို့နယ် မီတာရုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ မီတာရုံးတွင် ယနေ့ အောက်တိုဘာ ၂၁ရက် နေ့လည် ၁နာရီ၂၃ မိနစ်အချိန်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဖောက်ခွဲခဲ့သည့်အဖွဲ့က မဇ္ဈိမကို ဆက်သွယ်ပြောဆိုသည်။

“မီတာရုံးကိုလက်လုပ်မိုင်းနှစ်လုံးနဲ့ဖောက်ခွဲခဲ့ပါတယ်ခင်ဗျာ။ အထိအခိုက်တော့မသိရသေးဘူးခင်ဗျာ၊ လူကိုထိတာတော့ထိနိုင်တယ်အကို။ အတိအကျမသိရသေးတာ”ဟု အမည်မဖော်လိုသည့် မြို့ပြပျောက်ကျားအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပေါက်ကွဲမှုအပြီး စစ်ကောင်စီများ ရောက်လာကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ရန်ကုန်မြို့တွင် ယနေ့ နေ့လည်ပိုင်း လှိုင်၊ လှိုင်သာ ယာ၊ မရမ်းကုန်းမြို့နယ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ပုဇွန်တောင်ရှိ စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနပိုင် ကုန်သွယ်မှု ဗဟိုဌာနတွင်လည်း ဗုံးတွေ့ခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s