လောင်းလုံး ပန္ဒလဲရွာ လက်ဖက်ရည်ဆိုင်တွင် ပြည်သူ ၅ဦးကို စစ်တပ်နှင့် ပျူစောထီးက ဝင်ရောက်ပစ်ခတ် ဦးနေနေနှင့် ဦးအုန်းနီတို့ သေ ဆုံးပြီး ၃ဦးဒဏ်ရာရ

လောင်းလုံး-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ပန္ဒလဲ ကျေးရွာ လက်ဖက်ရည်ဆိုင်အတွင်းသို့ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၈နာရီ မိနစ်၂၀ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲများနှင့် ပျူစောထီးအဖွဲ့များက အရပ်ဝတ်များဖြင့် အိမ်စီးကားဖြင့်ရောက်လာကာ ပစ်ခတ်ခဲ့ပြီး ဦးနေနေနှင့် ဦးအုန်းနီတို့ သေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

“စစ်သားတွေနဲ့ ပျူစောထီးတွေက အရပ်ဝတ် အိမ်စီးကားနဲ့ ဆိုင်ရှေ့ ကားရပ်ပြီး ဆိုင်ထဲကို သေနတ်နဲ့ အကြောင်းမဲ့ ရုတ်တရက်ပစ်ခတ်တာ ပြီးတော့ ကားမောင်းထွက်ပြေးသွားတယ်။ သူတို့ အဲလိုပစ်သွားတော့ ဆိုင်အတွင်းမှာရှိတဲ့ ဆိုင်ရှင်၊ ဆိုင်ထိုင်နေတဲ့သူတွေ လာဝယ်တွေသူတွေ ထိတာပေါ့။ ဦးနေနေနဲ့ ဦးအုန်းနီတို့ သေဆုံးပြီး ၃ဦးဒဏ်ရာရသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး အပါအဝင် အမျိုးသားလေးဦး စုစုပေါင်း ပြည်သူ ၅ဦး ကျည်ထိမှန်ခဲ့ပြီး အသက်၄၀ကျော်အရွယ် ဦးနေနေ ကျည်ထိမှန်ဒဏ်ရာနှင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ အခင်းဖြစ်ပြီး လေးနာရီကျော်အကြာ နေလည့် ၁၂နာရီခန့်တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာရ ထားသည့် အသက် ၅၀ကျော်အရွယ် ဦးအုန်းနီ ထပ်မံသေဆုံးသွားကြောင်း သိရသည်။

“‌ သေနတ်နဲ့ အကြောင်းမဲ့ ပစ်ခံရတဲ့သူတွေက နိုင်ငံရေးနဲ့ ပက်သက် ဆက်စပ်မှုမရှိတဲ့ သူတွေပါ။ သူတို့ကို ပစ်သွားတဲ့သူတွေထဲမှာပါတဲ့ တစ်ယောက်က ပန္ဒလဲကျေးရွာသား ပျူစောထီးအဖွဲ့ဝင် ကိုဇော်ဆိုတဲ့သူလို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထို ပစ်ခတ်မှုကျူးလွန်ရာတွင်ပါဝင်သည့် ပျူစောထီးအဖွဲ့တွင် ကိုဇော်ဆိုသူ သည် ပန္ဒလဲကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်‌ကောင်စီ နှင့်ပူးပေါင်းကာ ပန္ဒလဲကျေးရွာအပြင် အနီးအနားရှိ ကျေးရွာများတွင် လည်းလက်နက်အားကိုးဖြင့် ပြည်သူများအား ခြိမ်းခြောက်အနိုင်ကျင့် ဖိနှိပ်မှုများ လုပ်ဆောင်နေသူဖြစ်ကာ ကျေးရွာများ အတွင်း ဖမ်းဆီးမှုများ ပြုလုပ်ရာတွင်လည်း စစ်ကောင်စီကို သတင်းပေးကာ နေအိမ်များအား လမ်းပြပေးခြင်းနှင့် လက်ညှိးထိုးသူများအား မတရားဖမ်းဆီးခိုင်းခြင်း စသည့် ပြစ်မှုအမျိုးမျိုးကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျည်ထိမှန် ဒဏ်ရာရသူ(၃)ဦးကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် တင်ဆောင်သွားပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s