ကျိုက်လတ်မြို့နယ်က အုပ်ချုပ်ရေးမှူးအား လုံး အမြန်ဆုံးနုတ်ထွက်ရန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ သတိပေး

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အားလုံး နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး အမြန်ဆုံး နုတ်ထွက်ကြရန် ကျိုက်လတ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kyaiklat) က ယမန်နေ့ အောက်တိုဘာ ၂၄ ရက်တွင် သတိ ပေး ထုတ်ပြန်ခဲ့သည်။
ကျိုက်လတ်မြို့တွင် ရှိသော အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီက အသစ်ခန့်ထားသည့် အုပ်ချုပ်ရေးမှူးများ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ အားလုံးကို အသိပေး အကြောင်းကြားရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
သတိပေးမှုကို လိုက်နာခြင်း မရှိသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို PDF – Kyaiklat နှင့် မြစ်ဝကျွန်းပေါ် ပြောက်ကျား စစ်ဆင်ရေး တပ်ပေါင်းစုတို့ ပူးပေါင်းပြီး ရှင်းလင်းသုတ်သင် သွားမည်ဟု သတိပေးထားသည်။
အုပ်ချုပ်ရေးမှူးများအနေဖြင့် နုတ်ထွက်ပြီးပါက မိမိတို့ တရားဝင် နုတ်ထွက်ထားသည့် ရုံးစာကို PDF – Kyaiklat ကို လူမှုကွန်ရက်မှ တဆင့် မှတ်တမ်းအဖြစ် ပေးပို့ရမည်ဟုလည်း ဆိုထားသည်။mizzima