ယနေ့ တပ်မတော်ထောက်ခံပွဲ ကျင်းပသော မိတ္တီလာမြို့ပေါ် ဗုံးပေါက်ကွဲပြီးနောက် ကျေးရွာများဘက်တွင်လည်း စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၉ ဦး သေဆုံးကြောင်း၊ ပခုက္ကူမြို့ရှောင်လမ်းထိပ်တွင်လည်း ဗုံးကွဲ၍ စစ်ကောင်စီတပ်များ ထိခိုက်မှုများပြားကြောင်း၊ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရကြောင်း သိရှိသည်။
မန္တလေးတိုင်း၊မိတ္တီလာမြို့နယ်
=======================
မိတ္တီလာမြို့ပေါ်တွင် ယနေ့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲကျင်းပပြီး ယင်းထောက်ခံပွဲအပြီးတွင် အမှတ် ၂ ရဲစခန်းရှေ့တွင် ရပ်နားထားသော စစ်ကားပေါ်သို့ ဗုံးပစ်သွင်းမှု ဖြစ်ပွားပြီး ရဲ ၂ ဦးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိသွားသည်။ ယင်းနောက် စစ်ကောင်စီအုပ်စုက မိတ္တီလာမြို့ပေါ်အာရုံစိုက်နေစဉ် ကျေးရွာဘက်တွင်ကင်းလှည့်နေသော စစ်ကောင်စီတပ်သား ၂ ဦးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံးနေ ရာတွင် ပွဲချင်းပြီးသေဆုံး၍ G-3 တစ်လက်နှင့်ဆိုင်ကယ်တစ်စီးအား Zero Army မှ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အတူ မန္တလေးဘက်သို့ဦး တည်ကာ မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းအား အဝေးထိန်း မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ်နောက်မှီးနှင့်ခါးလည်ပိုင်းထိခိုက်သွား၍ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Zero Army အဖွဲ့၏ယနေ့ထုတ်ပြန်ချက်အရ သိရသည် ။
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်
=======================
ယနေ့အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် တောင်ဒဂုံမြို့နယ် စည်ပင်ရုံး အနောက်ဘက်ခြမ်းတွင် ဗုံးဖောက်ခွဲလိုက်ကြောင်း F2Y ကြောက်ရွံခြင်းကင်းမဲ့သောလူငယ်များအဖွဲ့က သတင်းထုတ်ပြန်သည်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်
===================
အောက်တိုဘာလ ၂၄ ရက်နေ့ ပခုက္ကူ မြို့ရှောင်လမ်းထိပ် သုံးခွစုံနေရာတွင် တောင်မြောက်လမ်း အရှေ့ဘက်ခြမ်း၌ ၂လုံး/ အရှေ့အနောက်လမ်း ညာဘက်ခြမ်း၌ ၂လုံး ဗုံးအစစ် ၄လုံး ထောင်ထားကာ လမ်းအလယ်ခေါင် တြိဂံ ပလပ်ဖောင်းပေါ်၌ “ငါလိုးမသား စောက်ရူးတွေ” စာထည့် ထားသော ဗုံးအတုကို Burmese Guerrilla Force & Seven PDF မှ ထောင်ထားကြောင်း၊ စစ်ကောင်စီတပ်များက ဗုံးအတုကို လာရောက်စစ်ဆေး ချိန်တွင် ဗုံးအစစ် ၄ လုံးခွဲခဲ့ရာ ၃ လုံးသာ ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်
========================
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ခရိုင်ရဲရုံးအဝင်တွင် ကင်းလှည့် စစ်ကားကို ကန့်ဘလူစွန်ရဲအဖွဲ့ကယနေ့ အောက်တို ဘာလ ၂၅ ရက်နေ့ ၁၀ နာရီ ၅၅ မိနစ်တွင် ဗုံးခွဲတိုက်ခိုက်ကြောင်း ၊ အသေအပျောက် အထိအခိုက် မသိရှိရသေးဟု ကန့်ဘလူစွန်ရဲအဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်
====================
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ် သုခ မှတ်တိုင်အနီးရှိ အုပ်ချုပ်ရေးရုံးတွင် ဗုံးနှစ်လုံးဆင့်ပေါက်ကွဲပြီး ထိခိုက်မှု မရှိကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်
==============================
မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်၊ စံပယ် ၁ လမ်းတွင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံထားရသူ မြင့်လွင်၏နေအိမ်တွင် ဗုံးပေါက်ကွဲပြီး လူထိခိုက်မှုမရှိကြောင်း ၊ ကားတစ်စီးနောက်ပိုင်းထိမှန်ပျက်စီးကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်
=========================
စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ခြမ်း၊ ကျောက်ပုထိုးဒေသတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးဖြင့် ဒေသ ကာကွယ်ရေးတပ်က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်
====================
မုံရွာမှစစ်ကိုင်းသို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာလ ၂၅ရက် ယနေ့နံနက် ၈နာရီ အချိန် မြင်းမူမြို့နယ် နဘဲကြူးကျေးရွာနှင့် ပျော့ရွာကြားတွင်GTR MMU နှင့် MMUF မှညီအကိုများပူးပေါင်း မိုင်းခွဲတိုက်ခိုက်ကြောင်း၊ မိုင်း ၅လုံးကွဲခဲ့ပြီး စစ်ကောင်စီကားတစီး ထိခိုက်ကြောင်း၊ စစ်ကောင်စီတပ်မှ ကျန်ကား၃စီးပေါ်မှပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ်
===================
မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် Myaing PDFသည် အောက်တိုဘာလ ၂၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် လင်းကတော လမ်းဆုံဂိတ်ရှိ ရဲကင်းအား ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဆားလင်းကြီး PDF နှင့် ပူးပေါင်း၍ ဆားလင်းကြီးရဲစခန်းကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်
========================
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယနေ့အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် တန့်ဆည်ရဲစခန်းမှ ဆိုင်ကယ် ၄ စီး၊ ကား ၂ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်များကို တန့်ဆည် PDF က မိုင်းခွဲတိုက်ခိုက်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်
======================
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းတွင် ယနေ့ မွန်းလွဲ ၂ နာရီ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ အောင်မင်္ဂလာ အဝေးပြေးကားကွင်းတနင်္သာရီလမ်းနှင့် ဒနင်းရုံးချောင်းလမ်းထောင့်ရှိ ဂိတ် (၂) အနီးသန့်စင်ခန်းဘေးနေရာ၊ တောင်ကြီးလမ်းနှင့် အောင်မင်္ဂလာလမ်းထောင့်မှာရှိတဲ့ အ မှိုက်ပုံဘေးတို့တွင် ပေါက်ကွဲမှု များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်
=========================
ယနေ့အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်း မရမ်းကုန်းမြို့နယ် တရားရုံး ဗုံးပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်
========================
ယနေ့ အောက်တိုဘာ ၂၅ရက် ညနေပိုင်းအချိန်တွင် အောင်ပန်းမြို့ မြို့မရဲစခန်းအနီး လမ်းထောင့်ရှိ ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေသော စစ်ကောင်စီတပ် သားတစ်ဦးကို ကလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLTPDF)မှ ရဲဘော်တစ်ချို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ချက် ကောင်းကိုထိမှန်သဖြင့် ပစ်ခတ်ခံရသူ စစ်သားမှာ ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်
========================
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ညောင်လှရဲကင်းစခန်းကို အောက်တို ဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် ဒေသခံ ကာကွယ်ရေးတပ်က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။khit thit
Like this:
Like Loading...