ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာ အုပ်ချုပ်ရေးမှူးသေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊  ပုသိမ်ကြီးမြို့နယ် ၊  ကြာနီကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးကို   ဒေသ ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့  ပူးပေါင်းပြီး ယနေ့  အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် သုတ်သင် လိုက်ကြောင်း ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု ( Patheingyi Revolution Force – PRF) က သတင်းထုတ်ပြန်သည်။

PRF  နှင့် မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ (Urban Guerrilla Special Force-UGSF) တို့  ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးတင်စိုးသည် စစ်ကောင်စီအလိုကျ သတင်းပေး ဒ လန် လုပ်နေသည်ကို  တွေ့ရခြင်းကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်း ဖြစ်သည်ဟု PRF တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“သတင်း  တိကျသေချာမှ ရှင်းလင်းသုတ်သင်တာပါ” ဟု  ၎င်းက ဆိုသည်။

”  ဒလန်တင်စိုးအား ကျွန်ုပ်တို့ညီနောင်အဖွဲ့မှ ယနေ့အောက်တိုဘာ ၂၆ ရက် မနက် ၈ နာရီခန့်က အပြစ် ပေး သုတ်သင် ရှင်းလင်းလိုက်သည်။

ထိုနည်းတူ ဖက်ဆစ်အကြမ်းဖက်  စစ်တပ်နှင့်  ပတ် သက် ဆက်နွှယ်နေသည့်  အုပ်ချုပ်ရေးမှူးများ၊ ဒလန်များနှင့်  စစ်ကောင်စီ ထောက်တိုင်များအား ပြင်းထန်စွာ  အပြစ်ပေးသွားမည်  ဖြစ်သည် ” ဟု PRF ၏  သ တင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုသိမ်ကြီးမြို့နယ်၊  မြောက်တံတိုင်းရှည် ကျေးရွာမှ စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှူး  ဦးမြင့်နိုင် ဆိုသူသည်လည်း ယမန်နေ့  အောက်တိုဘာ ၂၅ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s