မုံရွာမြို့ပေါ် ဆည်မြောင်းရုံးနှင့်ရဲမှူးကားကို မဟာမိတ်၄ဖွဲ့က ရှော့တိုက်ဒုံး၊ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီး၊ စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ရှိ ဆည်မြောင်းရုံးနှင့် ရဲမှူးတစ်ဦး၏ ကားကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် မဟာမိတ်၄ဖွဲ့က ရှော့တိုက်ဒုန်း၊ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့လိုက်သဖြင့် စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
မုံရွာမြို့ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်နှင့်သန်းကု ဋေအောင်ဆီဆိုင်အနီးတွင်ရှိနေသည့် ရဲမှူး၏ဂျစ်ကားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ဂျစ်ကားမှာ အစိတ် စိတ်အမွှာမွှာ ကြေမွပျက်ဆီးသွားကြောင်း သိရှိရသည်။
အလားတူ မုံရွာမြို့ပေါ်ရှိ ဆည်မြောင်းရုံးကို PDF-South Monywa ၊ Monywa Night King ၊ Monywa Heroes Group ၊ Monywa UG Group တို့က ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်သားတစ်ဦး လက်မောင်းစုတ် ပြတ်ဒဏ်ရာရရှိခဲ့ပြီး ဆည် မြောင်းရုံးအတွင်းမှ သေနတ်ပစ်ဖောက်ခြောက်လှန့်နေကြောင်း သိရှိရသည်။khit thit