မြောင်းမြထောင်၌ မတရား ဖမ်း ဆီး ခံထားရသည့် အမျိုးသား သေ ဆုံး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အကျဉ်းထောင်တွင် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့်မတရား ဖမ်းဆီးထားသော အသက် ၆၈ နှစ်အရွယ် ဦးအင်ဟုတ်သည် ယ နေ့ အောက်တိုဘာလ ၂၆ ရက်တွင် သေဆုံးသွားကြောင်း မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဝေလင်းအောင်က ပြောသည်။
“ပုဒ်မ ၅၀၅ တွေ ပြန်လွှတ်ပေးချိန်မှာ ပါလာမယ် ထင်ပြီး မပါခဲ့ဘူး။ အခုသူ့ကို စစ်ကောင်စီက ဖမ်းဆီးထားတာမှာ ၁၄၆ ရက်မြောက်နေ့ ဖြစ်ပါတယ်။ ထောင်အ တွင်းမှာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ မရရှိတာကြောင့် အခုလိုဖြစ်ခဲ့ရတာပါ။ သူ့ကို မတရား ဖမ်းဆီးခဲ့သူတွေဟာ ဒီဖြစ်စဉ်ကို တာဝန်ခံရမယ်။ ကျွန်တော် ရရှိထားတဲ့ သတင်းအရ ဆေးရုံကို ပို့တဲ့အချိန်မှာ အ သက် မရှိတော့ဘူး။ သူ့ကို ဝင်ရောက် ဖမ်းဆီးချိန်မှာလည်း လေးခွတစ်လက်က လွဲလို့ ဘာမှ မိခဲ့တာ မ ဟုတ်ဘူး”လို့ ၎င်းက ပြောသည်။
ဦးအင်ဟုတ်သည် ယနေ့ နံနက်ပိုင်းတွင် ထောင်အ တွင်း မူးလဲခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ် အ သက်ဆုံးပါး ခဲ့ခြင်း ဖြစ်သည်။
ဦးအင်ဟုတ်သည် မြောင်းမြမြို့ နယ်၊ ညောင်ခြေ ထောက် ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအိမ်တွင် နေသော အိမ်ငှားများက ဖောက်ခွဲရေး လုပ်သည်ဆိုသော စွပ် စွဲချက်ဖြင့် စစ်ကောင်စီတပ်များက လာရောက်ရှာဖွေရင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။mizzima