ခရမ်းစစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းခံရ

ခရမ်းမြို့နယ် ဒေးပေါက်လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၇ မနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက်က ရဲတစ်ဦး၊ စစ်သားတစ်ဦး သေဆုံးသွားခဲ့ပြီး ရဲတစ်ဦး၊ စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက် ၈ နာရီမထိုးခင်က ဗုံးနှစ်လုံးပေါက်တယ်။ ရဲတစ်ယောက်၊ စစ်သားတစ်ယောက်သေတယ်။ နောက်ရဲတစ်ဦးရယ်၊ စစ်သားတစ်ယောက်ရယ် ဒဏ်ရာရတယ်။ တစ်ယောက်က ခြေထောက် ဖြတ်ရမယ့်အနေအထားရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် သေနတ်သံများကြာရပြီး အနီးနားဝန်းကျင်မှာ စုံစမ်းစစ်ဆေးတာတွေပြုလုပ်ကာ ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ခရမ်းမြို့နယ် ဒေးပေါက်ဂိတ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွ‌ မနက် ၇ နာရီကစပြီး ည ၈ နာရီအထိ ထောက်ခံစာစစ်ဆေးတာတွေ ပြုလုပ်နေတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s