Monthly Archives: Oct 2021

မြန်မာစစ်ကောင်စီကို ထောက်ထားမှုလုံးဝမပြခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး 

မြန်မာနိုင်ငံကိုယ်စားပြုသူ မပါဝင်သည့် အာဆီယံထိပ်သီးအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ယနေ့ (အောက်တိုဘာ ၂၆) စတင်ကျင်းပရာ ယနေ့ဆွေးနွေးမှုအပြီး ထုတ်ဖော်ပြောဆိုချက်များအရ အာဆီယံခေါင်းဆောင်များက မြန်မာစစ်ကောင်စီအပေါ် ထောက်ထားသက်ညှာဟန် မပြခဲ့ကြပေ။

အောက်တိုဘာ ၂၈ အထိ ကျင်းပပြုလုပ်သွားမည့် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီးတွင် စစ်ကောင်စီကို ဆက်လက်ဖိအားပေး အရေးယူနိုင်ရေး မည်သို့သောရလဒ်မျိုးထွက်ပေါ်လာမည်ကို ခန့်မှန်းရခက်သော်လည်း ယနေ့တွင် စစ်ခေါင်းဆောင်များဘက်မှ ရပ်တည်ထောက်ခံဆွေးနွေးသူ မရှိခဲ့ပေ။ 

ထိပ်သီးအစည်းအဝေးတွင် မြန်မာမပါဝင်ခြင်းသည် အာဆီယံအပြစ်မဟုတ်ဘဲ မြန်မာဘက်က သူ့အခွင့်အရေးသူစွန့်လွှတ်ခဲ့ခြင်းသာဖြစ်သည်ဟု ယနေ့ အာဆီယံထိပ်သီးအစည်းအဝေးတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောဆိုခဲ့သည်။

“မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး” ဟု လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။ 

လက်ရှိအနေအထားအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာကိုယ်စားပြုသူမရှိဖြစ်ပေါ်လာနိုင်ကြောင်း၊ ဤသည်မှာ အာဆီယံက လုပ်ဆောင်ခြင်းမဟုတ်ဘဲ မြန်မာစစ်ခေါင်းဆောင်များဘက်က တာဝန်ရှိမည့်အနေအထားလည်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ 

အဖွဲ့ဝင်နိုင်ငံများကြား ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကိုင်စွဲထားသည့် အာဆီယံသမိုင်းတွင် မြန်မာစစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ရောက်ခွင့်မပြုသည့် ရှားရှားပါးပါးဆုံးဖြတ်ချက်အပေါ် အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာက ထောက်ခံအားပေးခဲ့သော်လည်း မြန်မာစစ်ကောင်စီက ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည်။

အာဆီယံအစည်းအဝေးတက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ကို ဖိတ်ကြားခဲ့ခြင်းသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံ့အကြီးအကဲ့ သို့မဟုတ် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဖိတ်ကြားမှသာ လက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ညတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နိုင်ငံတကာဖိအားများလာချိန် ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာ့အရေးကြားဝင်ဆောင်ရွက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အာဆီယံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးကျင်းပခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည့် ထိုအာဆီယံအရေးပေါ်အစည်းအဝေးတွင် ဖမ်းဆီးအကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ အာ ဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရေး စသည့် အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။ 

သို့သော် မကြာသေးမီက မြန်မာသို့ လာရောက်ရန် စီစဉ်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အစရှိသောသူများနှင့် ပေးမတွေ့နိုင်ကြောင်း စစ်ကောင်စီက တုံ့ပြန်ခဲ့သဖြင့် ထိုအာဆီယံသဘောတူညီချက်များ ရှေ့မရောက်ဖြစ်ခဲ့သည်။ 

အကျိုးဆက်အားဖြင့် အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်ဖြစ်ထွန်းမှုအားနည်းသည်ဆိုကာ ထိပ်သီးအစည်းအဝေးသို့ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးဦးကိုသာ ဖိတ်ကြားရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့်မပေးရန် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း၏ ဆုံးဖြတ်ချက်ကို အပြည့်အဝထောက်ခံကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri က ယနေ့အစည်းအဝေးအပြီးတွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။ 

မြန်မာစစ်တပ်အနေဖြင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် အမြန်ဆုံး ပြည့်ပြည့်ဝဝပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း စင်ကာပူဝန် ကြီးချုပ် လီရှန်လုံးကလည်း ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားထားသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း စင်ကာပူနိုင်ငံက အစောပိုင်းကတည်းက ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုရက်ပိုင်းတွင်လည်း အမေရိကန်ထိပ်တန်းအရာရှိများကို လက်ခံတွေ့ဆုံကာ မြန်မာစစ်ကောင်စီကို ဖိအားပေးအရေးယူနိုင်ရေး ဆွေး နွေးမှုများရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို တရားဝင်ခေါင်းဆောင်များအဖြစ် သဘောထားရှိကြောင်း၊ အာဏာသိမ်းစစ်တပ်ကို အစိုးရတစ်ရပ်အနေဖြင့် အသိအမှတ်မပြုနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ယမန်နေ့တွင် Nikkei Asia သတင်းဌာနက ရေးသားခဲ့သည်။ 

ထို့ပြင် အာဆီယံ၏ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ပြဿနာများကို မဖြေရှင်းဘဲ ဖုံးကွယ်ထားရာတွင် တံတိုင်းအဖြစ် မကျင့်သုံးသင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးအပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောဆိုခဲ့သည်ဟု Nikkei သတင်းက ဆိုသည်။ 

ယနေ့ စတင်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မြန်မာ့အရေးသည် ပြည်တွင်းရေးသက်သက်မဟုတ်တော့ဘဲ ဒေသတွင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာနေသည်ကို အာဆီယံနိုင်ငံများက သဘောပေါက်လာပြီဖြစ်ကြောင်း၊ “မြန်မာ့အရေးကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တာက အာဆီယံရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေ” ကြောင်း ၎င်းက ဆိုသည်။ 

“အာဆီယံခေါင်းဆောင်တွေရဲ့ အချက် ၅ ချက်ပါတဲ့ ဘုံသဘောတူညီချက်ကို (၆) လတာ ကာလအတွင်း စစ်ကောင်စီခေါင်းဆောင်က လုံးဝဂရုမစိုက်ဘူး၊ အကောင်အထည်ဖေါ်ဖို့လဲ စိတ်မဝင်စားဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသာထင်ရှားနေပြီဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ထိရောက်တဲ့ ဖိအားပေးမှုမရှိပဲ စစ်ကောင်စီက ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ထိရောက်တဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုမျိုးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်”

“အာဆီယံအနေနဲ့လည်း နောက်တစ်ဆင့်တက်ပြီး စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို အသိအမှတ်မပြု၊ လက်မခံတဲ့အပြင် မြန်မာပြည်သူ လူထုရဲ့ စစ်မှန်တဲ့ ဆန္ဒသဘောထားကို ကိုယ်စားပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စားလှယ်တွေကို အစည်းအဝေးတွေမှာ တက်ရောက်ခွင်ပြုဖို့ လိုအပ်ပါတယ်” ၎င်းက ဆိုသည်။ 

ထို့ပြင် အာဆီယံနိုင်ငံများနှင့် NUG အမျိုးသားညီညွတ်ရေးအစိုးရတို့ ဆက်သွယ်မှုများရှိကြောင်း၊ NUG သည် မြန်မာပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး တိုင်းပြည်၏ ပြဿနာများအား မှန်မှန်ကန်ကန်ဖြေရှင်းချင်တဲ့ ဆန္ဒရှိသည်ကိုလည်း ထိုနိုင်ငံများက သဘောပေါက်နေပြီဟုလည်း ဦးမိုးဇော်ဦးက ဆိုသည်။ 

ယနေ့တွင် NUG အစိုးရက အာဆီယံနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဘိုလှတင့်ကို ခန့်အပ်ကြောင်း ကြေ ညာခဲ့သည်။ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ နေထိုင်လျက်ရှိသည့် အသက် ၆၃ နှစ်အရွယ် ဦးဘိုလှတင့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မိတ်ဆွေတစ်ဦးလည်းဖြစ်ကာ ၁၉၉၀ ပြည့်နှစ်က ပေါ်ပေါက်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ 

၁၉၆၁ ခုနှစ်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းတွင် မြန်မာနိုင်ငံက စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၉၇ ခုနှစ်တွင် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ ရှိလင့်ကစား အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။myanmar now

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က လက် နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၅ လုံးပျက် စီး၊ ပြည်သူများဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေး(ကသဲ)ကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၃ နာရီမှ ၄ နာရီ အထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာရှိ နေအိမ် ငါးလုံး ထိခိုက်ပျက်စီးသွားကြောင်း ကရင်နီအမျိုးသားကာကွယ် ရေးတပ်( KNDF – BO.3) မှထုတ်ပြန်ထားသည်။

ယင်းသို့ ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူများ လုံခြုံမှုမရှိတော့သဖြင့် ဘေးကင်းရာသို့ ပြောင်း‌ေရွှ့နေကြပြီး Free Burma Ranger အဖွဲ့သားများနှင့် KNDF- BO. 3 တပ်ရင်းမှ ရဲဘော်၊ ရဲမေများက ပါ၀င်ကူညီ ရွှေ့ပြောင်းပေးနေကြသည်။ mizzima

စစ်ကောင်စီ အပြစ်ရှာမှုကို ဒေါ်အောင်ဆန်းစုကြည် ကောင်းမွန်စွာ ထုချေ

ဖမ်းဆီးခံရပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်သည့် စာနှစ်စောင်ကို အကြောင်းပြု၍ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ)ဖြင့် စွဲဆိုခံထားရသည့် အမှုတွင် စစ်ကောင်စီဘက်မှ အပြစ်ရှာသမျှကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကောင်းမွန်စွာ တုံ့ပြန်နိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်လှစ်ထားသည့် တရားခွင်တွင် ထိုအမှုကို ယနေ့(အောက်တိုဘာ ၂၆) စစ်ဆေးစဉ် အပြစ်မရှိကြောင်း တစ်ပါးသူက သက်သေထွက်လျှင် စစ်ကောင်စီ၏ ရန်ငြိုးဖွဲ့ခြင်းခံရမည်စိုး၍ ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုယ်ကို သက်သေအရာထား၍ ထုချေခြင်းဖြစ်သည်။

“တရားလိုဘက်က ဥပဒေအရာရှိတွေ မေးတဲ့မေးခွန်းကို နားလည်တယ်။ ကောင်းကောင်းဖြေနိုင်တယ်။ အပြစ်မရှိကြောင်း ကောင်းကောင်းထုချေနိုင်ခဲ့ပါတယ်”ဟု ရှေ့နေတစ်ဦးက ပြောသည်။ 

၎င်းမှာ တရားခွင်အတွင်း ရှိမနေသော်လည်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ ကြားသိရသည့် အခြေအနေကို တစ်ဆင့်ပြန်၍ ပြောပြခြင်းဖြစ်သည်။

စစ်ကောင်စီဖွဲ့စည်းမှုနှင့် ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များမှာ တရားမဝင်ကြောင်း ဖေဖော်ဝါရီ ၇ နှင့် ၁၃ ရက်တွင် NLD က ထုတ်ပြန်သည့် စာနှစ်စောင်ကို အကြောင်းပြု၍ ထောင်ဒဏ်နှစ်နှစ် အမြင့်ဆုံးချနိုင်သည့် ထိုပုဒ်မဖြင့် စစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။

ထိုအမှုတွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နည်းတူ အခြားသော NLD ပါတီခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်း အမှုဖွင့်ထားသည်။

သမ္မတ ဦးဝင်းမြင့် သက်သေထွက်သည့် အောက်တိုဘာ ၁၂ ရက် တရားခွင်တွင် ဖေဖော်ဝါရီ ၁၊ နံနက် ၅ နာရီခန့်က စစ်အရာရှိကြီး နှစ်ဦးရောက်လာ၍ ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ လက်မခံသဖြင့် ထိုစဉ်ကတည်းက ဖမ်းထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရင်ဆိုင်နေရသည့် ပုဒ်မ ၅၀၅ (က) အမှုမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုချေခဲ့သည်။

ထိုသို့ ထွက်ဆိုပြီးနောက်တွင် NLD ခေါင်းဆောင် သုံးဦးစလုံး၏ ငါးဦးပါ ရှေ့နေအဖွဲ့ဝင်အားလုံးကို စစ်ကောင်စီက ပြောရေးဆိုခွင့် ပိတ်ပင်လိုက်သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်မှ အသေးစိတ်ဖြစ်ရပ်များ သတင်းအမှောင်ကျသွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် အဂတိမှုများအပါအဝင် ပုဒ်မပေါင်း ၁၁ ခုဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ တရားသူကြီးတို့က ထိုတရားရုံးတွင် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တိုင်းတွင် လာရောက်စစ်ဆေးနေသည်။

ယနေ့စစ်ဆေးသည့် ပုဒ်မ ၅၀၅ (က) အမှုကို ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က ကိုင်တွယ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်တွင်  စွဲချက်တင်ထားပြီးဖြစ်သည်။

လာမည့် တစ်ပတ်ရုံးချိန်း နိုဝင်ဘာ ၂ တွင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်က ထိုအမှုနှင့် ပတ်သက်၍ ကိုယ်တိုင်ထုချေမည် ဖြစ် သည်။myanmar now

မြိုင်မြို့ဝင်စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့ တိုက်ခိုက်၊ ကျောက်ပန်းတောင်းက ဒလန် ၁ ဦး အသတ်ခံရ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့မှာ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ မြို့ဝင်စစ်ဆေးရေးဂိတ်ကို မြိုင် PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိသွာတယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့ ပုသိမ်မုံရွာလမ်းဆုံအနီးက ပခုက္ကူဘက်ကနေလာတဲ့ ​မြို့ဝင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒီကနေ့မ နက် ၉ နာရီကျော်လောက်က မိုင်း ၂ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“အဲဒီစစ်ဆေးရေး ဂိတ်မှာက အခါတိုင်းဆိုရင် အကြမ်းဖက်စစ်အုပ်စု ၁၀ ယောက်လောက် စစ်ဆေးတာဖြစ်ပြီးတော့ ဒီကနေ့မှာ ၃ ယောက်ထဲရှိတယ်လို့ကြားလို့ မိုင်းခွဲလိုက်တာဖြစ်တယ်။ ကျနော်တို့ ​မျက်မြင်တွေ့တာကတော့ အကြမ်းဖက်စစ်သား ၃ ယောက်အနက် ၂ ယောက်က မြေ ပြင်မှာလဲကျသွားပြီးတော့ သေနတ်တစ်ခြား ခန္ဓာကိုတစ်ခြား ဖြစ်သွားတယ်။”

အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီဂိတ်မှာ လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို တားဆီးပြီး လက်ကိုင်ဖုန်းတွေ၊ ပစ္စည်းတွေကို စစ်ဆေးကာ NLD ပါတီနဲ့ ပတ်သက်တာတစ်ခုခုတွေရင် ဖမ်းဆီးခံရတာတွေရှိလို့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မြိုင်မြို့ပေါ်မှာ PDF တပ်ဖွဲ့က အဲဒီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အခတစ်ကြိမ်နဲ့ ဆိုရင် ၂ ကြိမ်မြောက် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြိုင်မြို့နယ်က မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်နဲ့ ဆက်နွယ်တဲ့နေရာတွေ ရဲစခန်းတွေကို ရှောင်ရှားကြဖို့နဲ့ အဲဒီနေရာတွေမှာ ပြည်သူတွေရှိနေတာကြောင့် တိုက်ခိုက်တာတွေ မပြုလုပ်ဘဲ နောက်ဆုတ်ခဲ့ရတာတွေရှိတာကြောင့် PDF တွေကို ကူညီတဲ့အနေနဲ့ စစ်အုပ်စုနဲ့ဆက်နွှယ်တဲ့ နေရာတွေကို မသွားလာကြဖို တိုက်တွန်းထားပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာလည်း အောက်တိုဘာလ ၂၆ ရက်နေ့ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ သတင်းပေးဒလန်တစ်ယောက်ကို ညီနောင်မဟာမိတ် ပြောက်ကျားတပ်ဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး ပစ်သတ်ခဲ့တယ်လို့ ကျောက်ပန်းတောင်း 21-ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

မနေ့ ညနေ ၃နာရီခွဲလောက်က စစ်ကောင်စီသတင်းပေး ဒလန်အကြီးစားလို့ သတ်မှန်ခံထားရတဲ့ ဌေးလှိုင်ကို ကျောက်ပန်းတောင်း 21-ပြောက် ကျားတပ်၊ မြင်းခြံ 21-ပြောက်ကျားတပ်၊ တောင်းသာ TTA-ပြောက်ကျားတပ်နဲ့ မလှိုင်-UGFM တပ်ဖွဲ့တို့ ပူးပေါင်းပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ဒလန်ဌေးလှိုင်ဟာ CDM ဆရာ၊ဆရာမတွေကို ကျောင်းကစာရွက်စာတမ်းတွေကို မီးရှို့တယ်ဆိုပြီးတော့ ဖမ်းခိုင်းသလို အဖမ်းခံရတဲ့အထဲမှာ ကလေး ၁၀ လသားအရွယ်ရှိတဲ့ ဆရာမတစ်ယောက်လည်းပါသွားပြီးတော့ စစ်ကောင်စီနဲ့ပူးပေါင်းကာ ရွာသားတွေကို နည်းပေါင်းစုံနဲ့ ဒုက္ခပေးတာကြောင့် သုတ်သင်ခဲ့တာလို့ဆိုပါတယ်။

အဲဒီ ဒလန်ကို သွားရောက် ပစ်ခတ်တဲ့အချိန်မှာ ဓားမကိုင်ပြီးတော့ ထွက်ပြေးတာကြောင့် ညီနောင်မဟာမိတ်အဖွဲ့တွေက သေနတ် ၂ လက်နဲ့ အ ချက် ၂၀ လောက် ပစ်ခတ် သုတ်သင်ခဲ့ရတယ်လို့ပြောပါတယ်။DVB

ကိုဝေမိုးနိုင်ကို ကားဖြင့် တိုက်ဖမ်းခဲ့သည့် စ ခန်းမှူး ဦးမြင့်ဆွေပါ ရဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာမြို့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့် တိုက်ဖမ်းခဲ့သည့် စခန်းမှူး ဦးမြင့်ဆွေနှင့် ရဲသား ၁၀ ဦး မောင်းနှင်လာသော ဆိုင်ကယ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု Kanbalu Underground Warriors (KBU-UG) အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက် ၈နာရီ မိနစ်၃၀ တွင် ကန့်ဘလူမြို့နယ်၊ ရီးဒွေးကျေးရွာ အနောက်ဘက်လမ်း၌ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စခန်းမှူးဦးမြင့်ဆွေနှင့် ရဲအဖွဲ့ က ယမန်နေ့ အောက်တိုဘာ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သော ရီးဒွေးရွာ လူသတ်မှုကို လာရောက်စစ်ဆေးပြီး အပြန်တွင် ယခုကဲ့သို့ မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်ဟု KBU-UG အဖွဲ့ တာဝန်ရှိသူက ဆိုသည်။ ” ဆိုင်ကယ်တန်းကို လက်လုပ်မိုင်း သုံးလုံး အသုံးပြုပြီး ခွဲလိုက်တာ။ စခန်းမှူး၊ ရဲတပ်သား အောင်နိုင်လင်းနဲ့ နောက်ရဲတစ်ယောက် မြောက်တက်သွားတာကို တွေ့လိုက်ရတယ်။ အကျအဆုံးတော့ ခုထိ သတင်းမရသေးဘူး” ဟု ၎င်းက ပြောသည်။

မိုင်းခွဲခံရပြီးနောက် နံနက် ၉ နာရီတွင် ကန့်ဘလူမြို့ ကုတင် ၁၀၀ ဆေးရုံမှ လူမှုကူညီရေးကားသည် အဆိုပါ ရဲတပ်ဖွဲ့ကို လာရောက် ခေါ်ဆောင် သွားကြောင်း သတင်းရင်းမြစ်က ပြောသည်။တိုက်ခိုက်မှုအပြီး နံနက် ၁၁ နာရီကျော်တွင် အင်အား အယောက် ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်သားများနှင့် ဒေသခံပျူစောထီးအဖွဲ့တို့ ပူးပေါင်းကာ ရီးဒွေးရွာရှိ နေအိမ် ၁၀ လုံးကို မီးရှို့သွားကြောင်း နောက်ဆက်တွဲ သတင်းရရှိသည်။

စခန်းမှူးဦးမြင့်ဆွေသည် မုံရွာ အမှတ် ( ၂ )ရဲစခန်း စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က မုံရွာ သပိတ် ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့် တိုက်ဖမ်းခဲ့ပြီး မေလတွင် ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းရွာ နယ်မြေရဲစခန်းသို့ တာဝန်ပြောင်းရွှေ့ ထမ်းဆောင်နေခြင်း ဖြစ်သည်ဟု ဒေသ ခံများက ပြောသည်။

ရီးဒွေးရွာရှိ ပျူစောထီး ဒလန်ဟု သတ်မှတ်ခြင်း ခံထားရသူ အသက် ၃၆ နှစ် အရွယ် ကိုပူတူးကိုလည်း ယမန်နေ့ အောက် တိုဘာ ၂၆ ရက် ည ၉ နာရီမိနစ် ၃၀ တွင် KBU-UG အဖွဲ့ဝင် ၁၀ ဦးက နေအိမ်အထိ သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားရာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သ တင်းရင်းမြစ်က ဆိုသည်။ mizzima

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီရဲယာဉ်တန်းနှင့် စက်ရုံတစ်ရုံ တိုက်ခိုက်ခံရ၊ ရဲကား ၂ စီး ပျက် စီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် မုံရွာ – ပုသိမ်လမ်း ကြီးကိုင်းရွာလမ်းခွဲတောင်ဘက်မှာ မုံရွာဘက်ကို လာတဲ့ စစ်ကောင်စီရဲယာဉ်တန်း အောက် တိုဘာ ၂၆ ရက် ညနေ ၄ နာရီ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲယာဉ်တန်း ၃ စီးကို Triple Two အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းကာ မိုင်း ၁၈ လုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲကား ၂ စီး ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

“သူတို့က မုံရွာကိုသွားတာ ဒီဘက်ဆားလင်းကြီးနယ်ကနေ။ ကျနော်တို့ကလမ်းမှာ စောင့်နေတာ သူတို့လဲလာရော မိုင်း ၁၈ လုံး ခွဲပြီးတိုက်တာ။ ၃ စီးမှာ ပထမတစ်စီးကတော့လွှတ်သွားတယ်၊ ၂ စီးကတော့ စုတ်ပြတ်သတ်ပြီး အဲ့နေရာကနေ မထွက်ခွာနိုင်ဘူး။ နောက်ပြီး ဒုတိယရဲကားထဲမှာ ဘုန်ကြီးပါတယ်လို့လည်း သိရတယ်။ ဒါပေမယ့် အတည်မပြုနိုင်သေးဘူး” လို့ Triple Two အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လှတျသှားတဲ့ ရဲကားပေါျမှ ရဲတပျသားတှကေ ကားပေါျကနေ ရမျးသမျးပစျခတျခဲ့ပွီး စစျကောငျစီတပျသားမြားရဲ့ ထိခိုကျမှုကို လတျတလော မသိရှိရသေးပမေယျ့ ဒသေခံကာကှယျရေးတပျဖှဲ့တှအေနနေဲ့ ထိခိုကျဒဏျရာရတာ မရရှိဘူးလို့ သိရှိရပါတယျ။ေ

အလားတူ မုံရွာမြို့၊ သလ္လာရပ်ကွက်မှာရှိတဲ့ ထွန်စက်စက်ရုံကို အောက်တိုဘာ ၂၆ ရက် ည ၉ နာရီအချိန်ခန့်က ဗုံးပစ်တိုက်ခိုက် ခံခဲ့ရတယ်။

ဗုံးပစ်ခံရတဲ့စက်ရုံဟာ ပြည်သူ့ဘက်က မရပ်တည်တဲ့အပြင် စစ်ကောင်စီကို သတင်းပေးနေတဲ့အတွက် PDF-South Monywa က လက်ပစ်ဗုံးပစ်ထည့် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီလိုဗုံးပစ်တိုက်ခိုက်ခဲ့တဲ့အတွက် ထွန်စက်စက်ရုံအတွင်းမှာ ပစ္စည်းထိခိုက်မှုရှိပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ဗုံးပစ်တိုက်ခိုက်ခံရပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။DVB

အင်းလျားကန်ပန်းခြံရှေ့ ယာဥ်ထိန်းရဲကင်းတွင် ဗုံးကွဲ

ရန်ကုန်၊ ပြည်လမ်းမ၊ အင်းလျားကန်ပန်းခြံရှေ့၊ ကန်လမ်းမျက်နှာချင်းဆိုင်ဘက်ခြမ်းရှိ ယာဉ်ထိန်းရဲကင်းရုံးမှာ အောက်တိုဘာ ၂၇ ရက်  ဒီနေ့မနက်အစောပိုင်းက ဗုံး၂ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“မနက် ၈ နာရီမထိုးခင်က အင်းလျားကန်ဘောင်မှာ ဗုံးနှစ်လုံးတွေ့တယ်လို့ ကြားတယ်။ စည်ပင်တွေ သန့်ရှင်းရေးလုပ်ရင်း တွေ့ကြတာဖြစ်မယ်။ နောက်မကြာဘူး နှစ်လုံး စကွဲသံ ကြားရတော့တာပဲ” လို့ ဒေသခံက ပြောပါတယ်။

အဆိုပါ ဗုံးကွဲမှုကြောင့် လူတွေ ထိခိုက် ဒဏ်ရာရတာ ရှိ၊ မရှိတော့  မသိရသေးသလို  ဗုံးခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာလည်း ကြေညာတာ မတွေ့ရသေးပါဘူး။ 

ဗုံးပေါက်ပြီးမကြာခင် ကန်ဘောင်နားတဝိုက်ကို စစ်ကောင်စီတပ်က  စစ်ကားနဲ့ ရဲကားတွေ ရောက်လာပြီး  နယ်မြေရှင်းလင်း၊ စစ်ဆေးရှာဖွေနေပါတယ်။

ဒါ့အပြင် ပြည်လမ်းမတလျှောက်  လုံခြုံရေး တင်းကျပ်စစ်ဆေးရေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။DVB

ဒေါပုံမြို့နယ်၊ လျှပ်စစ်မီတာရုံးတွင် အသံဗုံး ၄ လုံးကွဲ၊ လူထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်များ ရောက်ရှိလာ၍ မီတာဆောင်သူများအား လုံး ထွက်ပြေးရ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် အသံဗုံး ၄ လုံးကွဲပြီး လူထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်း ဖြင့်ရောက်ရှိလာ၍ မီဆောင်နေသူများအားလုံး ကြောက်လန့်တကြား ထွက်ပြေးကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မီတာရုံးမှာ ကွဲတာ။ အသံဗုံးပဲ။ မီတာဆောင်သူတွေနဲ့ နီးနီးနားနားမှာပဲ ကွဲတာ။ အသံဗုံးဆိုတော့ လူထိခိုက်မှုတော့ မရှိဘူး။ ဗုံးကွဲပြီးတော့ ပြေးရသလို စစ်ခွေးတွေ လာလို့လည်း ပြေးကြတယ်။ မီတာမဆောင်စေချင်လို့ ဖောက်တာထင်တာပဲ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်များက လမ်းများကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုကြသည်။အလားတူ ဒေါပုံမြို့ နယ် ရဲစခန်းအနီးတွင်လည်း ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ပြောဆိုကြသည်။khit thit

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်း ပစ် ခတ်မှု ရပ်ဆိုင်းပေးရန် ရှမ်းသံဃာနှင့်ပြည်သူ များ တောင်းဆို

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပြီး ပြဿနာကို ဆွေးနွေးညှိနှိုင်း အဖြေရှာဖြေရှင်းဖို့ သျှမ်းပြည်သံဃာနဲ့ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ 

ရှမ်းပြည်နယ်ထဲမှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်တဲ့ SSPP/SSA နဲ့ RCSS/SSA တို့အပြင်   မဟာမိတ်တပ်တွေလည်း ပါဝင်ပြီး လတ်တ လော တိုက်ပွဲတွေ ကျယ်ပြန့်ကြီးမားလာတာကြောင့် ရှမ်းပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်ခံနေကြရတာပါ။

SSPP/SSA နဲ့ RCSS/SSA တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစ ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ နမ္မတူ၊ နမ့်လန် နဲ့ ကျောက်မဲမြို့နယ်တွေမှာ တိုက်ပွဲစဖြစ်ခဲ့ပြီး ဒီနှစ်ထဲမှာတော့ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီးမြို့နယ်တွေမှာ ကူးစက်လာကြောင်း၊ ဒေသတွင်းရှိ ရဟန်းသံဃာနဲ့ ပြည်သူတွေဟာ စဉ်ဆက်မပြတ် စစ်ဘေးရှောင်နေရပြီး ၂၀၂၁ ခုနှစ်ထဲမှာတင် ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရှောင်ပြည်သူ ၂၅၅၇ ဦးနဲ့ တောင်ပိုင်းမှာ ၇၀၀၀ လောက်ရှိနေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

ါ့အပြင် ကိုဗစ် – ၁၉ ကပ်ရောဂါပါ ပြင်းထန်စွာ ဆိုက်ရောက်လာတာကြောင့် ကျန်းမာရေး၊ စားဝတ်နေရေး ပြဿနာ အခက်အခဲမျိုးစုံ နဲ့ရင် ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲမှာ ပြည်သူတွေရဲ့ အိုးအိမ်တွေ မီးရှို့ခံရတာ၊ ဘာသာရေးအဆောက်အဦတွေ ထိပါးတာ၊ တချို့စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ခြိမ်း ခြောက်ခံရတာရှိပြီး အသက်အန္တရာယ်စိုးရိမ်ရလို့ နေရပ်မပြန်ရဲဘဲ အိုးအိမ်စွန့်လွှတ်ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း၊ တိုက်ပွဲအကျိုးဆက်ကြောင့် အမျိုးသားရေးကို သာမက လူ့အခွင့်အရေးနဲ့ ဌာနေတိုင်းရင်းသားအခွင့်အရေးကိုပါ ဆိုးရွားစွာ ထိခိုက်နေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မိဘပြည်သူတွေရဲ့ ကောင်း ကျိုးနဲ့ အမျိုးသားရေးကို စောင့်ရှောက်ငှဲ့ကွက်ခြင်းအားဖြင့် တိုက်ပွဲတွေအမြန်ဆုံးရပ်တန့်ပြီး တပ်ဖွဲ့ကြားက ပြဿနာတွေကို အမြန်ဆုံး ဆွေးနွေးညှိနှိုင်းအဖြေရှေ ဖြေရှင်းကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ရှမ်းလက်နက်ကိုင်ချင်း တိုက်ခိုက်မှုတွေရပ်စဲဖို့ သံဃာနဲ့ ပြည်သူတွေဟာ ဟိုယခင်ကတည်း ကလည်း အကြိမ်ကြိမ်ထုတ်ပြန်တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် ကိုယ့်အဖွဲ့နဲ့ကိုယ်သာ တောင်းဆိုကြပြီး ဒီတကြိမ်ကတော့ ရှမ်းပြည်နယ်တဝှန်း မြို့နယ်ပေါင်း ၄၀ ကျော်က သံဃာနဲ့ပြည်သူတွေ စုပေါင်းတောင်းဆိုကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် သံဃာနဲ့ လူထုကိုယ်စားလှယ်တွေလွှတ်ပြီး သက်ဆိုင်ရာတပ်ဖွဲ့တွေဆီ သွားရောက်စေ့စပ်ညှိနှိုင်းတာတွေ လုပ်ဆောင်သွားမယ်လို့  သျှမ်းပြည်သံဃာနဲ့ ပြည်သူငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒဝံသက ဒီဗွီဘီကို ပြောပါတယ်။ 

“သံဃာနဲ့ပြည်သူပူးပေါင်းတဲ့ဒီအဖွဲ့က ဖွဲ့ထားတာမကြာသေးတော့ အရင်ဆုံးထုတ်ပြန်ကြေညာတောင်းဆိုတယ်၊ နောက်တစ်ခါ ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ တပ်ဖွဲ့တွေဆီသွားပြီး ကိုယ်တိုင်တွေ့ဆုံညှိနှိုင်း ဆွေးနွေးစေ့စပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ အဲလိုလုပ်ဆောင်နိုင်ဖို့လည်း ဦးဆောင်ကော်မတီဝင်တွေက ဆက်ပြီး ဆွေးနွေးသွားကြမှာပါ။”

ကော်မတီအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့အခက်အခဲနဲ့ ရှမ်းပြည်တွင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုအတွက်လည်း ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ် ။ 

သျှမ်းပြည်သံဃာနဲ့ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ရှမ်းပြည်နယ်တွင်းရှိ  သံဃာတော်များအဖွဲ့၊ လူထုအခြေပြုအဖွဲ့နဲ့ ပြည်ပရောက် ရှမ်းအဖွဲ့အစည်းကိုယ်စားလှယ် စုစုပေါင်း ၁၂၄ ဦးနဲ့ အခုလ ၁၇ ရက်နေ့က ကော်မတီဖွဲ့စည်းခဲ့တာပါ။DVB

« Older Entries Recent Entries »