မင်းလှမြို့နယ်က စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် မိုင်းခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ထောက်ကြန့်အုပ်စု၊ထောက်ကြန့်ကျေးရွာရှိ စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ကို ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက် ၄ နာရီ ဝန်းကျင်တွင် မိုင်းဖောက်ခွဲခဲ့ကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MPDF)၏ တာဝန်ရှိသူက ပြောသည်။
“မနက်ကြီး အသံကအကျယ်ကြီးပဲကြားတယ်။ နောက်တော့ တာဝါတိုင်မိုင်းခွဲခံရတယ်တဲ့။ အခုတော့ စစ်တပ်ကလာပြီး စစ်ဆေးနေကြတယ် ”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောသည်။
မင်းလှမြို့နယ်တွင် ထို Mytel ဆက်သွယ်ရေးတာဝါတိုင် မိုင်းခွဲခံရသည်မှာ ယခုလအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ အုန်းနှံချောင်းရွာက Mytel ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။mizzima