မပခတပ်များ လုံခြုံရေးထူထူထပ်ထပ်ယူပေးသော တပ်ထောက်ခံပွဲ မြစ်ကြီးနားတွင်ကျင်းပ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတပ်များလုံခြုံရေးရယူပေးထားခဲ့သော အာဏာသိမ်းတပ်ထောက်ခံပွဲတစ်ခုကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့မှာ ဒုတိယအကြိမ်မြောက်အဖြစ်ပြုလုပ်တဲ့ အာဏာသိမ်းတပ်ထောက်ခံပွဲကို လူ ၂၀၀ နီးပါးပါဝင်ခဲ့ကြပြီး စစ်ဌာနချုပ်ဧရိယအ စပ်ဖြစ်သော အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် စုရပ်လုပ်ခဲ့ကာ မြို့သစ်ကြီးရပ်ကွက်တစ်ရပ်ကွက်ကိုသာလျှင် စီတန်းလှည့်လည်ပြီးအဆုံးသတ်ခဲ့သည်ကို တွေ့ရသည်။

စီတန်းလှည့်လည်နေချိန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ပေါင်းစုံလက်နက်ကိုင်များက လမ်းသွယ်လေးများကအစ လုံခြုံ ရေးရယူပေးခဲ့တဲ့အပြင်၊ မြစ်ကြီးနားလေဆိပ်သွားလမ်းကိုပါ ခေတ္တပိတ်ထားခဲ့သည်။

တပ်ထောက်ခံပွဲမှာ ” NUG၊ CRPH အလိုမရှိ၊ တပ်မ တော်ဖြိုခွဲသူ တို့ရန်သူ ၊ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်သော မြန်မာ့တပ်မတော်ကို ကြိုဆိုထောက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ကြိုဆိုထောက်ခံပါသည်” ဆိုတဲ့ ကြွေးကြော်သံများကို ပုံများနှင့်တကွကိုင်ဆောင်ပြီး လှည့်လည်ခဲ့ကြသည်။မြစ်ကြီးနားမြို့မှာ ပထမအကြိမ်တပ်ထောက်ခံပွဲကို အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဧရိယာအနီးတွင်သာ ပြုလုပ်ခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s