မဟာမြိုင် ရာအိမ်မှူး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးမြို့ကဆန္ဒပြပြည်သူများဖမ်းဆီးနိုင်ရေး စစ်တပ်သတင်းပေးလုပ်နေသူဟုဆိုသူရာအိမ်မှူးတစ်ဦး ယနေ့ညနေပိုင်းက သေနတ်ဖြင့်နှစ်ချက်ပစ်ခတ်ခံလိုက်ရကြောင်းသိရသည်။

“မဟာမြိုင်အပိုင်း(၅)ထဲကရာအိမ်မှူးသေနတ်ပစ်ခံရတာပါ၊ အိမ်ထဲ၀င်ပြီးခေါင်းကိုနှစ်ချက်တေ့ပစ်သွားတာတဲ့၊ အခုကဆေးရုံကားလာသယ်သွားပြီ၊ စစ်သားတွေရောက်နေလို့ ရပ်ကွက်ထဲ ဘယ်သူမှအပြင်မထွက်ရဲကြဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ မဟာအောင်မြေမြို့နယ် မဟာမြိုင်အပိုင်း(၅)ရပ်ကွက်မှ အသက် ၄၆ နှစ်အရွယ်ရာအိမ်မှူးဦးသက်နိုင်(ခ)ဆံရှည်ဖြစ်ကြောင်းစုံစမ်းသိရပြီး၊ ၄င်းသည် စစ်တပ်သတင်းပေးဒလန်၊ ဆန္ဒပြသူများအားလက်ထောက်ချနေသူဖြစ်ကြောင်း ဒေသခံများကဆိုသည်။

၄င်းအား ယနေ့ညနေ ၅ နာရီကျော်အချိန်ခန့်က ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားနေအ်ိမ်မှာပင် သေနတ်သမားနှစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပြီး၊ သေဆုံးမှုရှိမရှိနှင့်ပတ်သက်၍တော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။“စစ်တပ်လက်ကိုင် တုတ်ရာအိမ်မှူးဆံရှည်လို့နာမည်ကြီးနေတဲ့ကောင်ပါ၊

အိမ်ထဲမှာပဲခေါင်းကိုသေနတ်နဲ့နှစ်ချက်ပစ်ပြီး၀င်ရှင်းသွားတာပါ၊ ဘယ်အဖွဲ့ကသုတ်သင်သွားတယ်ဆိုတာ သတင်းထွက်လာမှာပါ” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။ဦးသက်နိုင်အား မည်သည့်အဖွဲ့အစည်းကပစ်ခတ်သွားသည်ဆိုတာနှင့်ပတ်သက်၍တော့ ယခုအထိတရား၀င် သ တင်းထုတ်ပြန်တာမတွေ့ရသေးဘဲ၊ အခင်းဖြစ်နေရာ၀န်းကျင်ကိုတော့ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က၀င်ရောက်မွှေနှောက်ရှာဖွေနေကြောင်းသိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s