ရှားတောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသော စစ်စခန်းတစ်ခုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီး


ကယား (ကရင်နီ) ပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား အဆိုပါဒေသရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တစ်ခုမှ အောက်တိုဘာလ ၂၄ ရက်တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် အောက်တိုဘာလ ၁၄ ရက်တွင် စခန်းအားစွန့်ခွာပြီး တပ်ဆုတ်သွားကြောင်း၊ စခန်းတွင်း မိုင်းများ ထောင်ထားခဲ့ကြောင်း၊ ဝင်ရောက် မီးရှို့သည့် PDF တပ်ဖွဲ့မှ မိုင်းများအား အန္တရာယ်မရှိ ဖြုတ်နိုင်ခဲ့ကြောင်း၊ စခန်းအား မီးရှို့ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် ကန္တာရဝတီတိုင်း(မ်) သတင်းတွင် ဖော်ပြသည်။
အဆိုပါ စစ်ကောင်စီစခန်းသည် လွိုင်ကော်-ရှားတော ကားလမ်းမကြီးဘေး အန္တရာယ်ကွေ့အနီးတွင် ရှိကြောင်း သိရှိရသည်။ရှားတောမြို့နယ်အတွင်း သံလွင်အရှေ့ဖက်ခြမ်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်းပေါင်း ၁၇ ခု ရှိကြောင်း သိရသည်။khit thit