Monthly Archives: Oct 2021

မန္တလေး ညသပိတ် “တောင်တန်းက မီးတွေ မြေပြန့်က နှလုံးသားတွေထိ လောင်ကျွမ်း ပူ လောင်ရပါတယ်” အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး ချီတက် ဆန္ဒပြ

khit thit

စစ်ကိုင်းနှင့် မကွေးဒေသရှိ PDF တပ်များအ တွက် ငွေကျပ်သိန်း ၂၂၀ ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ရရာလက်နက်စွဲကိုင် တော်လှန်နေကြတဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၁ ဖွဲ့အတွက် ငွေကျပ်သိန်း ၂၂၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒါဟာ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်း သားသမဂ္ဂတို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကနေ ၁၆ ရက် နေ့အထိ ၄ ရက်ကြာ ပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်မုန့်ဖိုးကမ်ပိန်းက ရရှိတဲ့ အလှူငွေတွေကို ခွဲဝေ ထောက်ပံ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် PayPal က ရရှိတဲ့ ထောက်ပံ့ငွေတွေနဲ့ ကျန်ရှိငွေအစွန်းထွက်တွေကိုလည်း ပြည် တွင်းကို လွှဲပြောင်းပြီးတာနဲ့ တပြိုင်နက်တည်း ပေးပို့ပေးသွားမှာဖြစ်ကာ ပါဝင်ပေးခဲ့ကြ တဲ့ ထောက်ပံ့ရေးတပ်သားတွေနဲ့အတူ ဆက်လက်ပြီးတော့ အကြမ်းဖက်စစ်တပ်ကို အ မြစ်ဖြတ်ဖို့ တတ် နိုင်သလောက် ထောက်ပံ့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လ တာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေ တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အ ရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင် စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၂၂၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၅၀၀ နီးပါး ရှိနေ တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အ ကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။DVB

ထန်တလန်မြို့ စစ်ဘေးရှောင်ပုံအမှား

ထန်တလန်မြို့မှ ထွက်ပြေးနေရတဲ့ ပြည်သူအများဆိုပြီး ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်ထက် ဒီမနက်ကစတင်လို့ ပြန့်နှံ့နေပါတယ်။အဆိုပါ သတင်းဓာတ်ပုံကို Ba U Mg ဆိုသည့်အကောင့်မှ စတင်ဖြန့်ဝေခဲ့တာကို တွေ့ရှိရပါသည်။

မဇ္ဈိမသတင်းမှားတိုက်ဖျက်ရေး အစီအစဉ်မှအဲ့ဒီ ဓာတ်ပုံကို စစ်ဆေးကြည့်ရာ The Guardian သတင်းဌာနမှ ၂၀၁၈၊ မေလ တုန်းက ကချင် ပြည်နယ်မှာ KIA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲအကြား စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေရဲ့ မှတ်တမ်းဓာတ်ပုံဖြစ်နေသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် လက်ရှိပြန့်နှံ့နေသည့် ဓာတ်ပုံမှာ ချင်းပြည်နယ် ထန်တလန်မှ ပြည်သူများ​၏ စစ်ဘေးရှောင်ပုံမဟုတ်ပဲ ပုံအဟောင်းတခုကို လက်ရှိကာလ စစ်ဘေးရှောင်နေရသဖွယ် ဖြန့်ဝေမှုဖြစ်သည်ကို တွေ့ရှိရပါသည်။mizzima

ပခုက္ကူမြို့နယ်၊ ပေါက်-ကျောက်ထုကားလမ်းပေါ်က ပန်းဆန်တံတား မိုင်းခွဲဖျက်ဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပေါက်-ကျောက်ထုကားလမ်းပေါ်ရှိ မဟာဗျူဟာအရ အရေးပါတဲ့ ပန်းဆန်တံတားကို အောက်တိုဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

ဒေသခံတဦးက ”တံတားကတော့ ထိခိုက်ပျက်ဆီးသွားပြီး ကားတွေတော့ ဖြတ်သန်းလို့ မရတော့ဘူးပေါ့” လို့ ပြောပြပါတယ်။

တံတားဗုံးခွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က  ပြုလုပ်တယ်ဆိုတာတော့ ထုတ်ပြန်ကြေညာထားတာတော့ မတွေ့ရသေးပါဘူး။

အခုရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ယောဒေသဘက်ကို စစ်တပ်အင်အားတွေ ထပ်မံ တိုးချလာနိုင်ကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရ ပါတယ်။DVB

ဖမ်းဆီးခံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ခေါင်းဆောင် ၁ ဦး မိသားစုနှင့် တွေ့ခွင့်မရသေး

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICF – TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို စစ်ကောင်စီက ဖမ်းဆီးထားတာ ၄ လ ကျော်တဲ့အထိ မိသားစုနဲ့တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

(MICF – TUsF) ချုပ်ရုံးကို စစ်ကောင်စီတပ်တွေက ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ဝင်ရောက်ရှာဖွေတာကြောင့် ကိုသက်နှင်းအောင်ဟာ တိမ်းရှောင်ခဲ့ပြီး ဇွန် ၁၈  ရက်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

အခုဆိုရင် ကိုသက်နှင်းအောင်ကို ဖမ်းဆီးထားတာ ၄  လကျော်ပြီဖြစ်ပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရတာကြောင့် မိသားစုဝင်တွေအပါအဝင် (MICF – TUsF) အနေနဲ့ လည်း စိုးရိမ်ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကိုသက်နှင်းအောင်ကို တောင်ဒဂုံမြို့နယ်မှာ တရားစွဲဆိုထားရာကနေ စစ်ခုံရုံးသို့ ပြောင်းရွှေ့စစ်ဆေးမယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး ဘယ်ပုဒ်မတွေနဲ့ တရားစွဲဆိုမယ်ဆိုတာကို စုံစမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ကိုသက်နှင်းအောင်ဟာ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်သဘောထားနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာတွေရှိပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်မဟုတ်သလို ဘယ်အကြမ်းဖက်လုပ်ရပ်မှ ပါဝင်ပတ်သက်တာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ကိုသက်နှင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICF-TUsF) က တောင်းဆိုလိုက်ပါတယ်။DVB

မပခတပ်များ လုံခြုံရေးထူထူထပ်ထပ်ယူပေးသော တပ်ထောက်ခံပွဲ မြစ်ကြီးနားတွင်ကျင်းပ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတပ်များလုံခြုံရေးရယူပေးထားခဲ့သော အာဏာသိမ်းတပ်ထောက်ခံပွဲတစ်ခုကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့မှာ ဒုတိယအကြိမ်မြောက်အဖြစ်ပြုလုပ်တဲ့ အာဏာသိမ်းတပ်ထောက်ခံပွဲကို လူ ၂၀၀ နီးပါးပါဝင်ခဲ့ကြပြီး စစ်ဌာနချုပ်ဧရိယအ စပ်ဖြစ်သော အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် စုရပ်လုပ်ခဲ့ကာ မြို့သစ်ကြီးရပ်ကွက်တစ်ရပ်ကွက်ကိုသာလျှင် စီတန်းလှည့်လည်ပြီးအဆုံးသတ်ခဲ့သည်ကို တွေ့ရသည်။

စီတန်းလှည့်လည်နေချိန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ပေါင်းစုံလက်နက်ကိုင်များက လမ်းသွယ်လေးများကအစ လုံခြုံ ရေးရယူပေးခဲ့တဲ့အပြင်၊ မြစ်ကြီးနားလေဆိပ်သွားလမ်းကိုပါ ခေတ္တပိတ်ထားခဲ့သည်။

တပ်ထောက်ခံပွဲမှာ ” NUG၊ CRPH အလိုမရှိ၊ တပ်မ တော်ဖြိုခွဲသူ တို့ရန်သူ ၊ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်သော မြန်မာ့တပ်မတော်ကို ကြိုဆိုထောက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ကြိုဆိုထောက်ခံပါသည်” ဆိုတဲ့ ကြွေးကြော်သံများကို ပုံများနှင့်တကွကိုင်ဆောင်ပြီး လှည့်လည်ခဲ့ကြသည်။မြစ်ကြီးနားမြို့မှာ ပထမအကြိမ်တပ်ထောက်ခံပွဲကို အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဧရိယာအနီးတွင်သာ ပြုလုပ်ခဲ့သည်။mizzima

ခင်ဦးမြို့နယ်၌ စစ်တပ်က နေအိမ်များကိုဝင်မွှေ၊ ဒီပဲယင်းမြို့နယ်၌ ငါးမျှားနေသူ ၁ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာကို အောက်တိုဘာ ၃၀ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက် လာပြီး ရွာသားတွေရဲ့  ရွှေ ငွေနဲ့လက်ကိုင်ဖုန်းတွေယူသွားသလို  ပရိဘောဂ ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ကျနော်တို့ရွာအနောက်လမ်းကနေ စစ်သားအင်အား ၂၅ ယောက်လောက်ရှိမယ် တောထဲက နေဖြတ်ဝင်လာတာရွာထဲဝင်ပြီး အိမ် ၅၀  လောက်ကို ဝင်မွှေသွားပါတယ်။ ရွှေ၊ ငွေ ၊ ဖုန်းတွေယူသွားပြီး ပရိဘောဂပစ္စည်းတွေလည်း ဖျက်ဆီးသွားကြတယ်” လို့ ပြောပါတယ်။  

စစ်တပ်ဝင်လာစဉ် ရွာသူရွာသားတွေ ထွက်ပြေးနေတာ‌ဖြစ်လို့ လူမရှိတဲ့ နေအိမ်တွေထဲကို စစ်တပ်က ထင်သလို ဝင်ရောက်ရှာဖွေ ပစ္စည်းတွေ ယူဆောင်သွားကြကာ မနက် ၁၁ နာရီလောက်မှာ တပ်စွဲထားတဲ့ ရွာသစ်ကုန်းဘုန်းကြီးကျောင်းကို ပြန်သွားကြတယ်လို့သိရပါတယ်။

အဆိုပါစစ်တပ်ဟာ အောက်တိုဘာ ၂၄ ရက်က ရွာသစ်ကုန်းရွာမှာ  ဦးဇော်မင်းထွန်း ကို မတရားဖမ်းဆီးသတ်ဖြတ်ပြီးနောက် ဘုန်းကြီး‌ကျောင်းမှာတပ်စွဲထားတာဖြစ်ပြီး  ကျေးရွာသူရွာသား အများစုကတော့ မိမိနေအိမ်ကို ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာလည်း ရေဆိုးချောင်းတခုမှာ ငါးမျှားနေတဲ့  ဂွေးပင်ကုန်းရွာက ဖိုးနီစပ် (ခ) ကိုကျော်မင်းကို အောက်တိုဘာ ၂၉ ရက် ညနေက စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ကျည်ဆန်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“မနေ့က ၄ နာရီနဲ့ ၅ နာရီကြားမှာ ဒီပဲယင်းကနေ စိုင်ပြင်ဘက်ကိုသွားတဲ့ခြေလျှင်စစ်ကြောင်းကို ပကဖက မိုင်းဆွဲလိုက်တယ်လို့သိရတယ်။ စစ် တပ်ဘက်ထိခိုက်မှုရှိမရှိတော့မသိရဘူး ။ အဲဒီနောက် သူတို့ တောတွေထဲ သေနတ်တွေနဲ့ပစ်တယ်။ ဒီနေ့မနက်မှ ခပ်ဝေးဝေးရေဆိုးမြောင်းမှာ ငါးမျှားနေ သူတစ်ဦးထိမှန်တယ်လို့သိရတယ်။ လည်ကုပ်ကို ကျည်ဆန်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီပဲယင်းမြိုနယ်မှာ အောက်တိုဘာလ ၂၉ ရက် ညနေ ၅ နာရီလောက်က  ပျံကျနဲ့ကြခတ်ရွာကြားမှာ ပကဖ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ယောက်လောက် သေဆုံးကာအ တချို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။DVB

ပုသိမ်-ငွေဆောင်ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ခန့် ဖမ်းမိ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ပုသိမ်-ငွေဆောင်ကားလမ်းမှာ အောက်တိုဘာလ ၂၉ ရက် နေ့လယ်က  စိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၀၀၀ နီးပါးဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

ပုသိမ်-ငွေဆောင်ကားလမ်း သံပတ်ဂွလမ်းဆုံနားမှာ ပုသိမ်ဘက်နေ ငွေဆောင်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ် ၂ စီးကို တားဆီးစစ်ဆေးရာက စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၁ ပြားနဲ့ အတူ အမျိုးသား ၄ ဦးကို ဖမ်းမိ ခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ 

ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၁ ပြားရဲ့ တန်ဖိုးဟာ ကာလတန်ဖိုး ၅၇ သိန်းကျော်ရှိပြီး လက်ရှိ အချိန်မှာ တခြားကွင်းဆက်တရားခံတွေ ဖမ်းမိဖို့အတွက် စစ်ဆေးမေးမြန်း နေတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၂ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား  တသောင်းနီးပါး ဖမ်းမိခဲ့ပါတယ်။DVB

« Older Entries Recent Entries »