ခင်ဦးမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ စစ်သား ၆ ဦး အပြင်းအထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာအနီးမှာ အောက်တိုဘာလ ၃၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို မြင်းဒေါင်းရွာအနီး‌မှာ ခင်ဦး PDF နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲခဲ့တာကြောင့် ၆ ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။

PDF တာဝန်ခံက “သူတို့ထွက်လာတာက ဆိုင်ကယ် ၄ စီးနဲ့ ကား ၁ စီးပါပဲ။ မိုင်း ၃ လုံးတတွဲ၊ ၁ လုံးတတွဲ  မိုင်း ၄ လုံးခွဲလိုက်တာ၊  ဆိုင်ကယ်ရောကားရောပျက်စီးသွားခဲ့တယ်။ အမြင်အရ ၆ ယောက်အပြင်းအထန် ဒဏ်ရာရတယ်လို့ အတည်ပြုလို့ရတယ်” လို့ ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် PDF ပူးပေါင်းအဖွဲ့ဟာ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရွာသစ်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီးတွေဟာ ရွာသစ်ကုန်းနဲ့ မကျီးအုပ်ရွာ ဒလန်တွေ စာရင်းပေးထားတဲ့ အင်းပတ်ရွာက နေအိမ် ၁၅ လုံးနဲ့ ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒီနေ့ညနေပိုင်းအထိ ရွာတွေမှာ ဝင်ရောက်မွှေနှောက်နေတုန်းလို့ ဆိုပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s