မြိုင်မြို့နယ် Mytel တာဝါတိုင်နှင့် ညောင်ဦး လျှပ်စစ်ရုံးဝန်ထမ်းအိမ်ရာ ဗုံးခွဲခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီးရှိ Mytel တာဝါတိုင်ကို မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး Myaing Villages Revolution Front (MVRF) က ဒီနေ့မနက်အစောပိုင်း ၁ နာရီက ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

MVRF တာဝန်ခံက ”ဟုတ်ပါတယ်ဗျ။ ကျနော်တို့ရဲဘော်တွေ လုပ်လိုက်ကြတာပါ။ စစ်ကောင်စီရဲ့ဝင်ငွေကိုလျော့ချလိုက်တာပါ။ နောက်လည်း အခွင့်သင့်သလို စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားကြမှာပါ” လို့ အတည်ပြုပြောပြပါတယ်။

ပြီးခဲတဲ့ရက်ပိုင်းကလည်း မြိုင်မြို့နယ်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရမှု တွေရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံနဲ့အဝှမ်းရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ပေါင်း ၁၆၀ ကျော်ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ မှတ်တမ်းပြုစုထားသူတွေဆီကသိရပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ် ၁ နယ်မြေမှာရှိတဲ့ ညောင်ဦးမြို့၊ မြို့နယ်လျှပ်စစ်ရုံး ဝန်ထမ်း အိမ်ရာ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၅ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို အနော်ရထာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“CDM မဝင်ဘဲ စစ်ကောင်စီဩဇာခံပြီး ပြည်သူတွေဆီက မီတာခတွေ လိုက်ကောက်နေတဲ့ ညောင်ဦးမြို့ လျှပ်စစ်ဝန်ထမ်း Non CDM တွေကို သတိပေးတဲ့အနေနဲ့ ပထမအကြိမ် ပြုလုပ်ခဲ့တာပါ။” 

ဗုံးခွဲခံရမှုနဲ့ပတ်သက်ပြီး ညောင်ဦးလျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိတဲ့အတွက် ထိခိုက်ပျက်စီးမှု အ ခြေ အနေကို ဆက်လက်စုံစမ်းနေပါတယ်။

လျှပ်စစ်ဝန်ထမ်းတွေအနေနဲ့ ညောင်ဦးမြို့နယ်အတွင်းမှာ မီတာခဆက်လက်ကောက်ခံမှုတွေ ဆက်လက်ဆောင်ရွက်နေပါက   အသက်ကို နုတ် ယူသွားမယ်လို့ အနော်ရထာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s