Monthly Archives: Oct 2021

ဖလမ်းတိုက်ပွဲ စစ်တပ်က ၃ ဦးသေဆုံး၊ မြို့ပြင်ထွက် စစ်ဆင်ရေးလုပ်ရန် CDF-ဟားခါး စိန်ခေါ်

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက CNF၊ CNDF ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ CNDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဖလမ်းမြို့ကနေ ကလေးမြို့ဘက်ကို ဆင်းလားတဲ့ အကြမ်းဖက်စစ်ကောင်စီကား ၁၂ စီးကို မနေ့ မနက် ၁၁ နာရီလောက်မှာ CNF နဲ့ CNDF ညီ နောင်မဟာမိတ်တပ်ဖွဲ့တွေက မိုင်း ၅ လုံးဆွဲ ပြီးတိုက်ခိုက်ရာမှာ စစ်ကား ၈ စီးကို ထိမှန်ခဲ့တယ်လို့ CDDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မိုင်းထိမှန်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပြီးတော့ ၁၅ ယောက်ထက် မနည်း အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဘက်က အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး ထန်တလန်ပြည်သူတွေနဲ့ ထပ်တူဝမ်း နည်း ရကြောင်း ချင်းတစ်မျိုးသားလုံးရဲ့ သွေးစည်းမှုနဲ့အတူ အမြစ်ပြတ်ခြေမှုန်းသွားကြမယ်လို့ ဆိုပါတယ်။

CDF-ဟားခါးကလည်း ချင်းပြည်နယ် ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်တွေ မြို့ပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ဆောင်ဖို့ အောက်တိုဘာလ ၃၀ ရက်နေ့က စိန်ခေါ်လိုက်ပါတယ်။

CDF-ဟားခါး အနေနဲ့ အာဏာရူးမင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အဖွဲ့ကို ပြင်းထန်တဲ့ စစ်ဆင်ရေး ပိုမိုလုပ်ဆောင်မှာဖြစ်သလို သတ္တိရှိပါက ပြည်သူနဲ့ ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်ထိခိုက်မှုမရှိဘဲ မြို့ပြင်ထွက် စစ်ဆင်ရေးလုပ်ဆောင်ဖို့ စိန်ခေါ်လိုက်လို့ ဆိုပါတယ်။

ထန်တလန်မြို့ကို မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့က လက်နက်ကြီး၊ မီးကျည်တွေ အဆမတန်သုံးပြီး ပစ် ခတ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံ၊ စျေးဆိုင်ခန်းတွေနဲ့ လူနေအိမ် ၁၆၄ လုံး မီးလောင်ကျွမ်းခဲ့တာကြောင့် ထန်တလန်ဒေသခံတွေနဲ့ အတူဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အနှံ့ကို နိုင်ငံတကာ စစ်ဥပဒေ ရာဇဝတ်မှု ကျူးလွန်တာကြောင့် အပြင်းအ ထန်ကန့်ကွက်ရှုတ်ချပြီး ပြည်သူတွေ နစ်နာဆုံးရှုံးခဲ့ရတဲ့ လုပ်ရပ်တွေအပေါ် တာဝန်ယူဖြေရှင်းရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ သူတို့ကို ကျောထောက်နောက်ခံပြုလုပ်ပြီး ဆက်နွှယ်နေတဲ့ ထန်တလန်နဲ့ ဟားခါးမှာရှိတဲ့ ရာထူးခံပုဂ္ဂိုလ်တွေ၊ No n-CDMနဲ့ ဒလန်တွေကို CDF-ဟားခါးက စစ်ဘက်ဆိုင်ရာ ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန်အရေးယူတော့မယ်လို့ သတိပေးလိုက်ပါတယ်။DVB

မဘသဘုန်းကြီးများဦးဆောင်ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲ ငွေကျပ် ၁၅,၀၀၀ ဖြင့် စည်းရုံးခေါ်ဆောင်

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်တွင် မဘသဘုန်းကြီးအချို့ဦးဆောင်ပြီး စစ်တပ်ထောက်ခံပွဲကို ပြုလုပ်ကြရာ ယင်းထောက်ခံပွဲကို လိုက်ပါလာသူတိုင်း ငွေကျပ်တစ်‌သောင်းခွဲ ရရှိသည်ဟု လိုက်ပါလာသူများထံမှသိရသည်။

ယနေ့ အောက်တိုဘာ၃၁ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် လောကနန္ဒာဘုရားရှေ့မှ စတင်ကာ သာယာဝတီခရိုင်ဘောလုံးကွင်းသို့ စစ်တပ်ထောက်ခံသူ အင်အား၂၀၀ကျော်ဖြင့် လမ်းလျောက်ချီတက်ခဲ့ပြီး ဟောပြောပွဲပြုလုပ်ခဲ့ကြသည်။

“ရွာကို ကားနဲ့လိုက်ခေါ်တာလေ တစ်သောင်းခွဲရမယ်ဆိုတော့ လိုက်လာတာ အိမ်က လေးယောက်ပါတယ်> လောလောဆယ်အလုပ်မရှိတဲ့ အချိန်ဆိုတော့ အဆင်ပြေတယ်”ဟု ထောက်ခံပွဲကို လိုက်ပါလာသူ အမျိုးသားတစ်ဦးကပြောသည်။ ယနေ့စစ်တပ်ထောက်ခံပွဲကို သာယာဝတီ၊ လက်ပံတန်းနှင့် မင်းလှမြို့နယ်တို့မှ စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ပါဝင်သူအချို့မှာ နယ်မြေခံစစ်တပ်မှ မိသားစုဝင်များပါဖြစ်ကြောင်းသိရသည်။ “ညွှန်ကြားချက်နဲ့လာတာဗျ။

စစ်တပ်ထောက်ခံပွဲကို လူများများနဲ့ လုပ်ရမယ်ဆိုပြီး၊ သာယာဝတီမြို့မှာက ငွေနဲ့စည်းရုံးတာတောင် မလိုက်ကြလို့ တခြားမြို့က ခေါ်ရတယ် ခလရ(၁)နဲ့ (၃၅)ထဲက သူတွေအင်အားဖြည့်လိုက်ရတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ စစ်တပ်နှင့်နီးစပ်သူတဦးမှပြောသည်။ အဆိုပါတပ်ထောက်ခံပွဲပြုလုပ်နေချိန်တွင် အထက(၂)ရှေ့၊ဗိုလ်မြဒင်လမ်းတို့တွင် ကား၊ဆိုင်ကယ်တို့ကို တင်းကျပ်စွာစစ်ဆေးလျှက်ရှိပြီး လက်နက် ကိုင်များမှ အရပ်ဝတ်ဖြင့် လုံခြုံရေးယူနေကြောင်းသိရသည်။ mizzima

“ပစ်သတ်ဖို့ ကျည်ဆံ တစ်တာင့်ပဲလိုမယ်” ဟု စစ်ကောင်စီတပ်က ကက်သလစ်ဘုန်းတော်ကြီးအား ခြိမ်းခြောက်

ညောာင်ရွှေမြို့နယ်တွင်း ခရီးသွားသော ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးအား စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်များကို အ ထောက်အပံ့ပေးနေသူဟု စွပ်စွဲကာ “ပစ်သတ်ဖို့ ကျည်ဆံတစ်တောင့်ပဲလိုမယ်” ဟု သေနတ်ထောက် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကာယ ကံရှင်နှင့်အတူ ခရီးသွားခဲ့သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နေ့လယ် ၃ နာရီခန့်တွင် ညောင်ရွှေမြို့မှ ဖယ်ခုံမြို့သို့ မောင်းနှင်လာသည့် ကားတစ်စီးတွင်ကက်သလစ်ဘုန်းတော်ကြီးအပါအဝင် ခရီးသည် ငါးဦး လိုက်ပါလာခဲ့ရာ ထီယိကျေးရွာအရောက်တွင် စစ်သားရှစ်ဦးခန့် တားဆီးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။ “ကားကို ရပ်ခိုင်းပြီး ပါလာတဲ့ ပစ္စည်းတွေကိုချခိုင်းတယ်။

သူတို့က ကြမ်းကြမ်းတမ်းတမ်းနဲ့ ပစ္စည်းတွေကို ပစ်ချတယ်။ စစ်ဆေးတယ်။ ကားထဲမှာ အတူပါလာတဲ့ ကက်သလစ်ဘုန်းတော်ကြီးကိုလည်း စစ်ဆေးတယ်။ ဘုန်းတော်ကြီးကို တော်လှန်ရေးမှာ ရန်ပုံငွေတွေ ရှာပြီး PDFကို ထောက်ပံ့တယ် သေနတ်တွေဝယ် ဆေးတွေဝယ်ပြီး မကောင်းတဲ့ဘက်ကို အားပေးနေတယ်” ဟု စစ်သားများက စွပ်စွဲပြောဆိုကြောင်း ခရီး သည်တစ်ဦးက ပြန်ပြောပြသည်။ “ကက်သလစ်ဘုန်းကြီး နောက် ထပ် လုံးဝအပြင်မထွက်နဲ့ ပစ်သတ်ဖို့ ကျည်ဆံ တစ်တာင့်ပဲလိုမယ်” ဟုပြောကြောင်း သူက ထပ်ပြောသည်။

အသက် ၄၆ နှစ်အရွယ် ဘုန်းတော်ကြီးအား နားထင်တွင် သေနတ်ထောက်ထားပြီး နေပူပူတွင် ဒူးထောက်စေလျှက် ပါးစပ်ပိတ်ထားရန် ဆဲဆိုခဲ့သည်ဟု ဆိုသည်။ဘုရားကျောင်းရှိ သီးနှံစိုက်ခင်းအတွက် အသုံးပြုရန် ဝယ်ယူလာသော ဓာတ်မြေဩဇာအိတ်လေးအိတ်အား မိုင်းလုပ်ရန် သယ်ဆောင်လာသည်ဟု စွပ်စွဲနေခဲ့ခြင်းဖြစ်သည်။mizzima

ဝင်းရော်ဒေသတွင် ထန်တလန် ပြည်သူများနှင့် အတူရပ်တည်ကြောင်း ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး သံမဏိနှင်းဆီ အမျိုးသမီး မ ဟာမိတ် အင်အားစု သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

ဧရာဝတီတိုင်း၌ ၁ လအတွင်း ဗုံး ၃၃ ကြိမ် ပေါက်ကွဲပြီး ရဲ ၂ ဦးသေဆုံးခဲ့

ဧရာဝတီတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောက်တိုဘာလအတွင်း ဗုံး ၃၃ ကြိမ်ပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

စစ်အုပ်စုနဲ့သက်ဆိုင်တဲ့ နေရာတွေကို ဗုံး ၃၃ ကြိမ်ထိ ဖောက်ခွဲခဲ့ပြီး ရဲ ၂ ဦးကို သေနတ်နဲ့ ဝင်ပစ်ခဲ့တာဟာ ဧရာဝတီတိုင်းအတွင်းရှိနေတဲ့ တော် လှန်ရေးအင်အားစုတွေက လုပ်ဆောင်တာလို့ မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှု ၃၃ ကြိမ်ဟာ စစ်အုပ်စုနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲခဲ့တာဖြစ်သလို အဲ့အထဲမှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို ဗုံးခွဲဖျက်ဆီးတာ ၁၃ ကြိမ်ထိရှိခဲ့တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့တဲ့ ဗုံးခွဲခဲ့တဲ့ ဖြစ်စဉ်တွေမှာ စစ်အုပ်စု ဩဇာခံ ရဲ ၄ ဦးသေဆုံးခဲ့သလို တိုင်းအတွင်းက စစ်တပ်သ တင်းပေး ဒလန် ၄ ဦးကိုလည်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။DVB

ဖားကန့်မြို့ပေါ် စစ်ရဟတ်ယာဉ် ၂ စီး ပျံသန်း၊ ဒေသခံများ စိုးရိမ်

အောက်တိုဘာ ၃၁ ရက်နေ့ မွန်တည့် ၁၂ နာရီခန့်က ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီး ပျံသန်းခဲ့ပြီး ဗျူဟာကုန်းပေါ် ၁၅ မိနစ်လောက် ဆင်းသက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“တစ်စီးက အပေါ်ကနေ လုံခြုံရေးယူပေးနေတာ ထင်တယ်။ တစ်စီးကတော့ ဗျူဟာကုန်းပေါ် ဆင်းလာတယ်။ ၁၅ မိနစ်လောက် ကြာတော့ ပြန်တက်သွားပြီး ထွက်သွားကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အရင်ကလည်း စစ်ရဟတ်ယာဉ်တွေ ဗျူဟာကုန်းပေါ် ခုလို လာရောက်လေ့ရှိပြီး ပစ္စည်းလာချသွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

အရင်က စစ်ရဟတ်ယာဉ်တွေ လာရောက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရတာတွေရှိခဲ့ပြီး အခုလို တစ်ဖန် လာရောက်တဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။

ဖားကန့်မြို့မှာ ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတာနဲ့ မိုင်တဲလ်တာဝါတိုင်တွေလည်း ဖောက်ခွဲဖျက်ဆီးခံနေရပါတယ်။DVB

ရေဦး လွှတ်တော်ကိုယ်စားလှယ် နေအိမ်ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း ရေဦးမြိုက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ ချိပ်ပိတ်ထားတဲ့ နေအိမ်ကို အောက်တိုဘာ ၃၁ ရက်မနက် ၁ နာရီလောက်က စစ်အင်အား ၃၀ ခန့်လာရောက်ပြီး သော့ဖွင့်ဝင်ကာ ပရိဘောဂပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“သော့ဖွင့်ဝင်ပြီး ဖျက်ဆီးသွားတာ။  တံခါးမကြီးရယ်၊ မှန်ပြတင်းတွေရယ် အတွင်းထဲရှိတဲ့ မှန်ကောင်တာ၊ မှန်‌ဗီရိုတွေကို ရိုက်ခွဲသွားတာပါ။ အခုတံခါးသော့ပြန်ပိတ်သွားတယ်” လို့ ပြောပါတယ်။

ရေဦးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့နေအိမ်ကို အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက အကြမ်းဖက် PDF နဲ့ပတ်သက်တယ်ဆိုပြီး နိုင်ငံပိုင်သိမ်းဆည်းကြောင်း စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ချိပ်ပိတ်သွားတာပါ။DVB

ရိက္ခာနှင့် တပ်သားတင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ ၃၀ ခန့် သေဆုံး

အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ်ကို လာနေတဲ့ အကြမ်းဖက်စစ်ကောင်စီက ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃၀ လောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်းလွဲပိုင်း ၃ နာရီလောက်က စစ်ကိုင်းဘက်ကနေ ကချင်ပြည်နယ်ထဲကို ရိက္ခာနဲ့ တပ်သားတွေ တင်လာတဲ့ စစ်ကား ၇ စီးကို ထီးချိုင့်မြို့နယ် ကျွဲတောရွာနားမှာ မိုင်းခွဲတိုက်ခိုက်ခံရတာပါ။

ဒေသခံတယောက်က “၂ စီးက မီးလောင်သွားတယ်။ ကျန်တဲ့ ၅ စီးကတော့ မြစ်ကြီးနားဘက်ကို ဆက်သွားတယ်။ PDF တွေ ပေါင်းတိုက်တာ” လို့ ပြောပါတယ်။

ဆက်မောင်းသွားတဲ့ စစ်ကား ၅ စီးဟာလည်း မော်ဟန်နဲ့ နမ့်စီးအောင်ရွာနားမှာ ည ၇ နာရီကျော်က မိုင်းခွဲတိုက်ခိုက်ခံရပြီး ကား ၃ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။ ကျန်တဲ့ ကား ၂ စီးကတော့ ရှပ်ထိပြီး ဆက်လက်မောင်းနှင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ KIA ပါဝင်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်းဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ကချင်ပြည်နယ်ထဲကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ပို့ဆောင်ပေးမဲ့ တပ်မ ၈၈ နဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား ၃၀ လောက်သေဆုံးခဲ့တယ်လို့ မိုးညှင်း PDF က အတည်ပြု ပြောပါတယ်။ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို မိုးညှင်းတပ်ရင်း ၁၅ က ညတွင်းချင်း လိုက်လံကောက်ယူခဲ့တယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

စစ်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။DVB

ရေစကြို ပျူစောထီး ၁ ဦး ပစ်ခံရ၊ ထွေအုပ်ရုံး၌ တပ်သားအချင်းချင်း ပစ်ခတ်သဖြင့် ၁ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် အောက်အိုရွာမှာ ဒီကနေ့မနက် ၈ နာရီလောက်က ပျူစောထီးခေါင်းဆောင်တစ်ယောက် သေနတ်နဲ့ အပစ်ခံရပြီး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“သေနတ်ပစ်သံ အကျယ်ကြီးတစ်ချက်ကြားလိုက်ရပြီး ပျူစောထီးခေါင်းဆောင်ရဲ့ဆီးခုံကို ထိမှန်သွားတယ်။ ဒာဏ်ရာပြင်းထန်တာကြောင့် ရေစကြိုဆေးရုံကို ပိုဆောင်လိုက်ကြတယ်။ သေမသေ မသိရသေးပေမယ့် အသက်ရှင်ဖို့တော့ သိပ်မလွယ်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီပျူစောထီးခေါင်းဆောင်ဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းကာ စစ်တပ်ခေါ်လိုက်ရမလားဆိုပြီး ခြိမ်းခြောက်တာ၊ ပျူစောထီးတွေကို စုပြီးတော့ သင်တန်းပေးတာအပါအဝင် ရွာကို နည်ပေါင်းစုံနဲ့ ဒုက္ခပေးနေတာကြောင့် ပစ်ခတ်ခံခဲ့ရတာလို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့စည်းရဲ့ လက်ချက်ဆိုတာကိုတော့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြေညာ ချက် မထုတ်ပြန်သေးပါဘူး။

ရေစကြိုမြို့ ထွေအုပ်ရုံးထဲမှာ မနေ့ညကလည်း စစ်ကောင်စီတပ်သား အချင်းချင်း စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သားတစ်ယောက် သေဆုံးသွားပြီး အလောင်းကို ရေစကြိုဆေးရုံက ရင်ခွဲရုံပို့ထားတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

ရေစကြို မြို့နယ်ထွေအုပ်ရုံးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားအင်အား ၃၀ လောက် အရပ်ဝတ်နဲ့ တပ်စွဲထားတယ်လို့ ရေစကြို မြို့ခံတွေဆီကနေ သိရပါတယ်။DVB

« Older Entries Recent Entries »