Monthly Archives: Nov 2021

နေပြည်တော် တပ်ကုန်း လျှပ်စစ်ရုံးတွင် ဗုံးပေါက်ကွဲ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ EPC လျှပ်စစ်ရုံးမှာ နိုဝင်ဘာ ၁ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံး ၁ လုံးပေါက်ကွဲခဲ့ပြီး လူတွေထိ ခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။

ဒေသခံတဦးက ”ရုံးဝင်းထဲမှာပေါက်တာ။ လူထိခိုက်တဲ့အသံတော့ မကြားဘူး။ အဆောက်အအုံတော့ ထိခိုက်သွားတယ်ကြားတယ်။ ခုတော့ စစ်သားတွေက စစ်ဆေးသလို ဘာလိုလုပ်နေကြတာပေါ့” ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ဖို့ တပ်ကုန်းလျှပ်စစ်ရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဗုံးဖောက်ခွဲမှုကို တပ်ကုန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ Tatkon Urban Guerrilla က ပြုလုပ်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး အဆို ပါအဖွဲ့ရဲ့တာဝန်ခံကလည်း ဟုတ်မှန်ကြောင်း အတည်ပြုဖြေကြားထားပါတယ်။DVB

မအူပင်မြို့ စည်ပင်ရုံးရှေ့ ဗုံးပေါက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ ၊ စည်ပင်လမ်းနှင့် မင်းလမ်းထောင့်ရှိ မြို့နယ်စည်ပင်ရုံးရှေ့၌ ယနေ့ နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ခန့်အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖောက်ခွဲမှုကို မအူပင် PDF အဖွဲ့၏ အဖွဲ့ခွဲတစ်ဖွဲ့ဖြစ်သော “မဟူရာ ငန်းနက်” အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မအူပင် PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။ ” စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို သတိပေးတဲ့ အနေနဲ့ ဖောက်ခွဲခဲ့တာပါ။ ဗုံးက နှစ်လုံးစီစဥ်ထားတာဆိုပေမဲ့ တစ်လုံး ပေါက်ပါတယ်။

ဒဏ်ရာ ရရှိတဲ့သူ မရှိပါဘူး။ ဆက်လက်ပြီး စစ်အုပ်စုနဲ့ ပတ်သက်တာတွေကို တိုက်ခိုက် သွားမှာပါ”ဟု ၎င်းက ဆိုသည်။ ဗုံးပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဖြစ်ပွားရာ စည်ပင်ရုံးရှေ့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။mizzima

စစ်ကောင်စီက ရန်ကုန်တွင်ကျောင်းများပြန် ဖွင့်သော်လည်း ကျောင်းတက်သူအနည်းငယ်သာရှိ

အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ ၁ ရက် ဒီကနေ့မှာ  တစ်နိုင်ငံလုံးက  ကျောင်းတွေ ပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ ရန်ကုန်က အခြေခံ ပညာကျောင်းတွေမှာတော့  ကျောင်းတက်တဲ့ ကျောင်းသူကျောင်းသားနဲ့ ဆရာအနည်းငယ်ပဲရှိတယ်လို့  ဒေသခံတွေကပြောပါတယ်။

ရပ်ကွက်ထဲက တချို့မူလတန်းကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာ ၂ ယောက်၊  ၃ ယောက်သာ  တွေ့ရပြီး ကျောင်းတက်တဲ့ ကျောင်းသားတွေ မရှိသလောက် နည်းပါးနေတာကိုတွေ့ရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူ တဦးက ပြောပါတယ်။

တခြားမြို့နယ်အတော်များများမှာလည်း အဖြူအစိမ်းနဲ့  ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းတက်ဖို့ သွားတာမတွေ့ရသလို ကျောင်းကားတွေ ပြေးဆွဲတာ လည်း မတွေ့ရဘူးလို့ ရန်ကုန် မြို့ခံ တွေက ပြောပါတယ်။   

စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့မှာ  တိုင်းနဲ့ ပြည်နယ် ၉ ခုရှိ  မြို့နယ် ၄၀ ကျော်ကလွဲလို့  နိုင်ငံတဝန်းမှာ အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ခုလို အခြေအနေမျိုးမှာ ကလေးတွေကို  ကျောင်းထားဖို့ ဆန္ဒမရှိဘူးလို့ မိဘအများစုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့်  ကလေးတွေ ကျောင်းတနှစ်နားခဲ့ရပြီး စစ်အာဏာသိမ်းတဲ့ အကျိုးဆက်အဖြစ်  ကလေးတွေ စာမသင်ရဘဲ  နောက်ထပ် ၁ နှစ် နားခဲ့ရတာ ဖြစ်ပါတယ်။ 

ကလေးတွေရဲ့ ပညာရေးကြောင့် မိဘတွေ ကျောင်းပြန်အပ်ချင်တာကို နားလည်ပေမဲ့ လက်ရှိအခြေအနေက တည်တည်ငြိမ်ငြိမ် ကျောင်းပြန်တက်ပြီးနေရမဲ့ အနေအထားမျိုး မဟုတ်သေးတာကြောင့် ကျောင်းသားမိဘတွေအနေနဲ့ ခဏစောင့်ဆိုင်းပေးထားကြဖို့နဲ့  ကျောင်းမအပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။ 

ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေရဲ့ပညာရေး နှစ်နှစ်လောက် နောက်ကျနေပြီ ဖြစ်တာကြောင့် ကျောင်းပြန်အပ်ချင်ပေမဲ့ လက်ရှိ ရန်ကုန်မှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ အပြင်  စာသင်ကျောင်းတွေမှာ စစ်တပ်တွေ တပ်စွဲထားတာနဲ့ ပစ်ခတ်မှုတွေ ဗုံးပေါက်ကွဲမှုတွေကြောင့် ကလေးတွေကျောင်းမထားရဲသေးဘူးလို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ကလေးတွေကို အွန်လိုင်းပညာရေးစနစ်နဲ့ပဲ အိမ်မှာ သင်ကြားပေးနေပြီး ကျောင်းမအပ်သေးဘူးလို့ ကျောင်းသားမိဘတွေကဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ ကျောင်းသားတွေ၊ မိဘတွေ၊ အများပြည်သူပိုင်နေရာတွေ၊ ဘုရားကျောင်းကန် အဆောက်အအုံတွေ၊ ကျောင်းတွေ၊ ဈေးတွေကို ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်ကြောင်း ကျောင်းတွေမှာ တစုံတခု ဖြစ်ခဲ့ရင်လည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေလက်ချက်သာဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာမျက်နှာစာမှာ မြန်မာပြည်ကြီးအေးချမ်းနေသယောင် ပုံစံမျိုးတွေ မြင်လာအောင် ကျောင်းတွေ ဘုရားတွေ ပြန် လည်ဖွင့်လှစ် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေကို မြို့ပြပြောက်ကျားတိုက်ပွဲဖော်ဆောင် တိုက်ခိုက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း နောက်ပိုင်း ခုခံစစ်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း အသိပေးထားပတယ်။

အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ) ကလည်း စစ်ကောင်စီက ကျောင်းမအပ်နှံကြဖို့နဲ့ ကျောင်းမတက်ကြဖို့ တိုက်တွန်း နှိုးဆော်ချက်ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ဇူလိုင်လ  ကျောင်းတွေဖွင့်တုန်းကလည်း  စီမံခန့်ခွဲမှုအလွဲကြောင့် ကိုဗစ်ကပ်ရောဂါ အခြေအနေ  ပိုမိုဆိုးရွားလာပြီး ကျောင်းတွေ ပြန်ပိတ်ခဲ့ရသလို အခုအခါမှာလည်း ကျောင်းတွေကို တက်သုတ်ရိုက်ဖွင့်လှစ်တာဟာ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက်  စိုးရိမ်စာရာဖြစ်တယ်လို့ ဆိုပါတယ်။ DVB

သထုံမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းလက် နက်ကြီးဖြင့် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့၊ ကော့လှိုင်းကျေးရွာ၊ ထီးမင်္ဂလာကျောင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြစ်သည့် အာပီဂျီ နှစ်လုံး၊ ၇၉ မမ သုံးလုံးဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အ တည် ပြု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၁) နှင့် သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုတပ်စ ခန်းကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ နှစ်နာရီ ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “ ငါးမိနစ်၊ ၁၀ မိနစ်လောက်ပဲ ကြာမယ်။ အပြန်အလှန်ပစ်တာ မဟုတ်ဘူး။ ဘာလို့ရယ်တော့ မသိဘူး။ သူတို့ပြန်မပစ်ဘူး” ဟု သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများရှိခဲ့သော်လည်း အရေအတွက်ကို မသိရသေးကြောင်းနှင့် ဒေသခံပြောက်ကျားတပ်နှင့် KNLAဘက်မှ အထိအခိုက် အကျအဆုံး မရှိခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရသော တပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်ခန့်ရှိနေပြီး ထီးမင်္ဂလာကျောင်းအနီး ပြီးခဲ့သည့် အောက်တို ဘာလ ၂၄ ရက်နေ့က စတင်လာရောက် တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီနေ့တော့ သူတို့ နေရာပြောင်းသွားပြီလို့ သိရတယ်။ အထိအ ခိုက်တော့ မသိရသေးပါဘူး” ဟု သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ ၏ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း သထုံမြို့နယ်၊ ထုံးဘိုကြီးကျေးရွာရှေ့ရှိ ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ် အရာရှိလင် မယား စီးလာသော အိမ်စီးကား တစ်စီးကို KNLA တပ်မဟာ(၁)နှင့် သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အရာရှိလင်မယားသေဆုံးပြီး ပစ္စတိုသေနတ်တစ်လက်နှင့် ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သေးသည်။mizzima

NUG ပညာရေးရန်ပုံငွေ ဖျော်ဖြေပွဲလက်မှတ် ဒေါ်လာ ၂၀ ဖြင့် စတင်ရောင်းချ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးရန်ပုံငွေဖျော်ဖြေပွဲလက်မှတ်တွေကို စ တင်ရောင်းချနေပြီဖြစ်ပြီး လက်မှတ်တစောင်ကို ဒေါ်လာ ၂၀ နဲ့ unitedxyz.com ဝက်ဘ်ဆိုက်မှာ သွားရောက်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦးမော့လာရေးကို ရည်ရွယ် ပြုလုပ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” လို့ အမည်ပေးထားပြီး လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန်ည ၈ နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်:ချီ အနုပညာရှင်တွေက တော်လှန်ရေးတေးသီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်း၊ ပန်းချီ၊ မှတ် တမ်းရုပ်ရှင်နဲ့ တခြားသော အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာနဲ့  ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ အတူ အဆိုတော် ချမ်းချမ်း၊ R. ဇာနည်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ ဒေါင်း၊ မြနှင်းရည်လွင်၊ မြတ်နိုးအေးတို့နဲ့ တခြားအနုပညာရှင်တွေလည်း အများကြီး ပါဝင်သွားကြမှာ ဖြစ် ပါတယ်။

ဒီဖျော်ဖြေပွဲကနေ ရရှိလာတဲ့ လက်မှတ်ရောင်းရငွေတွေ၊ အလှူငွေတွေကိုတော့ ခက်ခဲတဲ့ ဒေသပညာရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး၊ CDM ထောက်ပံ့ရေး၊ ဖက်ဒရယ် ပညာရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွေမှာ အကျိုးရှိစွာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ပညာရေးနဲ့ စစ်အာဏာရှင်တော်လှန်ရေး ရန်ပုံငွေ Live Show ကို မိဘပြည် သူတွေအနေနဲ့ ပါဝင်လှူဒါန်းကြဖို့လည်း NUG က တိုက်တွန်းနှိုးဆော်ထားပါတယ်။DVB

ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်၊ မိသားစုဝင်များ အိမ်ငှား နေထိုင်နေရ

ကျုံပျော်မြို့ရှိ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းပြီး မိသားစုဝင်များကို နေအိမ်မှ ဖယ်ရှားခဲ့သဖြင့် ဝန်ကြီးချုပ်ဟောင်း၏ မိသားစုဝင်များမှာ အိမ်ဌားနေထိုင်ရသည်ဟု ကျုံပျော်မြို့ ဒေသခံများက ပြောသည်။ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ သေနတ်ကိုင်ထားသည့်ပုံများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လာပြီး‌နောက် စစ်ကောင်စီက မိသားစုဝင်များကို ဖိအားပေး ခြိမ်းခြောက်ခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

“ဟုတ်တယ်။ ချိပ်ပိတ်လိုက်တာ။ အဖိုး(မန်းဂျော်နီ) ရဲ့ သားနဲ့ ချွေးမက အခု ညောင်ပင်သာ ရပ်ကွက်ထဲမှာ အိမ်ငှားနေရတယ်။ ပစ္စည်းတွေတောင် အဖိုးတန်တဲ့ ပရိဘောဂတွေ သယ်လို့ မရဘူးလို့ပြောတယ်။ မိသားစုကိုလည်း ခြိမ်းခြောက်တာတွေ အရမ်းလုပ်ထားတော့ သူတို့လည်း သတိနဲ့ နေနေရတယ်”လို့ မန်းဂျော်နီ မိသားစုနှင့် ဆက်စပ်သော မိတ်ဆွေတစ်ဦးက ပြောပါတယ်။

မန်းဂျော်နီသည် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု အဖြစ် ရွေးချယ်ခံရပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် နှစ်နှစ်ခွဲကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရသူ ဖြစ်သည်။mizzima

ရခိုင်ပြည်နယ်တွင် ဂွမြို့နယ်ကလွဲပြီး စာသင် ကျောင်းများပြန်ဖွင့်

ရခိုင်ပြည်နယ်မှာ၊ ဂွမြို့နယ်ကလွဲလို့ ကျန်မြို့နယ်အားလုံးက အခြေခံပညာ စာသင်ကျောင်းတွေ အားလုံးနီးပါး  နိုဝင်ဘာ ၁ ရက် ဒီနေ့မှာ ပြန် လည်ဖွင့်လှစ် နေပြီဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကိုဗစ်-၁၉ထိန်းချုပ်ရေး ကော်မတီရဲ့ သတ်မှတ်ချက်အရ ကူးစက်နှုန်း မြင့်နေသေးတဲ့ ဂွမြို့နယ်မှာတော့ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးပါဘူး။

တချို့မြို့တွေမှာတော့ အလှည့်ကျစနစ်နဲ့ ကျောင်းတက်ဖို့ စီစဉ်ထားတယ်လို့ သိရပြီး တချို့မြို့တွေမှာတော့ ဘယ်လို အစီအစဉ်ရှိတယ်ဆိုတာ မသိရသေးပါဘူး။

စစ်တွေမြို့က တချို့ကျောင်းတွေကတော့ ၃ ရက်တက် ၄ ရက်နားပုံစံတက်ဖို့စီစဉ်ထားတယ်လို့ ဆရာဆရာမတွေထံက သိရပါတယ်။

“ကျောင်းသားတော်တော်များများတော့လာကြတယ်။ နေ့လယ်မှာ ပြန်လွှတ်လိုက်တယ်။ ဘယ်လိုပုံစံ တက်ရမယ်ဆိုတာ မသိရသေးဘူး။ ဆရာမကြီးကလည်း ဘာမှ မပြောသေးဘူး။ နောက်တပတ်မှာမှ သိရမယ်” လို့ ကျောက်ဖြူမြို့က ဆရာမ တယောက်က ပြောပါတယ်။

သင်ရိုးတွေကို ဘယ်လမှာ အပြီးသင်ရမယ်ဆိုတာလည်း မသိရသေးဘူးလို့ သူက ပြောပါတယ်။

“ကျောင်းအားလုံး ပြန်ဖွင့်တာတွေ့တယ်။ ရွာတွေမှာလည်း ဖွင့်တယ်။ တချို့ကျောင်းတွေကတော့ နေ့တပိုင်းပဲဖွင့်ပြီး ပြန်လွှတ်လိုက်တယ်။ ဘယ်လိုပုံစံ ဆက်တက်ရမယ်ဆိုတာတော့ မသိသေးဘူး။ တချို့နေရာတွေမှာတော့ အလှည့်ကျစနစ်နဲ့ တက်ရမယ်လို့ကြားတယ်” လို့ သံတွဲဒေသခံ တယောက်က ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့ နယ် ၄၀ ကျော်ကလွဲလို့ တနိုင်ငံလုံးမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အပါ အဝင် အခြေခံပညာဦးစီးဌာနက ကျောင်းတွေအားလုံးကို ပြန်ဖွင့်ဖို့ စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတာပါ။DVB

ဖုန်းမပါသူများကို စစ်ကောင်စီက ဒဏ်ငွေ ကျပ် ၅,၀၀၀ ရိုက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် အပြင်ထွက်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ဖုန်းမပါလာသူများကို ဒဏ်ငွေ ကျပ်၅̗5၀၀၀ရိုက်ပြီး ဖုန်းပါသူများကို ဖုန်းဖွင့် စစ်ဆေးနေကြောင်း ဒေသခံများထံက သိရသည်။ ” မနေ့ညက မြို့အဝင် စစ်ဆေးရေးဂိတ်နားမှာ ဗုံးပေါက်တယ်လို့ကြားတယ်။

အဲဒါနဲ့ ဒီမနက်တော့ စစ်ခွေး (စစ်သား)တွေ၊ ရဲခွေး (ရဲတပ်သား) တွေက မြို့ထဲကိုလာပြီး ပိတ်ဆို့စစ်ဆေးနေတာပါ။ သူတို့စစ်လို့ ဖုန်းပါမလာရင် ပိုက်ဆံ ကျပ်ငါးထောင်တောင်းတယ်။ ဖုန်းပါလာတဲ့သူတွေကိုလည်း Facebook ဖွင့်ခိုင်းတယ် ။ မသင်္ကာရင်တစ်ခါတည်း ခေါ်သွားကြတယ် “ဟုဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် ညပိုင်းတွင် မြို့အဝင် စစ်ဆေးရေးဂိတ်အနီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်ဆိုသော သတင်းများ ထွက်‌ပေါ် လာ ပြီး‌နောက် မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီ တပ်သားများနှင့်ရဲများက ထိုသို့ စစ်ဆေးနေခြင်းခြင်း ဖြစ်ကြောင်းသိရသည်။ဒေသခံများ၏ သတင်းပေးပို့ချက်အရ ယနေ့ နေ့လယ် ၁၂ နာရီ အချိန်အထိ စစ်ကောင်စီတပ်များနှင့် ရဲများက ပိတ်ဆို့ စစ်ဆေးမှုများ ဆက်လက်ပြု လုပ်နေသည်ဟု သိရပြီး ဗုံးပေါက်ကွဲမှု ဖြစ်၊ မဖြစ်ကို အတည်ပြု၍ မရသေးပါ။mizzima

« Older Entries