နေပြည်တော် တပ်ကုန်း လျှပ်စစ်ရုံးတွင် ဗုံးပေါက်ကွဲ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ EPC လျှပ်စစ်ရုံးမှာ နိုဝင်ဘာ ၁ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံး ၁ လုံးပေါက်ကွဲခဲ့ပြီး လူတွေထိ ခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
ဒေသခံတဦးက ”ရုံးဝင်းထဲမှာပေါက်တာ။ လူထိခိုက်တဲ့အသံတော့ မကြားဘူး။ အဆောက်အအုံတော့ ထိခိုက်သွားတယ်ကြားတယ်။ ခုတော့ စစ်သားတွေက စစ်ဆေးသလို ဘာလိုလုပ်နေကြတာပေါ့” ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ဖို့ တပ်ကုန်းလျှပ်စစ်ရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဗုံးဖောက်ခွဲမှုကို တပ်ကုန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ Tatkon Urban Guerrilla က ပြုလုပ်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး အဆို ပါအဖွဲ့ရဲ့တာဝန်ခံကလည်း ဟုတ်မှန်ကြောင်း အတည်ပြုဖြေကြားထားပါတယ်။DVB