မအူပင်မြို့ စည်ပင်ရုံးရှေ့ ဗုံးပေါက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ ၊ စည်ပင်လမ်းနှင့် မင်းလမ်းထောင့်ရှိ မြို့နယ်စည်ပင်ရုံးရှေ့၌ ယနေ့ နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ခန့်အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖောက်ခွဲမှုကို မအူပင် PDF အဖွဲ့၏ အဖွဲ့ခွဲတစ်ဖွဲ့ဖြစ်သော “မဟူရာ ငန်းနက်” အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မအူပင် PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။ ” စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို သတိပေးတဲ့ အနေနဲ့ ဖောက်ခွဲခဲ့တာပါ။ ဗုံးက နှစ်လုံးစီစဥ်ထားတာဆိုပေမဲ့ တစ်လုံး ပေါက်ပါတယ်။
ဒဏ်ရာ ရရှိတဲ့သူ မရှိပါဘူး။ ဆက်လက်ပြီး စစ်အုပ်စုနဲ့ ပတ်သက်တာတွေကို တိုက်ခိုက် သွားမှာပါ”ဟု ၎င်းက ဆိုသည်။ ဗုံးပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဖြစ်ပွားရာ စည်ပင်ရုံးရှေ့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။mizzima