ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်၊ မိသားစုဝင်များ အိမ်ငှား နေထိုင်နေရ

ကျုံပျော်မြို့ရှိ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းပြီး မိသားစုဝင်များကို နေအိမ်မှ ဖယ်ရှားခဲ့သဖြင့် ဝန်ကြီးချုပ်ဟောင်း၏ မိသားစုဝင်များမှာ အိမ်ဌားနေထိုင်ရသည်ဟု ကျုံပျော်မြို့ ဒေသခံများက ပြောသည်။ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ သေနတ်ကိုင်ထားသည့်ပုံများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လာပြီး‌နောက် စစ်ကောင်စီက မိသားစုဝင်များကို ဖိအားပေး ခြိမ်းခြောက်ခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

“ဟုတ်တယ်။ ချိပ်ပိတ်လိုက်တာ။ အဖိုး(မန်းဂျော်နီ) ရဲ့ သားနဲ့ ချွေးမက အခု ညောင်ပင်သာ ရပ်ကွက်ထဲမှာ အိမ်ငှားနေရတယ်။ ပစ္စည်းတွေတောင် အဖိုးတန်တဲ့ ပရိဘောဂတွေ သယ်လို့ မရဘူးလို့ပြောတယ်။ မိသားစုကိုလည်း ခြိမ်းခြောက်တာတွေ အရမ်းလုပ်ထားတော့ သူတို့လည်း သတိနဲ့ နေနေရတယ်”လို့ မန်းဂျော်နီ မိသားစုနှင့် ဆက်စပ်သော မိတ်ဆွေတစ်ဦးက ပြောပါတယ်။

မန်းဂျော်နီသည် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု အဖြစ် ရွေးချယ်ခံရပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် နှစ်နှစ်ခွဲကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရသူ ဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s