ကန်ကြီးထောင့်မြို့နယ် ရွေးကျေးရွာ စာသင် ကျောင်းအတွင်းဗုံးပေါက်

ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်၊ရွေးကျေးရွာအုပ်စု ရှိ အထက်တန်း ကျောင်းတွင် ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံကသိရသည်။
အဆိုပါပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရှိရသေးကြောင်း၊ဗုံးပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမများနားနေဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြော သည်။”ပေါက်တဲ့အသံကတော့တော်တော်ကျယ်တော့ တစ်ရွာလုံးကြားရတယ်၊ ဗုံးပေါက်ပြီး မီးလောင်နေတာတွေ့တော့ တချို့လူတွေသွားပြီး မီးငြိမ်းသတ်လိုက်ကြလို့ ဆရာဆရာတွေနားတဲ့နားနေဆောင်ပဲလောင်သွားတယ် “ဟု ဒေသခံတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီး ည ၈ နာရီကျော်ခန့်အချိန်တွင် ကန်ကြီးထောင့်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ရဲများက ရွေးကျေး ရွာ စာသင် ကျောင်းဝန်းအတွင်း စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းများထပ်မံတွေ့ရှိသည့်အတွက် ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်နေကြကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရသည်။mizzima