ကသာတွင် စစ်တပ်က ကိုအောင်အောင်ကို လမ်းပြအဖြစ် ဖမ်းခေါ်ပြီး နဖူးတည့်တည့် သေနတ်ဖြင့် ပစ်သတ်၍ အလောင်းဖျောက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မိုးတာကျေးရွာမှ ကိုအောင်အောင်ကို နိုဝင် ဘာလ ၂ ရက်နေ့တွင် လမ်း ပြအဖြစ် ဖမ်း ဆီးခေါ်သွားပြီး နဖူးတည့်တည့် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် အ လောင်း ဖျောက်ဖျက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
နို၀င်ဘာ (၂)ရက် မွန်းလွဲ (၁)နာရီ၀န်းကျင် ကသာမြို့နယ် မိုးတားလေးကျေး ရွာအုပ်စုအတွင်း စစ်ကောင်စီတပ်များက စစ်ကြောင်း ထိုးလာစဉ် ဖိုးတုတ်ကုန်းအခင်းစုအရောက် ကိုအောင်အောင်(ခ)အငယ်လေးကို လမ်းပြပေးရန် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုအောင်အောင်၏ နေအိမ်နှင့် နွားတင်းကုပ်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ယနေ့ နို၀င်ဘာ ၅ နံနက်ပိုင်း ကိုအောင်အောင်၏ မိသားစု၀င်များက ကိုအောင်အောင်ကို လိုက်လံရှာဖွေ ရာ မြေပုံတစ်ခုဘေးတွင် ကိုအောင်အောင် ၏ဦးထုပ်တွေ့တဲ့အတွက်မြေပုံကိုတူးဖော်ကြည့်ရာမှ နဖူးကျည်ဖောက်ဒဏ်ရာဖြင့် မြေမြုပ်နှံထားသော ကိုအောင်အောင်၏ အလောင်းကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit