ယုဇနပလာဇာအား ​၄ ရက်ကြာ ပြန်လည်ပိတ်ထားမည်

မကြာမီရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့​သော ယုဇနပလာဇာ၌ ဝါယာ​လျှော့ဖြစ်ခဲ့သည်ဆို​သောအ​ကြောင်းပြချက်ဖြင့် ယ​နေ့ နိုဝင်ဘာလ ၅ရက်​နေ့မှစတင်ကာ လေးရက်တိုင် ​ခေတ္တပိတ်ထား​ကြောင်းသိရသည်။

“မ​နေ့ညက ဝါယာ​လျှော့ဖြစ်တယ်တဲ့၊ ဒီ​နေ့မနက်ကဆို ဆိုင်ကပစ္စည်း​တွေသွားပြန်ထုတ်တာ ထုတ်မရဘူး၊ ​နောက်​တော့ဝင်ခွင့်​ပေးတယ် မီး​တွေပြတ်​နေ​တော့ ဖုန်းမီး​လေးနဲ့​တော့ဝင်ထုတ်လို့ရခဲ့တယ်။ ဖွင့်တာမှမကြာ​သေးဘူး ပြန်ပိတ်​တော့ ​ရေရှည်ဘယ်လိုအလုပ်လုပ်ရမလဲ။ ဖွင့်ရင်လည်းဖွင့်၊ မဖွင့်ရင်လည်းပိတ်သာထားလိုက်​တော့၊ ပစ္စည်း​တွေဆိုင်မှာ ခင်းကျင်းလိုက် ပြန်သိမ်းလိုက်နဲ့အလုပ်အရမ်းရှုပ်တယ်။

ဒီပုံစံအတိုင်းဆို ကိုယ့်ပစ္စည်း​တွေလည်း စိတ်မချရ​တော့ဘူး။ အခုလည်း ဘယ်​တော့မှပြန်ဖွင့်မလဲမသိပါဘူး” ဟု ယုဇနပလာဇာထဲရှိ လက်လီ လက်ကား​စျေး​ရောင်းချသူတစ်ဦးက ​ပြောသည်။သြဂုတ်လမှစတင်ကာ သုံးလကြာယာယီပိတ်ထားခဲ့​သော ယုဇနပလာဇာ​စျေးကြီးအား နိုဝင် ဘာလ ၁ရက်​နေ့က ပြန်လည်ဖွင့်လှစ်​ပေးခဲ့သည်။

နိုဝင်ဘာ ၄ရက်တွင်မူ ဝါယာလျှော့ဖြစ်သည်ဟုဆိုကာ နိုဝင်ဘာ ၅ရက်မှ ၈ရက်အထိ လေးရက်တာ ပိတ်ထားမည်ဖြစ်သည်။ ဝါယာလျှော့ဖြစ်သည့် အလွှာနှင့် မည်သည့်ဆိုင်က ဖြစ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s