ကွမ်းခြံကုန်းတွင် ရန်ကုန် PDF က စစ်ကောင် စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ် သား ၇ ဦး သေပြီး ၁၃ ဦး ဒဏ်ရာရ၊ ကြီးမားသော စစ် ဆင်ရေးတိုက်ခိုက်မှုများ ရှိလာမည်ဟု သတိ ပေး

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ယမန်နေ့ည ၁၀ နာရီအချိန် ရန်ကုန်တိုင်းPDF က စစ်ကောင်စီတပ်သား ၂၅ ဦးခန့်လိုက်ပါလာသော စစ်ကားကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က တရားဝင်သ တင်း ထုတ်ပြန်သည်။
ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီး လမ်းမပေါ်မှာ ကင်းလှည့်လာတဲ့ စစ်ကားပေါ် လိုက်ပါလာသူ စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးခန့်ကို နိုဝင်ဘာ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာ ရရှိကြောင်း၊ ဒဏ်ရာရရှိသူများ ထပ်မံ သေဆုံးနိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် “ပျံလွှားအောင်” စစ် ဆင် ရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းတွင် ကြီးမားသည့် စစ်ရေးတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ် ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။khit thit