ဖေ့စ်ဘွတ်ခ်ပေါ် စာကဗျာရေးပြီး စစ်တပ်ကိုဝေဖန်ခဲ့သဖြင့် ကျိုင်းတုံ စည်ပင်ဒု ညွှန်မှူး ထောင် ၃ ဒဏ် ၃ နှစ်ချမှတ်ခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာဦးစီးဌာနမှ ပြည်နယ်ခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကို ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ- ၅၀၅(က)နဲ့ တရားစွဲဆိုကာ နိုဝင်ဘာလ ၅ ရက်မှာ ကျိုင်းတုံမြို့နယ်တရားသူကြီးက  ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုဟာ စစ်ကောင်စီလက်အောက်မှာ အမှုထမ်းနေတဲ့  Non-CDM ဝန်ထမ်းဖြစ်ပေမဲ့ အာဏာသိမ်းတာနဲ့ပတ် သက်လို့ ဖေ့စ်ဘွတ်ခ်မှာ စာတွေ ကဗျာတွေရေးခဲ့တဲ့အတွက် မတ်လပိုင်းမှာဖမ်းဆီးခံရပြီး မနေ့က ပုဒ်မ- ၅၀၅(က)နဲ့ တရားစွဲဆိုထောင်ချခံရတာလို့ သူနဲ့ နီးစပ်တဲ့ ဒေသခံကတဦးက ပြောပါတယ်။

“၃ လပိုင်း ၁၁ ရက်နေ့ ည ၉ နာရီကျော်မှာ စစ်တပ်၊ ရဲနဲ့ ထွေအုပ်တွေက လာခေါ်သွားတယ်။ အဖမ်းခံရတဲ့နေ့က ည နေ ၆ နာရီထိ ရုံးတက်တယ်။ CDM မလုပ်ဘူး။ လာဖမ်းစဉ်က အခုလို လာဖမ်းရတာဟာ စစ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ကဗျာတွေ၊ စာတွေ ရေးလို့ ဖမ်းရတာဖြစ်တယ်လို့ ပြောသွားတယ်။ ဖမ်းပြီးနောက်နေ့မှာပဲ ၅၀၅(က)နဲ့ အမှုဖွင့်ခံလိုက်ရတယ်” လို့ သူနဲ့ ရင်းနှီးတဲ့ ကျိုင်းတုံမြို့ခံက ပြောပါတယ်။

ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုဟာ အခုနှစ် ဒီဇင်ဘာလမှာ လုပ်သက်ပြည့်ခံစားခွင့်ပင်စင်ယူဖို့ ရှိနေတာဖြစ်ပြီး သူ့ကို ဖမ်းဆီးအရေးယူ ထောင်ချဖို့ အမှုဖွင့်စေခိုင်းသူဟာ စစ်တပ်ကနေ အရပ်ဘက်ဌာနကို အသွင်ပြောင်းလာတဲ့ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဦးစိုင်းထွန်းထွန်းဟာ ဌာနတွင်း ဝန်ထမ်းတွေအပေါ် ရာထူးတိုးအတွက် ငွေကြေးတောင်းခံတာ၊ နေရာကောင်း၊ မြို့ကောင်းရချင်သူတွေအပေါ် ငွေကြေးတောင်းခံတာနဲ့ ဌာနအတွင်း အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတွေကြောင့်  ခုံရုံးဖွဲ့ စစ်ဆေးခံခဲ့ရသူ ဖြစ်တယ်လို့ စည်ပင်သာ ယာဝန်ထမ်းတွေထံက သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s