ကောလင်းတွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ် ပွားနေမှု စစ်ကောင်စီက စစ်ရဟတ်ယာဉ် ၂ စီးအသုံးပြု ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ယနေ့ စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများဖြစ်ပွားပြီး ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို စစ်ကောင်စီဘက်က လုပ် ဆောင်လာကြောင်း ကောလင်းမြေပြင်ကင်း ထောက်အဖွဲ့က ရန်ကုန်ခေတ်သစ်သို့ပြောသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်း ချောင်းနား အုပ်စု ညောင်ပင်လှရွာ အနီးတွင် ယနေ့ စစ်တပ်နှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ ၃၀ မိနစ်တွင်မူ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း Kawlin Revolution မှ တာဝန်ရှိသူက ပြောသည်။
“အဆက်အသွယ် ပြတ်နေတုန်း။ ရွာသူရွာသားတွေ အားလုံးပြေးနေရတော့ သတင်းချက်ချင်း တိတိကျကျပေးဖို့ခက်တယ်။ အကြမ်းဖျဉ်းလောက်ပဲ ပြောနိုင်တယ်။ စစ်တပ်က လေကြောင်းသုံးတယ်။ စစ်ရဟတ်ယာဉ် ၂ စင်းနဲ့ လာပစ်တယ်” ဟု Kawlin Revolution မှ တာဝန်ရှိသူကဆိုသည်။ ကောလင်းဒေသခံတစ်ဦးကမူ စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ် ၂ စီးသည် ၄၅ မိနစ် နီးပါး ပျံဝဲ၍ ပစ်ခတ်တိုက်ခိုက်ကြောင်း၊ ကျေး ရွာများသို့ ဦးတည် ပစ်ခတ်တိုက်ခိုက်ကြောင်း ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှ၊ တန့်ဆည်ဒေသခံများကလည်း စစ်ရဟတ်ယာဉ် ၂ စင်း ယနေ့ ညနေပိုင်းတွင် ပျံသန်းသွားကြောင်း ပြောဆိုကြရာ အ ဆို ပါ ရဟတ်ယာဉ် ၂ စင်းသည် ကောလင်းဒေသသို့ သွားရောက် ပစ်ခတ်တိုက်ခိုက်သည့် စစ်ရဟတ်ယာဉ်များဖြစ်ကြောင်း ဒေသကာကွယ် ရေးတပ်နှင့်ဒေသခံများထံမှ ရန်ကုန်ခေတ်သစ်က အတည်ပြုချက် ရရှိသည်။khit thit