Monthly Archives: Nov 2021

အမေရိကန်သတင်းသမား Danny Fenster ကြီးလေးသောပုဒ်မနှစ်ခုဖြင့် ထပ်အမှုဖွင့်ခံရ 

ပုဒ်မသုံးခုဖြင့် အမှုရင်ဆိုင်နေရသူ အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၉) ရုံးချိန်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) တို့ဖြင့် ထပ်မံအမှုဖွင့်လိုက်သည်ဟု သိရသည်။

အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမားကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က၊ မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ၁၇(၁) အပြင်  လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁)တို့ဖြင့် တရားစွဲဆိုထားပြီးဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ပြစ်ဒဏ်ကြီးလေးသသည့် ပုဒ်မနှစ်ခုဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ထပ်တိုးအမှုဖွင့်လိုက်ခြင်းဖြစ်ပြီး အ ကြောင်းရင်းကို မသိရသေးကြောင်း Danny Fenster ၏ ရှေ့နေ ဦးသန်းဇော်အောင်က Myanmar Now ကို ပြောသည်။

“အဲဒီနှစ်မှုအတွက် ဘာကြောင့်စွဲဆိုတယ်ဆိုတာကို မပြောနိုင်သေးဘူး။ ဒီနေ့မှာ တရားဝင်သိရတာ ဒါနဲ့ဆိုရင်တော့ သူရင်ဆိုင်နေရတာ ၅ မှုရှိပါပြီ” ဟု ၎င်းက ပြောသည်။

ထပ်မံစွဲဆိုလိုက်သော ပုဒ်မ ၁၂၄-က သည် အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်း (အနှစ်၂၀) ထိ ချမှတ်နိုင်သကဲ့သို့ အကြမ်းဖက်မှုဥပဒေပါ ပုဒ်မ ၅၀(က) သည်လည်း အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည်။

ယနေ့ရုံးချိန်းတွင် အမေရိကန်သတင်းသမား Danny Fenster ၏ ဇနီးဖြစ်သူနှင့် Frontier Myanmar မဂ္ဂဇင်းမှ ဝန်ထမ်းနှစ်ဦးက သက်သေထွက်ဆိုခဲ့သည်ဟု ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။ 

“ဒန်နီက Frontier မှာ ၂၀၂၀ ကနေ ခုထိလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း၊ အဲဒီမတိုင်ခင်က Myanmar Now မှာ လုပ်ခဲ့တယ်ဆိုတဲ့အကြောင်း၊ ပြန် ကြားရေးဝန်ကြီးဌာနက ပြန်ကြားတဲ့စာထဲမှာ Myanmar Now ရဲ့ အယ်ဒီတာအဖွဲ့ထဲမှာ ပါတယ်ဆိုတာ သူမသိကြောင်း၊ အဲ့ဒီစာကို ဘယ် လိုလုပ်ထားတယ်ဆိုတာ သူမသိဘူးဆိုတဲ့အကြောင်းတွေ အဲဒါတွေထွက်ဆိုတယ်” ဟု ဦးသန်းဇော်က ပြောသည်။

အမေရိကန်သတင်းသမား Danny Fenster ကို စွဲဆိုထားသော ၅၀၅ အမှု၊ ၁၇(၁) နှင့် ၁၃(၁) အမှုများအတွက် နိုဝင်ဘာ ၁၀ ရက် ရုံးချိန်းတွင် လျှောက်လဲချက်ပေးရမည်ဟုလည်း ၎င်းက ပြောသည်။

ပုဒ်မ ၅၀၅-က အမှုအတွက် အာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ပြီး လက်ရှိတွင် စွဲဆိုထားသည့် ပုဒ်မငါးခုလုံးအတွက် ရုံး ဖွင့်ရက်များတွင် နေ့စဉ်ပုံမှန်စစ်ဆေးသွားမည်ဟု ဦးသန်းဇော်အောင်က ပြောသည်။ 

မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသူ Danny Fenster ၏ လက်ရှိကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “သူ စိတ်ကျန်းမာရေးအတွက် ဆေးတွေသောက်နေရတယ်၊ စိတ်ကျနေလို့ အဲဒီအတွက် ဆေးတွေသောက်နေရတယ်လို့ သိရတယ်” ဟု ဦးသန်းဇော်အောင်က ပြောသည်။

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က၊ ပုဒ်မ ၁၇(၁) ဖြင့် စွဲဆိုထားသည့် အမှုနှစ်ခုလုံးမှာ ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရပြီးနောက်ပိုင်း Myanmar Now က ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်ကြောင်း ဦးသန်းဇော်အောင်က ပြောကြားထားသည်။

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာဖြစ်သူ အမေရိကန်နိုင်ငံသား Danny Fenster မှာ အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်ကတည်းက Myanmar Now မှ အလုပ်ထွက်ထားသူဖြစ်သည်။

Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ် ချုပ်ဇော်မင်းထွန်းကမူ ထိန်းသိမ်းထားရမည့်အခြေအနေဖြစ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စက်တင်ဘာလကုန်းပိုင်းတွင် သတင်းစာရှင်း လင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လွတ်လာသူအချို့ရှိသော်လည်း သ တင်းသမားအများအပြား ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ ကြီးလေးသော ပုဒ်မများဖြင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများကို ရင် ဆိုင်နေရသူများလည်း ရှိသည်။myanmar now

ထိုင်းက အလုပ်သမား ၈၀၀၀၀ ခန့် ခေါ်ယူရန် ရှိသော်လည်း မြန်မာအလုပ်သမားဌာနနှင့် မညှိနှိုင်းရသေး

ထိုင်းအစိုးရက  သူ့နိုင်ငံရဲ့ စီးပွားရေးလိုအပ်ချက်အရ မြန််မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၈၀၀၀၀ လောက်တရားဝင် ခေါ်ယူဖို့ အစီအစဉ်ရှိနေပေမယ့် မြန်မာဘက်က အလုပ်သမားဝန်ကြီးဌာနနဲ့ တရားဝင်ညှိနှိုင်းတဲ့ အဆင့်အထိ မရောက်သေးတဲ့အကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီတွေထံက စုံစမ်းသိရပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့အကြားမှာ MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ မြန်မာအလုပ်သမားစေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကစပြီး တရားဝင်စေလွှတ်ပေးခဲ့တာ ကိုဗစ်ကပ်ဘေးကာလ မတိုင်မီ ၂၀၂၀ မတ်လ ၁၈ ရက်နေ့အထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ် ပိတ်လိုက်ပြီးနောက် နှစ်နိုင်ငံအကြားမှာ တရားဝင်အလုပ်သမားစေလွှတ်မှုမရှိတော့တာ  ဒီကနေ့အထိ ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက “ခေါ်မယ်လို့တော့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ ကျမတို့က နှစ်နိုင်ငံဝန်ကြီးဌာနရဲ့ ခွင့်ပြုမိန့် မရသေးရင်တော့ လွှတ်လို့ မရသေးဘူးလေ။ အဲ့တော့ လာမယ့် ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီ ဆိုပြီး ပြောတာမျိုးတွေတော့ ရှိနေတယ်။ ထိုင်းဘက်ကကော ဒီဘက်ကကော ညှိနှိုင်းပြီးမှ အေဂျင်စီတွေ ကလုပ်လို့ရမှာပါ။ အခုအချိန်ထိတော့ ကျမတို့ဒီဘက်က  အလုပ်သမားဝန်ကြီးဌာနက ဒါနဲ့ပတ်သတ်ပြီး ထွေထွေထူးထူး ညွှန်ကြားတာမျိုးတော့ မရှိသေးဘူး။ ပြီးတော့ ထိုင်းဘက်က မြန်မာအလုပ်သမားတွေခေါ်တဲ့နေရာမှာ သူတို့ကြေညာထားတာက  ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်ထိုးပြီးထားတဲ့ သူက ပထမဦးစားပေးပေါ့။ ဒုတိယဦးစားပေးက ၁ကြိမ်ထိုးပြီးတဲ့သူ၊ ပြီးတော့ ကွာရန်တင်းဝင်ဖို့ကိစ္စတွေပေါ့။ ဒါတွေတော့ ကျမတို့ လည်းကြားသိရပါတယ်ရှင့်” လို့ပြောပါတယ်။

နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်းအကြားမှာ တရားဝင်အလုပ်သမားခေါ်ယူရေး နဲ့ပတ်သက်ပြီး အခုလို ညှိနှိုင်းဆောင်ရွက်တဲ့အဆင့် မရောက်သေးပေမယ့် ရန်ကုန်မြို့က ပတ်စပို့စ်ရုံးမှာတော့ ပွဲစားတွေအတွက် လုပ်စား ဖို့စျေးကွက်ဖြစ်နေတယ်လို့ ထိုင်းနိုင်ငံဆီ တရားဝင် MOU စနစ်ဖြင့် စေလွှတ်ပေးနေတဲ့ အကျိုးဆောင်လုပ်ငန်းရှင်တဦး ကလည်း ဆိုပါတယ်။ 

“ထိုင်းနိုင်ငံကလည်း သူ့နိုင်ငံရဲ့စီးပွားရေးအရ အလုပ်သမားလိုအပ်ချက်က အများကြီးရှိနေတယ်။ အဲ့ဒီ့လိုအပ်ချက်အပေါ်မှာ CI ရုံးတွေဖွင့်ပေးမယ်။ ထိုင်းအစိုးရဘက်က ကြေညာချက်အရ ဒီဘက်က လူပွဲစားတွေကလည်း ဟိုဘက်မှာ CI တွေရမယ်။ အလုပ်တွေလည်း လိုနေတယ်။ ဖြစ်ချင်တော့ ဒီဘက်က ပတ်စပို့စ်ရုံးကို အလုပ်သမားစေလွှတ်ခွင့်မရသေးခင် ကြိုပြီးဖွင့် လိုက်တာက ပွဲစားတွေအတွက် လုပ်စားဖို့ စျေးကွက် ဖြစ်သွားတယ်။ တရားဝင်စေလွှတ်ခွင့်မပြုသေးခင် ပတ်စပို့စ်တွေ အပီအပြင်လုပ်ခွင့်ပြုလိုက်တာက တရားဝင်လမ်းကြောင်းနဲ့ သွားမယ့်အ လုပ်သမားတွေကို မင်းတို့ ဟိုဘက်မှာ CI လည်း ရမယ်။ အလုပ်လည်းရမယ်။ work permit လည်းရမယ်၊ ပတ်စပို့စ်လည်း ရမယ်ဆိုပြီး ပွဲစားတွေအတွက်က စည်းရုံးရ လွယ်ကူသွားတာပေါ့နော်။ ပြီးတော့ ပွဲစားတွေ တောင်းနေတဲ့ နှုန်းထားကလည်း ထိုင်းငွေ(ဘတ်) တသောင်းရှစ်ထောင်၊ နှစ်သောင်းခွဲအထိ တောင်းနေတာ။ ဒါကြောင့် MOU စနစ်နဲ့ တရားဝင်လမ်းကြောင်းနဲ့ အမြန်ဆုံးစေလွှတ်နိုင်ဖို့အတွက် မြန်မာအလုပ် သမားဝန်ကြီးဌာနဆီ ဒါတွေကို တင်ပြသွားမယ်” လို့အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။

တရားမဝင်လမ်းကြောင်းနဲ့သွားတဲ့အခါ ထိုင်းဘက်က  ရဲဖမ်းတာ၊ ငွေကြေးအမြောက်အများ ကုန်ကြတာ စတဲ့ မြေပြင်အခြေ အနေနဲ့ပတ်သတ်ပြီး မြန်မာအလုပ်သမားဝန်ကြီးဌာနဆီ ပေးပို့တင်ပြထားပြီးဖြစ်ပါတယ်။

တင်ပြထားရှိတဲ့ အကြံပြု ချက်တွေနဲ့စပ်လျဉ်းပြီး ပြန်လည်ဆွေးနွေးပေးဖို့ မြန်မာအလုပ်သမားဝန်ကြီးဌာနဆီ အွန်လိုင်းကနေ တရားဝင် call ဖို့အတွက် တောင်းဆိုထားရှိကာ အခုလာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဆွေးနွေးသွားဖို့ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ MOU စနစ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်မည့်အလုပ်သမားတဦးအတွက် ကုန်ကျစားရိတ်က မြန်မာအလုပ်သမားဝန် ကြီးဌာနက သတ်မှတ်ထားတာက မြန်မာငွေ ကျပ်တသိန်းခွဲ ရှိပြီး ထိုင်းဘက်အခြမ်းမှာတော့ work permit နဲ့ Visa ၊ ကားခ အတွက်က တချို့ကလည်း အလုပ်ရှင်တွေက အကုန်အကျခံပေးတာမျိုး ရှိသလို အကုန်အကျမခံရင် ထိုင်းဘတ် ၃၆၀၀ အထက်ကုန်ကျနိုင်ပါတယ်။DVB

ဟားခါးမြို့ ပြည်နယ်ရဲတပ်ရင်းကို ချင်းတော် လှန်ရေးတပ်များ ဝင်တိုက်၊ ရဲ ၇ ဦးကျဆုံးဟုဆို

ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်နယ် ရဲတပ်ရင်းကို ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက် ၆ နာရီတွင် ချင်းတော်လှန်ရေးတပ်များ ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ရဲ ခုနှစ်ဦး ကျဆုံးသွားသည်ဟု ချင်းအမျိုးသား တပ်မတော် (CNA) မှ ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။

“ကျွန်‌တော်တို့ ပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်တာ လူပျိုဆောင်က မျက်နှာသစ်တဲ့အချိန် ဖြစ်နေတယ်။ အဲဒါကြောင့် အချိန်တိုအတွင်း အဲဒီလောက် ကျသွားကြတာ။ ကျွန်‌တော်တို့ဘက်က အထိအခိုက် မရှိဘူး” ဟု ၎င်းက ပြောသည်။

CNA နှင့် CDF-Hakha အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန် နာရီဝက်အကြာတွင် အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု၎င်းက ပြောသည်။ ဟားခါးမြို့ ခြောက်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကိုလည်း ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၄ ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့သည်။mizzima

စစ်အာဏာရှင်ဆန့်ကျင်သူ လူငယ်တစ်ဦး၏ ဖခင် ပစ်သတ်ခံရပြီး ၁၅ ဦးအဖမ်းခံထားရ 

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်သည့် လူငယ်တစ်ဦး၏ ဖခင်ကို စစ်တပ်က ပစ်သတ်ခဲ့ပြီးနောက် အဆိုပါလူငယ်အပါအဝင် ၁၅ ဦးကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးခဲ့သည်။ 

ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်နေသည့် ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှ အသက် ၂၀ ကျော်အရွယ် ကိုကောင်းဆက်၏ ဖခင်ဖြစ်သူ ဦးမျိုးလွင်မှာ အောက်တိုဘာ ၂၈ ရက်တွင် စစ်တပ်က လိုက်လံဖမ်းဆီးစဉ် ပစ်သတ်ခံရကြောင်း နီးစပ်သူတစ်ဦးက Myanmar Now ကို နိုဝင်ဘာ ၈ ရက်တွင် ပြောသည်။

“ကားနဲ့ နောက်ကနေ လိုက်ဖမ်းတာ။ ရပ်မပေးလို့ဆိုပြီးတော့ ပစ်ဖမ်းတာပေါ့နော်။ အဲဒီနေရာမှာတင် ဆုံးတာတော့ မဟုတ်ဘူး။ သူက အသက်ရှိသေးတယ်။ ခေါ်သွားပြီးတော့ သေနတ်ဒဏ်ရာကို ဆေးကုမပေးဘူးနဲ့တူတယ်။ မနက်မိုးလင်းတော့ အိမ်ကို အလောင်းလာထုတ်ဖို့ ဖုန်းဆက်တာပဲ” ဟု ကိုကောင်းဆက်နှင့် ရင်းနှီးသူက ပြောသည်။ 

အောက်တိုဘာ ၂၉ နံနက်တွင် အလောင်းလာထုတ်ရန် စစ်တပ်က မိသားစုဝင်များကို အကြေင်းကြားပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် ကိုကောင်းဆက်၏ ဦးလေးဖြစ်သူ ဦးမျိုးသက်ဝေကို စစ်ကောင်စီက နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။

“သူ့ဦးလေးက ဘာမှ ဒီလှုပ်ရှားမှုမှာ ပါနေတာ မဟုတ်ဘူး။ သူ့ဦးလေးကို ထပ်ဖမ်းပြီးတော့ တီဗီမှာ ကြေညာတယ်” ဟု ကိုကောင်းဆက်၏ မိတ်ဆွေက ဆိုသည်။

ထို့နောက် ကိုကောင်းဆက်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ ပါဝင်နေသူများကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးပြီး နိုဝင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ ဖမ်းဆီးခံရသူများမှာ ကိုနိုင်ရဲထွန်း၊ ကိုလင်းထက်ဆန်း၊ ကိုနန္ဒအောင်လင်း၊ ကိုဇင်မင်းထက်၊ ကိုမင်းဟိန်းခန့်၊ မဆုမြတ်ထွေး၊ ကိုဇင်ကိုဟိန်း၊ ကိုရဲလင်းအောင်၊ ကိုဖန်မှူးအိမ်၊ ကိုမောင်မျိုး၊ မချစ်ပုံ၊ ဦးမျိုးသက်ထွေးနှင့် ကိုအောင်နိုင်ဦး ဆိုသူတို့ ဖြစ်ကြသည်။

ဖမ်းဆီးခံရသူအများစုမှာ အသက် ၁၇ နှစ်မှ ၃၀ ကြားရှိ လူငယ်များဖြစ်ကြပြီး ၎င်းတို့သည် ရန်ကုန်မြို့တွင် ဖောက်ခွဲမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်သည်ဟု စစ်ကောင်စီက စွပ်စွဲထားကာ ၎င်းတို့နှင့်အတူ လက်နက်များပါ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ကိုကောင်းဆက်၏ ဦးလေးဖြစ်သူ ဦးမျိုးသက်ဝေမှလွဲ၍ ကျန်လူငယ်များမှာ ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားနေသူများဖြစ်ကြောင်း ကိုကောင်းဆက်၏ မိတ်ဆွေက ပြောသည်။ 

ဩဂုတ်လအတွင်းက လူငယ်အချို့ တိုက်ပေါ်မှ ခုန်ချစဉ် သေဆုံးခဲ့သည့် ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခု ဝင်ရောက်စီးနင်းခံရမှုအပြီးတွင် လူငယ်အချို့က 44st UG ဟု သီးခြား ဖွဲ့စည်းကာ မြေအောက်တော်လှန်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရာတွင် ကိုကောင်းဆက်ပါဝင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ကိုကောင်းဆက်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အောက်ရှိ ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC) တွင် ပါတင်လှုပ်ရှားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက ထိုသို့သတင်းထုတ်ပြန်အပြီး နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကိုကောင်းဆက်နှင့် မိတ်ဆွေ ကိုဝေထွန်းဆိုသူတို့ ရန်ကုန်မြို့အထွက် စစ်ဆေးရေးဂိတ်တစ်ခုတွင် အဖမ်းခံရပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း အထက်ပါ မိတ်ဆွေက ပြောသည်။

ကိုကောင်းဆက်ကို အမွေပြတ်စွန့်လွှတ်ကြောင်း ၎င်း၏ မိခင်က အောက်တိုဘာ ၃၁ ရက်နေ့ကတည်းက နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့သည်။

“သူ(ကိုကောင်းဆက်) ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တကယ်ကို ရွပ်ရွပ်ချွံချွံ ပါဝင်တဲ့ လူငယ်တစ်ယောက်ပေါ့နော်။ သူရော ကိုဝေထွန်းရောပေါ့။ ကျွန်တော်တို့ သိတာတော့ အတူတူသပိတ်မှောက်တယ်၊ လမ်းပေါ်ထွက် ဆန္ဒပြတယ်ဆိုတဲ့ဟာတွေ လုပ်တာရှိတယ်လို့ သိတယ်” ဟု ကိုကောင်းဆက်၏ မိတ်ဆွေက ပြောသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ယမန်နေ့ (နိုဝင်ဘာ ၉) အထိ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သူ ၁၂၄၄ ဦးရှိကာ ဖမ်းဆီးခံရသူ ၉၉၀၀ ရှိသည်။ myanmar now

ယင်းမာပင် တိုက်ပွဲအတွင်း စစ်​ကောင်စီတပ် သား ၃၀ ခန့်ကျဆုံး၊ PDF ဘက်က ၁ ဦး ဒဏ် ရာရ

စစ်​ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တယ်ပင်ကန်​ကျေးရွာအ​နီးမှာ စစ်​ကောင်စီတပ်ဖွဲ့နဲ့ ​ဒေသခံ PDF အဖွဲ့တို့ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တယ်ပင်ကန်​ကျေးရွာအ​နောက်ဘက်နားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်​ကောင်စီတပ်သား ၃၀ ဝန်းကျင်လောက် ကျဆုံးပြီး ​ဒေသခံ PDF အဖွဲ့က ၁ ဦး လက်​မောင်းထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့  PDF အဖွဲ့ဝင်​တွေက ​ပြောပါတယ်။ 

စစ်​ကောင်စီတပ်ဖွဲ့​တွေအလာမှာ ​ဒေသခံ PDF  အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်မှု​​တွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ 

မနက် ၉ နာရီ​​ကျော်လောက်က စတင်ဖြစ်ပွားခဲ့ကာ တိုက်ပွဲကြာမြင့်ချိန် ၁ နာရီဝန်း​ကျင်​လောက်ထိ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီ​နောက် စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ ယင်းမာပင်ဘက် ဆက်လက်ချီတက်ခဲ့ကြပြီး ​​နှောရိုး-ကောင်းဆင့်​ကျေးရွာအနီးမှာလည်း စစ်​ကောင်စီကား ၂ စီး ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ထိခိုက်ကျဆုံးမှုအ​ခြေ​နေကို​တော့ မသိရ​သေးဘူးလို့ ​ပြောပါတယ်။ 

စစ်​ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရအပြီး ​ကောင်းဆင့်​ကျေးရွာအပါအဝင် အနီးနားမှာရှိတဲ့ ​ကျေးရွာ​တွေက ​ဒေသခံပြည်သူ​တွေ ထွက်​ပြေး​နေကြရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာမှုနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။DVB

ကသာတွင် မိုင်းကွင်းထဲ စစ်ကောင်စီစစ် ကြောင်း ဝင်ရောက်မိ၍ စစ်သား ၄၀ မိုင်းထိသေဆုံးပြီး အလောင်းမကောက်နိုင်သေး၊ ရွာ သား ၄ ဦးကို ဓားစားခံဖမ်း

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဝဲကြီးကျေးရွာအနီး ပတ်ဝန်းကျင်တွင် KIA နှင့် KPDF က ပူးပေါင်း ထောင်ထားသော မိုင်းကွင်းထဲသို့ စစ်ကောင် စီစစ်ကြောင်း ဝင်ရောက်ချီတက်လာမိသဖြင့် စစ်သား ၄၀ ဦး မိုင်းထိကျဆုံးကာ အလောင်း မကောက်နိုင်သေးကြောင်း ဒေသသတင်းရင်းမြစ် KRက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်တွင် ကသာမြို့နယ် ဝဲကြီးရွာတွင် KIAနှင့် KPDF များ ထောင်ထားသော မိုင်းကွင်းထဲသို့ စစ်ကောင်စီတပ်များကျရောက်ပြီး မိုင်းလေးလုံးဆင့်ပေါက်ကာ စစ်ကောင်စီဘက်မှ ၄၀ ဦးသေဆုံးကြောင်း သိရှိရသည်။ “မိုင်းကွင်းထဲကို စစ် ကြောင်း ဝင်လာတာ။ စစ်သား ၄၀ ကျတယ်။

အလောင်းတွေ ပြန်မသယ်ရသေးဘူး။ ရွာသား ၄ ဦးကို ဓားစာခံ ဖမ်းသွားပါတယ်။ မိုးတားရွာထဲမှာ လည်းစစ်သားတွေရှိနေတယ်” ဟု KR တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ ယမန်နေ့က မိုးတားလေးကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် KIA၊ PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ စစ်သား ၂၀ ခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။khit thit

မြစ်ငယ် PDF လှုပ်ရှားခဲ့သည့်ရွာကို စစ်တပ် ဝင်စစ်ဆေး

အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရသည့် မန္တလေး၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာကို ယမန်နေ့ (နိုဝင်ဘာ ၈) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ရွာသားတချို့ကို စစ်ဆေးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကား ၂ စီးဖြင့် ရောက်လာသော စစ်သားများက ကျေးရွာ အထက (ခွဲ) တွင် တပ်စွဲလျက် မီးလောင်မှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် ပတ်သက်၍ စစ်ဆေးသွားပြီး စစ်သား ၈ ဦး အစောင့်​ချထားခဲ့ကြောင်း ၎င်းက ဆိုသည်။ 

နိုဝင်ဘာ ၇၊ နံနက် ၃ နာရီခွဲခန့်က ရေကြည်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမီးရှို့သူကို ဒေသခံတချို့က လိုက်လံဖမ်းဆီးကြကြောင်း၊ မီးရှို့သူတို့မှာ PDF မှ ဖြစ်သည်ကို နောက်ပိုင်းမှ သိခဲ့ရကြောင်း ၎င်းက ပြောသည်။  

“အစက လိုက်ဖမ်းတာဆိုတော့ ပျူစောထီးတွေ မီးရှို့လို့ လိုက်ဖမ်းတယ် ထင်လိုက်သေးတာ။ အခုဆို ဘေးရွာတွေက ကျွန်တော်တို့ရွာကို ဒ လန် ရွာဆိုပြီး ခေါ်နေကြပြီ။ အဲဒီနေ့ည လိုက်ဖမ်းတဲ့ကောင်တွေကို လုံးဝမကျေနပ်ဘူးဗျာ” ဟု လုံခြုံရေးအရ အမည်ဖော်ပြခြင်း မပြုနိုင်သော အထက်ပါ ရေကြည်ပေါက် ရွာသားက ပြောသည်။

အမရပူရနှင့် ကပ်လျက်တည်ရှိသည့် မြစ်ငယ်မြို့မှ PDF အဖွဲ့က ထိုရုံးမီးရှို့မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က အယောင်ပြမီးရှို့တာပါ။ မမျှော်လင့်ဘဲ သတင်းပေးဒလန်နဲ့ ရွာသားတချို့က လိုက်တာ ကြုံရတယ်။ စစ်ဆင်ရေးလုပ်က တည်းက မဆိုင်တဲ့ရွာခံတွေ ထိမှာစိုးလို့ ဗုံးမသုံးဘဲ မီးနည်းနည်းလေး ရှို့ပြီး မျှားတာ” ဟု  မြစ်ငယ် PDF တာဝန်ခံက ယမန်နေ့က ပြောသည်။ 

“အဲဒါနဲ့ ဆုတ်သွားအောင် လွတ်တဲ့နေရာမှာ ဗုံးခွဲပြလိုက်မှ နောက်ဆုတ်သွားကြတယ်” 

မြစ်ငယ် PDF တာဝန်ခံ နောက်တစ်ဦးကလည်း ရေကြည်ပေါက်ကျေးရွာမှ ယက္ကန်းလုပ်ငန်းရှင်တချို့အပါအဝင် ဒေသခံတချို့သည် စစ်ကောင် စီနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့် ပိုမိုသတိထားလုပ်ဆောင်ခဲ့ရသည်ဟု Myanmar Now ကို ပြောသည်။

“စစ်ကောင်စီနဲ့ ပတ်သက်ရာနေရာတွေမှာ တစ်ခုခုဖြစ်ရင် မစပ်စုကြဖို့ ပြောချင်ပါတယ်။ ဒီတစ်ခါကတော့ ကျွန်တော်တို့ ရှောင်နိုင်ခဲ့ပေမဲ့ နောက် တစ်ခါဆို ရှောင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဝေးဝေးနေပေးကြဖို့ တောင်းဆိုပါတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

မြစ်ငယ် PDFက ယမန်နေ့က သတိပေးချက်ထုတ်ပြန်ရာတွင် စစ်ကောင်စီကို ထောက်ခံ၍ဖြစ်စေ၊ အန္တရာယ်ပြုခံရမည်စိုး၍ဖြစ်စေ၊ လုပ်ငန်းများအဆင်ပြေစေလို၍ဖြစ်စေ၊ လှူဒါန်းထည့်ဝင်မှုသည် ပြည်သူကို သတ်မည့် ကျည်ဆန်ဖိုးဖြစ်သွားနိုင်သည်ဟု သတိပေးထားသည်။ 

မည်သူက ငွေကြေးမည်မျှ ထောက်ပံ့ထားသည်ကိုလည်း စာရင်းအတိအကျရရှိထားကြောင်း ထိုသတိပေးချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီကလည်း ပြောက်ကျားတိုက်ခိုက်နေသည့် PDF များကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကာ စစ်တပ်စေလွှတ်ပြီး လိုက်လံချေမှုန်းလျက်ရှိသည်။  myanmar now

ထားဝယ်တက္ကသိုလ် ကျောင်းသားခေါင်း ဆောင်၏ မိခင်နှင့်ညီမ အဖမ်းခံရ

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဖြစ်သူ မသီရိမိုး၏ အသက် ၄၀ ကျော် မိခင်နှင့် ၁၆ နှစ်အရွယ်ညီမကို ယမန်နေ့ (နိုဝင်ဘာ ၈) ည ၉ နာရီခန့်တွင် စစ်ကောင်စီ၏ အရပ်ဝတ် လက်နက်ကိုင်များက နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အမည်မဖော် လိုသူ ဆွေမျိုးနီးစပ်တစ်ဦးက ပြောသည်။

ထားဝယ်မြို့ရှိ နေအိမ်ကို ရောက်ရှိလာသည့် ထိုအရပ်ဝတ်လက်နက်ကိုင်များက ဖုန်းများကို သိမ်း ယူခဲ့သည့်အပြင် မေးစရာရှိသည်ဆိုကာ ၎င်းတို့နှစ်ဦးကို ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့ (နိုဝင်ဘာ ၉) မွန်းလွဲအထိ ပြန်မလွှတ်သေးကြောင်း၊ လူချင်းတွေ့ခွင့်မရကြောင်း သိရသည်။ စစ်တပ်က အာဏာသိမ်းသည်ကို ဆန့်ကျင်ခဲ့သူ အသက် ၂၁ နှစ်အရွယ် ကျောင်းသားများသမဂ္ဂ ခေါင်းဆောင် မသီရိမိုးမှာ ပုဒ်မ ၅၀၅−က ဖြင့် ဧပြီလကတည်းက ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ် သည်။

မသီရိမိုးကို ဖမ်းမမိသောကြောင့် မိခင် ဒေါ်သက်သက်ထွေးနှင့် ညီမ မရွှေရည်မိုးတို့ကို ဖမ်းဆီးခြင်းဖြစ်သည်ဟု အထက်ပါ ဆွေမျိုးနီးစပ်သူက ဆိုသည်။myanmar now

« Older Entries Recent Entries »