တိုက်ပွဲများကြောင့် ချင်းပြည်နယ်၏ ဝင်ငွေရ ၀ဥစိုက်ပျိုးရေးလုပ်ငန်း ဈေးကွက်ပျက်

ချင်းပြည်နယ်၏ ဒေသစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော ၀ဥ စိုက်ပျိုး ထုတ်လုပ်ရေးသည် တိုက်ပွဲများကြောင့် ရောင်းသူ၊ဝယ်သူ မရှိဘဲ ဈေး ကွက် ပျက်နေသည်ဟု ဒေသခံ ၀ဥစိုက် တောင်သူ တစ်ဦးက ပြောသည်။

“ဘယ်သူမှလည်း စိုက်ခင်းသွားပြီး အသီး မကောက်ရဲဘူး။ အသီးကလည်း ဖြစ်ထွန်းမှာ မဟုတ်ဘူး။ ဝဥစိုက် တောင်သူတွေက စစ်ရှောင် နေကြရတော့ စိုက်ခင်းတွေ ပေါင်းမရှင်းနိုင်ဘူး။ ပေါင်းမရှင်းနိုင်တော့ ကြွက်ကိုက် စားကြတော့ အသီးလည်း မသီးနိုင်တော့ဘူး။ ဝဥတောင်သူတွေ ရှုံးကြမှာပဲ” ဟု ၎င်းက ပြောသည်။ပုံမှန်အားဖြင့် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလသည် ဝဥ အသီးကောက်ချိန် ဖြစ်ရာ ၀ဥစိုက်တောင်သူများ ဝင်ငွေကောင်းသည့် အချိန်ဖြစ်ကြောင်းနှင့် ၀ဥ တစ်ပိဿာလျှင် ကျပ် ခုနှစ်ထောင်မှ ရှစ်ထောင်ကျပ်အထိ ရရှိကြောင်းလည်း ၎င်းက ပြော သည်။

”အခုက လေးထောင်ကျပ်တောင် ဝယ်မယ့်သူ တော်တော် ရှာယူနေရတယ်” ဟု ၀ဥစိုက် တောင်သူတစ်ဦးက ပြောသည်။ ဝဥဈေးကွက်သည် လက်ရှိတွင် တရုတ်ဝယ်လက် တစ်ခုသာ ရှိနေပြီး ဂျပန်ဈေးကွက် မရတော့ခြင်းကြောင့် ဈေးသိသိသာသာ နည်းလာခြင်းဖြစ်ပြီး တရုတ်ဝယ်လက်များ၏ ဈေးကစားမှုကိုလည်း ခံရဦးမည်ဟု အဝယ်ဒိုင်တစ်ဦးက ပြောသည်။

”မနှစ်က ဂျပန်ဘက်က အဝယ်တော်တွေက COVID -19 ကပ်ရောဂါ ကြောင့် မလာနိုင်ဘူး။ အရင်ကဆိုရင် ဝဥ အခြောက် တစ်ပိဿာ ကို ကျပ် ၁၂,၀၀၀ လောက် ရတယ်။ အခု ဂျပန်ဈေးကွက် မရှိတော့ တစ်ပိဿာကို ကျပ်တစ်သောင်းဝန်းကျင် ဈေးပေါက်နေတယ်။ တရုတ်ကလည်း သူတစ်ယောက်ပဲ ဝယ်လက်ရှိတော့ ဈေးကစားအုံးမှာ” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ် တောင်ပိုင်း မတူပီ၊ မင်းတပ်နှင့် ကန်ပက် လက် မြို့နယ်များ၌ ဝဥကို အဓိက စီးပွားဖြစ် စိုက်ပျိုးကြပြီး မန္တလေးမှ တစ်ဆင့် တ ရုတ် ဈေးကွက်သို့ အများဆုံး တင်ပို့ ရောင်းချ ကြသည်။မင်းတပ်မြို့နယ် ထင်ချောင်းရွာတွင် ဝဥစိုက်တောင်သူများ စုပေါင်း တည်ထောင်ထားသော ‘ချင်းတောင်ရတနာ’ ဝဥ လွှာခြောက် စက်ရုံ ရှိသော်လည်း ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိသေးပေ။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s