ပေါင်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံစီးရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးကျော်အောင် နေအိမ်အရှေ့မှာ ရှိနေစဉ် အမည်မသိ သေနတ်သမား တယောက်က ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။
သေနတ်ဖြင့် ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ ဝဲဘက်နို့အုံ သေနတ်ဒဏ်ရာ တစ်ချက် ရရှိပြီး၊ စိုးရိမ်ရတဲ့အခြေအနေကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ ရပ်ကွက်အတွင်း ဆန္ဒပြလူငယ်တွေ ဖမ်ဆီးခံရအောင် သတင်းပေးတာ၊ အရပ်သား ပြည်သူတွေကို ခြိမ်းခြောက်နေလို့ သတိပေးခံထားရတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး ဦးကျော်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါင်မြို့ပေါ်ရပ်ကွက်တွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါင်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း YMBA အသင်း နာယက ဦးခင်မောင်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရပါတယ်။DVB