Monthly Archives: Nov 2021

ဖမ်းဆီးခံသတင်းသမားအားလုံး ပြန်လွှတ်ပေးရန် ကုလ တိုက်တွန်း

အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာအပါအဝင် မြန်မာစစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်း ပြန်လွှတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက တိုက်တွန်းလိုက်သည်။

“သူတို့ရဲ့ အလုပ်အကိုင်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ သတင်းသမားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ စစ်တပ်အာဏာပိုင်တွေကို ကျွန်မ တိုက်တွန်းပါတယ်”ဟု ထုတ်ပြန်ချက်တစ်ရပ်၌ Michelle Bachelet က ပြောသည်။

အမေရိကန်နိုင်ငံသား Frontier Myanmar သတင်းဌာန၏ အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီ ဖန်စတာကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ၁၇/၁ ၊ လ.ဝ.က ဥပဒေ သုံးခုဖြင့် နိုဝင်ဘာ ၁၃ရက်တွင်  ထောင် ၁၁ နှစ် ချလိုက်ခြင်းဖြစ်သည်။

ဖန်စတာသည် မေလအတွင်းက ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ယခု တရားရုံး စီရင်ချက်သည် ‘ပြင်းထန်လွန်းသော ပြစ်ဒဏ်’ ဟု ကုလသမဂ္ဂ လူ့အခွင့်ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ပြီး “နိုင်ငံကို တံခါးပိတ်ပြီး မမျှတသော တရားစီရင်မှုသည် မြန်မာနိုင်ငံက သတင်းသမားများအတွက် ကျယ်ပြန့်သော ဘေးဒုက္ခကို ဆောင်ကြဉ်းနေကြောင်း” ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

စစ်တပ်သည် ဖေဖော်ဝါရီလက အာဏာသိမ်းလိုက်ချိန်မှစကာ သတင်းမီဒီယာအပေါ် ဖိနှိမ်လျက်ရှိပြီး သဘောထားကွဲလွဲသူများအား ဖြိုခွင်းရာ၌ သတင်းသမား ဒါဇင်များစွာကို ဖမ်းဆီးလျက် ရှိသည်။ ဖြိခွင်းမှုများအတွင်း ပြည်သူ ၁၂၀၀ ကျော်ထက်မနည်း သတ်ဖြတ်ခံရကြောင်း ပြည်တွင်း စောင့်ကြည့်ရေးအဖဲ့တစ်ရပ်က ပြောသည်။

“မြန်မာနိုင်ငံ အနှံ့ ပြစ်မှုကျူးလွန်နေတဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတင်းတင်ပြဖို့ ကြိုးစားမှုတွေအပြင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေကိုပါ စစ်တပ်က ဖိနှိပ်ဖြိုခွဲဖို့ ကြိုးစားနေတာက ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တယ်”ဟု ထုတ်ပြန်ချက်၌ Bachelet က ဆိုသည်။

“မြန်မာနိုင်ငံဟာ အတိတ်တုန်းကလို သတင်းကို ထိန်းချုပ်တာ၊ ဆင်ဆာဖြတ်တောက်တာနဲ့ ဝါဒဖြန့်တာတွေဆီ လျင်လျင်မြန်မြန်ပဲ အခင်းအ ကျင်း ပြောင်းလဲနေတယ်”ဟု ၎င်းက ပြောခဲ့သည်။mizzima

ပုပ္ပါးမြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် စာကြည့် တိုက် မီးရှို့ဖျက်ဆီးခံရ

မ‌န္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးမြို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနဲ့ စာကြည့်တိုက်ကို နိုဝင်ဘာလ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးတာခံလိုက်ရပါတယ်။

အဆိုပါကျောင်းနဲ့ နီးစပ်သူတဦးက ”ညတုန်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနဲ့ စာကြည့်တိုက်ကို ဒီဘက်မှာသောင်းကြမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးအဖွဲ့တွေ မီးရှို့ဖျက်ဆီးသွားပါတယ်” လို့ အတည်ပြုပြောပါတယ်။

မီးလောင်ကျွမ်းချိန် ၁ နာရီခန့်ကြာမြင့်ပြီး သင်တန်းကျောင်းနှင့် စာကြည့်တိုက်က ပရိဘောဂပစ္စည်းတွေ၊ စာရွက်စာတမ်းတွေနဲ့ စာကြည့်တိုက်သုံးစာအုပ်တွေ အားလုံးနီးပါးမီးလောင်ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။DVB

မြောင်မြို့နယ်ရှိ Mytel တာဝါတိုင်ကို မဟာ မိတ်ပူးပေါင်းအဖွဲ့ ဖြိုချဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မစံပြကျေးရွာရှိ Mytel တာဝါတိုင်ကို နိုဝင်ဘာလ ၁၂ ရက် ညနေ ၅နာရီ အချိန်ခန့်တွင် မဟာမိတ်ပူးပေါင်းအဖွဲ့က ဖြိုချ ဖျက်ဆီးခဲ့သည်ဟု ပူးပေါင်းပါဝင်သည့် အဖွဲ့ထံမှ သိရသည်။ နှလုံးလှလူမိုက်ကြီးများ အဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်သော Burmese Guerrilla Force အဖွဲ့၊ CDSOM အဖွဲ့ ၊ Myingyan Ranger အဖွဲ့ ၊ ပြောက်ကျားလင်းယုန်အဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။mizzima

ပြည်မြို့နယ်ရှိ စစ်တပ်ကင်းစခန်းကို PDF တိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အခြေစိုက်သည့် စစ်တပ်ကင်းစခန်းကို ယနေ့ (နိုဝင်ဘာ ၁၂) နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကာ အရာရှိတစ်ဦး ဒဏ်ရာရသွားကြောင်း ပဲခူးတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သတင်းထုတ်ပြန်သည်။

ပြည် PDF က နံနက် ၂ နာရီ မိနစ် ၄၀ တွင် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ဘက်မှလည်း တစ်ဦးသေဆုံးကြောင်း ပဲခူးတိုင်း PDF တာဝန်ရှိတစ်ဦးက ပြောသည်။

“အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးတာပါ။ မျက်မြင်တွေကတော့ အရာရှိ ဒဏ်ရာရ၊ လူနာတင်ကားနဲ့သယ်၊ အလောင်းသုံးလောင်း အိတ်အမဲနဲ့ သယ်သွားတယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်မှုအသေးစိတ်အခြေအနေများကိုမူ PDF ဘက်က ထုတ်မပြောပေ။ ထို့အတူ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်လည်း လက်ခံဖြေဆိုခြင်းမရှိပါ။

မှော်ဇာကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကမူ ပစ်ခတ်မှုဖြစ်ပွားသည်မှာ မှန်ကန်သော်လည်း လုံခြုံ ရေးအခြေအနေအရ ထွက်မကြည့်ရဲ၍ ထိခိုက်၊ သေဆုံးမှု ကိစ္စများကို အတည်မပြုနိုင်သေးဟု ပြောသည်။

နံနက် ၂ နာရီခွဲဝန်းကျင်တွင် ဗုံးနှစ်လုံး ပေါက်ကွဲသံကြားရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်သည့် အသံများ ၁၅ မိနစ်ခန့် ကြားရသည်ဟု ထိုသူက ပြောသည်။

“အစစ်အဆေးတွေတော့ ရှိတယ်ဗျ။ တစ်အိမ်တက် တစ်အိမ်ဆင်းစစ်တာ မနက်ပိုင်းမှာ။ ဖမ်းတာဆီးတာတော့ မရှိဘူး။ စစ်သားတွေ ဝင်စစ်သွားတာ” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လဆန်းကလည်း မှော်ဇာကျေးရွာအနီးရှိ ရန်ကုန်-ပြည် ရထားလမ်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သေးသည်။ ထိုစဉ်ကစ၍ ထိုကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်တပ်က စခန်းချနေခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်တွင်ရှိသည့် ပဲခူးတိုင်း PDF ကို တိုင်းအတွင်းရှိ မြို့နယ် ၂၈ ခုမှ PDF အဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အောက်တိုဘာ ၂၃ က ပဲခူးတိုင်း ဖြူးမြို့နယ်တွင် ဖြူး PDF နှင့် ရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတစ်ဦး သေဆုံးသည်။ ထို့အတူ နိုဝင်ဘာ ၉ ရက်တွင် ဖြူးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ အနီး ရဲကင်းစခန်းကို PDF က တိုက်ခိုက်ရာတွင် ရဲ ၅ ဦး သေဆုံးသည်။

စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပစ်မှတ်များကို ဒေသခံအဖွဲ့များ လက်တွဲ၍ အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ပဲခူး PDF က ဆိုသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို ပြန်လည်ခုခံမှုများ နိုင်ငံအနှံ့ အား ကောင်းလာနေသည်။

NUG ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပေါင်းကာ ဗဟိုစစ်ရေးကော်မတီကို ဖွဲ့စည်းထားပြီး နိုင်ငံအနှံ့ ပြန့်ကျဲနေသည့် PDF များကို စုစည်း၍ စစ်ကောင်စီကို ထိရောက်စွာရင်ဆိုင်မည်ဟု ဆိုထားသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား ပြည်နယ်များအတွင်း စစ်ကောင်စီက စစ်အင်အား အလုံးအရင်းပို့လွှတ်နေချိန်တွင် ပဲခူး၊ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများရှိ PDF အဖွဲ့များကလည်း တိုက်ခိုက်မှုများကို အရှိန်မြှင့်၍ လုပ်ဆောင်နေသည်။myanmar now

မုံရွာ-အမြင့် လမ်းပေါ်တွင် ရဲကားမိုင်းဆွဲ ခံရ၊ စခန်းမှူး သေဆုံးဟု ဒေသကာကွယ်ရေးတပ်ပြော

မုံရွာမြို့ ၊ မုံရွာ – အမြင့်လမ်းပေါ်ရှိ ညောင်ဖြူပင်ရွာ အနီးတွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါလာသော အိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခန်းမှူး သေဆုံးသွားကြောင်း မုံရွာလျှပ်စီးအဖွဲ့ (Monywa Lightning- PDF) တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် နေ့ လယ် ၁ နာရီ မိနစ် ၃၀ ခန့်တွင် ရဲတပ်ဖွဲဝင်များ စီးနင်း လိုက်ပါလာသော အိမ်စီးကားကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ သတင်းအရ စောင့်ကြို မိုင်းဆွဲခဲ့တာပါ။ အဲဒီစခန်းမှူးနဲ့ အဖွဲ့က တစ်ရွာဝင် တစ်ရွာထွက် ပြည်သူတွေကို အမြဲခြိမ်း ခြောက်နေလို့ အခု လိုက်တိုက်ခိုက်ရတာ” ဟု မုံရွာလျှပ်စီးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲခံရသည့် စခန်းမှူးသည် ညောင်ဖြူပင်ရွာ ရဲစခန်းမှ ဖြစ်ပြီး မုံရွာရှိ စစ်ဆေးရုံသို့ ဆေးကုသရန် ခေါ်သွားသော်လည်း ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ ယမန်နေ့ ညနေ ၄ နာရီခန့်တွင်လည်း ညောင်ဖြူပင် ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ အပြန်အ လှန် ပစ်ခတ်နေချိန် စစ်ကောင်စီတပ်များ စစ်ကူရောက်လာသဖြင့် ဆုတ်ခွာခဲ့ရကြောင်း မုံရွာလျှပ်စီးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ရဲအင်အား တိုးချထားပြီး ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက်တွင် ဒရုန်းများဖြင့် ထောက်လှမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။ အမြင့်- မုံရွာလမ်းမအား ည ၈ နာရီ မိနစ် ၃၀ မှ နံနက် ၃ နာရီ အတွင်း ကျန်းမာရေး ကိစ္စမှအပ အသုံးမပြုကြရန် မုံရွာလျှပ်စီးအဖွဲ့က နိုဝင်ဘာလ ၉ ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။mizzima

မုံရွာမြို့ရှိ “ခရေ” အမျိုးသမီးအဆောင် မိုင်းခွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းမှာရှိတဲ့ “ခရေ” အမျိုးသမီးအဆောင်မှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက် ၉ နာရီအချိန်က ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖောက်ကွဲခံရတဲ့ ခရေအဆောင်ဟာ မုံရွာတက္ကသိုလ်ကျောင်းသူ အများစု ငှားရမ်းနေထိုင်တဲ့ အမျိုးသမီးအဆောင်ဖြစ်ပြီး  ဗိုလ်ချုပ်ဉာဏ်ထွန်းဆိုသူ  ပိုင်ဆိုင်တယ်လို့လည်း ဒေသခံတချို့က ဆိုကြပါတယ်။ 

“သူက စစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်သလို ကနီမြို့နယ်ကြံ့ခိုင်ရေးပါတီကနေ ၂ ကြိမ်ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ပြည်သူ့လွှတ်တော်ကနေ ။ သူ့ရဲ့သား၊သမီးတွေကလည်း Non-CDM တွေဆိုတော့ အခုလို ဖောက်ခွဲခံရတာ ဖြစ်နိုင်တယ်”လို့ ‌ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီး နေထိုင်သူ ဒေသခံ တစ်ဦးက ထင်မြင်ချက်ပေးပါတယ်။

မုံရွာမြို့မှာတော့ “ခရေ” အမည်နဲ့ တိုင်းရင်းဆေးရုံလမ်းမှာ တစ်ဆောင်၊ ကျောက္ကာလမ်းနဲ့ စီပွားရေးတက္ကသိုလ် နားမှာ တစ်ဆောင် ရှိပါတယ်။

ဒီနေ့ဖောက်ခွဲမှုကို မုံရွာမြို့ပေါ် UG အဖွဲ တစ်ဖွဲ့ဖြစ်တဲ့ မုံရွာသံမဏိအဖွဲ့က လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။DVB

ချောင်းဆုံမြို့နယ် ရဲစခန်းအနီးရှိ NLD ပါတီရုံး ဗုံးပေါက်ကွဲ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မြို့မရဲစခန်း အရှေ့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်( NLD )ပါတီရုံးတွင် နိုဝင်ဘာလ ၁၂ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ မြို့နယ် NLD ပါတီရုံး ဖောက်ခွဲ ဖျက်ဆီးခံရမှုကြောင့် အဆောက်အအုံ တစ်ခုလုံးနီးပါး ပျက်စီးသွားသည်ဟု ယင်းရပ်ကွက်နေ ဒေသခံများက ဆိုသည်။ ”ပေါက်ကွဲတာက အသံတော်တော်ကြမ်းပါတယ်။

ပါတီရုံး အပါဝင် လူနေအိမ် တချို့လည်း ထိခိုက်ပျက်စီးသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် တစ်စုံတစ် ရာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။mizzima

မတ္တရာမြို့၌ CDM ကျောင်းဆရာနှင့် ဆရာမ ဇနီးမောင်နှံကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့၊ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ CDM ကျောင်းဆရာ၊ ဆရာမ ဇနီးမောင်နှံကို   နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီလောက်မှာ စစ်တပ်က  အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အ.ထ.က စလွန်ဖြူမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ (အထက်တန်းပြ)ဆရာ ဦးငြိမ်းသူအောင်နဲ့ သူ့ရဲ့ဇနီး အထက မြို့သစ်ကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ဒေါ်မေသူအေး တို့ ဖြစ်ပါတယ်။

သူတို့ရဲ့နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက် လာကာ ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး  ၇ နှစ်အရွယ် သားလေးကိုတော့ သူ့အဘိုး အဘွားတွေနဲ့ ထားခဲ့ရတယ်လို့ သိရပါတယ်။

မြို့ခံတစ်ဦးက “ဆရာတို့ လင်မယားနှစ်ယောက်လုံးက CDM လုပ်ထားပြီး သပိတ်ကာလမှာတော့ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သပိတ်ကာလအ လွန်မှာတော့ သားဖ သုံးယောက် တခြားလုပ်ငန်းလေးတခု လုပ်ပြီး နေထိုင် စားသောက်နေကြရတာပေါ့၊ ရံဖန်ရံခါ ဘဝတူ CDM သမားတွေကိုတော့ ကူညီတာတော့ လုပ်ပါတယ်”လို့ ပြောပါတယ်။

ဘဝတူ CDM တွေနဲ့ ဆွေမျိုးသားချင်း မိဘဘိုးဘွားတွေကတော့ ဆရာနဲ့ ဆရာမတို့နှစ်ယောက်ရဲ့ အသက်အန္တရာယ်ကို တစုံတရာဖြစ်မှာ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀၂ ကျောင်းရှိပြီး၊ ပညာရေးဝန်ထမ်း ၂၃၀၀ ကျော်ရှိကာ CDM ပြုလုပ်သူ ဆရာ၊ ဆရာ မ ၁၂၀၀ ကျော်ရှိတယ်လို့ သိရပြီး စစ်ကောင်စီက ဖမ်းဆီးတာခံခဲ့ရသူ ၈ ဦးရှိပါတယ်။DVB

နိုင်ငံတစ်ဝန်း ရက်ပိုင်းအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဟု စွပ်စွဲခံရသူ၊ ပျူစောထီးနှင့် မဘသ စစ်တပ်အမာခံထောက်ခံသူ ၂၅ ဦးထက်မနည်းအသတ်ခံရ

နိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၁၁ ရက်နေ့မှ ယနေ့အထိရက်ပိုင်းအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဟု စွပ်စွဲခံရသူ၊ ပျူစောထီးနှင့် မဘသ စစ်တပ်အမာခံထောက်ခံသူ ၂၅ ဦးထက်မနည်းအသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်၊ကြာအင်းရွာတွင် ပျူစောထီးအဖွဲ့ဝင်ကိုထိုက် အသတ်ခံရ ======================================================

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ထွက်နေသည့် ကိုထိုက် ယမန်နေ့ညပိုင်း အသတ်ခံလိုက်ရကြောင်း သိရှိရသည်။ ကြာအင်းကျေးရွာအုပ်စုက သူရဲတောင်ရွာနဲ့ ကင်းရှေ့ရွာဆက်သွယ်ထားသည့် ကြိုးတံတားပေါ်မှာ ကိုထိုက်ကို ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်က ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ပေါင်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှုး ကျော်အောင် သေနတ်ပစ်ခံရပြီး စိုးရိမ်ရ ==============================================================

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ယနေ့နံနက် ၈နာရီကျော် အချိန် စစ်ကောင်စီခန့် ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးကျော်အောင်သည် နေအိမ် စျေးဆိုင်ရှေ့၌အမှိုက်ကောက်နေစဥ် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ တစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခြင်းခံရပြီး ရင်ဘတ်တွင်သေနတ်ဒဏ်ရာတစ်ချက် ရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ရွှေပြည်သာ ၁၁ ရပ်ကွက်စစ်ကောင်စီ ခန့် ရာအိမ်မှုးစိန်မြင့် သေနတ်အပစ်ခံရ ==========================================================

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ် ၁၁ရပ်ကွက် ရှိ ရာအိမ်မှုး စိန်မြင့်(ခ)ဗိုလ်စိန် ဆိုသူတစ်ဦးသည် ယနေ့နံနက် ၈နာရီအချိန် နေအိမ်ပြင်ပတွင် ရှိနေစဉ် အမည်မသိသူ တစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရင်ဘတ်တွင် ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

နတ်တလင်းမြို့တွင် ရာအိမ်မှူး ၁ ဦး၊ သတင်းပေးဟု စွပ်စွဲခံရသူ ၁ ဦးနှင့် ပျူစောထီး ၁ ဦး သတ်ခံရပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ

===========================================================================

ပဲခူးတိုင်းအနောက်ခြမ်း ၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ဆီဆုံကုန်းအုပ်စုတွင် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ရာအိမ်မှူးဆန်းဝင်း၊သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ ကိုသောင်းနှင့်ပျူစောထီး ဇော်လေးတို့အသတ်ခံရပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix DFက နိုဝင်ဘာ၁၁ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ထားဝယ်တွင် စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက်ဇာခြည်ဦး အသတ်ခံရ===============================================================

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်နေ စစ်ကောင်စီသတင်းပေး ၊ မှုခင်သတင်းထောက်မဇာခြည်ဦးသည် နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားကြောင်း၊ မဇာခြည်ဦးသည် ယနေ့နေ့လည် ၁၂ နာရီခွဲခန့်က ပုံကျွန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေစဉ် သေနတ်ဖြင့် ကိုးချက်ခန့် ပစ်ခံရခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်၊ မဇာခြည်ဦးသည် သမီးဖြစ်သူသည် ရဲမေဖြစ်ပြီး ၎င်းပစ်သတ်ခံရမှုပတ်သက်၍ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Guerrilla Dawei အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မှုခင်းသတင်းထောက်အသင်းနှင့် မှုခင်းသတင်းထောက်များသည် စစ်ကောင်စီတပ်ထွက် ရဲ/စစ်သား/ အင်ဖော်မာ /သတင်းပေး အများစုဖြင့် စုဖွဲ့ထားသော အစုအဖွဲ့ဖြစ်ပြီး ငွေကြေးတောင်းခံမှု /သတင်းမီဒီယာကျင့်ဝတ်ဖောက်ဖျက်မှုတို့ကြောင့် ၂၀၁၈ ခုနှစ်တွင် တရားမဝင် သတင်းထောက် မဟုတ်သော အဖွဲ့အစည်းများအဖြစ် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

မိုးကုတ်မြို့ စစ်ကောင်စီခန့် ကျောက်ဖားရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

============================================================

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျောက်ဖားရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကြည်ဖြူ(ခ) ဦးကြီးဖြူ၏ အ လောင်းကို သေနတ်ဒဏ်ရာဖြင့် ကျောက်ဖားရပ်ကွက်နှင့် ရေအေးရပ်ကွက် အဆင်း မောင်းတံဂိတ်အနီးတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဝမ်းတွင်းမြို့နယ်မှ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေ===========================================================

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ဉာဏ်ကန်ရှောက်တော ဘုရားကြီးဈေးတွင် အမဲသားရောင်းချသည့် ကြံ့ခိုင်ရေး ပါတီဝင်ကြယ်နီသည် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက သေနတ်ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တန့်ဆည်တွင် ပျူစောထီး ၄ ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင် စစ်တပ်အမာခံထောက်သူ လင်မယား ၂ ဦး အသတ်ခံရ =======================================================================================

စစ်ကိုင်းတိုင်းတန့်ဆည်မြို့နယ်၊ ရွှေတကျေးရွာမှ လက်နက်ကိုင် ပျူစောထီး ၄ ဦး၊ ကျွန်းလယ်ရွာမှ ကြံ့ခိုင်ရေးပါတီ ဝင်နှင့် စစ်တပ်ထောက်ခံသူ သန်းနိုင်နှင့်ဇနီးတို့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

အရာတော်တွင် ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး မော်ကြီး အသတ်ခံရ

===================================================

စစ်ကိုင်းတိုင်း၊အရာတော်၊ရှောက်ခါးရွာမှကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးမော်ကြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အသတ်ခံရကြောင်း သိရှိရသည်။

ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာမှ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရ ===========================================================

ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာမှ ကျောင်းထိုင်ဘုန်းကြီး ဦးသောဘဏသည် နိုဝင်ဘာလ ၁၁ ရက်နေ့ ၊ နံနက် ၁၁နာရီ ဆွမ်းဘဉ်းပေးနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း၊ တရားဟောကြားစဉ် စစ်တပ်ခေါ် ပြီး ရွာထဲကို တပ်စွဲခိုင်းမည်ဟု ခြိမ်းခြောက်မှု လုပ်ဆောင်ပြီးနောက် နောက်စေ့တည့်တည့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ရေစကြိုတွင် လက်နက်ကိုင်ပျူစောထီးနှင့်ကြံခိုင်ရေးပါတီဝင် အောင်သူ အသတ်ခံရ ==================================================================

မကွေးတိုင်း၊ ရေစကြိုမြို့ အမှတ်(၁) ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီဝင် ပျူစောထီးသင်တန်းဆင်း စစ်တပ်သတင်းပေး အောင်သူ(ခ) ဗိုလ်ချုပ် အသတ်ခံခဲ့ရကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် 27 Revolution Forces မဟာမိတ်နှစ်ဖွဲ့က ပူးပေါင်း သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရေဦးတွင် စစ်တပ်အမာခံထောက်ခံသူ၊ မဘသ ငြိမ်းချမ်းအောင် အသတ်ခံရ ===================================================

ရေဦးမြို့နယ် တင်းတိမ်ရံစံပြရွာတွင် ငြိမ်းချမ်းအောင်(ခ)နပို နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်း ဒီပဲယင်းနယ် မဲအိုး(လက်ယက်ကုန်း) ရွာတွင် အသတ်ခံခဲ့ရကြောင်း၊ ၎င်းသည် စစ်တပ်အမာခံထောက်ခံသူဖြစ်ပြီး အမျိုးသားရေး မဘသ လှုပ်ရှားမှုတွင်ပါဝင်ကြောင်း ၊ တင်းတိမ်ရံမှ လူငယ် ၉ဦး ဖမ်းဆီးခံရမှုတွင် ၎င်း၏ သတင်းပေးမှု ပါဝင်ပတ်သက်ပြီးနောက် တိမ်းရှောင်နေစဉ် သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

ကန့်ဘလူတွင် စစ်တပ်အမာခံထောက်ခံသူနှင့် ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအသတ်ခံရ =========================================================================

ကန့်ဘလူမြို့နယ်တွင် စစ်တပ်အမာခံထောက်ခံသူနှင့် ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးကို နိုဝင်ဘာ ၁၂ရက်နေ့တွင် သတ်ဖြတ်လိုက်ကြောင်း Kanbalu Underground Warriors ( KBU-UG ) ကသတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘုတ်ကုန်းကျေး ရွာအုပ်စု၊ ဆူးတပ်ကျေးရွာမှ ကိုဇော်နိုင် (ခ) ကုလား နှင့် ကိုဖိုးစီတို့ကို KBU-UG က သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။ မင်းကင်းတွင် စစ်တပ်အမာခံထောက်ခံသူနှင့် ကြံ့ခိုင်ရေးပါတီဝန်းရံသူ လင်မယား အသတ်ခံရ ======================================================================

မင်းကင်းမြို့နယ်၊ ကူလဲကျေးရွာအနောက်ကျေးရွာနေ စစ်တပ်အမာခံထောက်ခံသူနှင့်ကြံ့ခိုင်ရေးပါတီဝန်းရံသူလည်းဖြစ်၊ သတင်းပေးဟု သတ် မှတ်ခံရထားသူများဖြစ်သော ကိုကုလား သူနှင့် ဇနီးဖြစ်သူ မချိုတင်မာတို့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အသတ်ခံရကြောင်း သိရှိရသည်။ လှိုင်သာယာတွင် စစ်ကောင်စီအမာခံထောက်ခံပြီး PDF များကို ဖမ်းဆီးခဲ့သူ လူမိုက်ခင်စိန် အသတ်ခံရ =============================================================================

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၈ ရပ်ကွက်မှ စစ်တပ်ထောက်ခံသူ အမာခံ နှင့်သတင်းပေး ဖြစ်ပြီး ကျူးကျော်နေအိမ်များကို စစ်အုပ်စုအတွက် အုပ်စုဖွဲ့ ဖျက်ဆီးပေးနေသူ လူမိုက်ခင်စိန် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။ လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ရွှေရင် အေးဈေးထိပ်၊ အမှတ် ၁၂ ကျောင်းရှေ့တွင် လူမိုက်ခင်စိန် မောင်းလာသောကားကို ဆိုင်ကယ်သမား ၂ ဦးက ပစ်ခတ်သွားခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ လူမိုက်ခင်စိန်သည် မကြာသေးမီအချိန် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း၊ လှိုင်သာယာ ၁၈ ရပ်ကွက်မှ လူမိုက်ကြီး ခင်စိန်သည် လက်ရှိတွင် စစ် တပ်နှင့်ပူးပေါင်း၍ ဧည့်စာရင်းစစ်ခြင်းနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုကြသည်။

ဝမ်းတွင်းတွင် CDM များကို ဖိအားပေးပြီး ကျောင်းတက်ခိုင်းကာ စစ်ကောင်စီဘက်မှ ရပ်တည်သူ Non-CDM ကျောင်းအုပ်ဆရာမ အသတ်ခံရ

===============================================================================================

ဝမ်းတွင်းမြိုနယ် ကျင်းရွာသူ ညောင်ကားယားကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်ကြည် နှင့် ၎င်း၏အမျိုးသားကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သေနတ် ဖြင့် ပစ်ခတ်ခံရသဖြင့် ဒေါ်စိန်ကြည် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အမျိုးသားမှာမူ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း၊ ဒေါ်စိန်ကြည်သည် CDM ကျောင်းဆရာမ ကျောင်းပြန်တက်ရန်နှင့် ကျောင်းမတက်လျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ စစ်ကောင်စီထံသို့ ဆက်သွယ်၍ CDM ကျောင်းဆရာ၊ ဆရာမများအခြေအနေများကို တင်ပြပြီး ဖိအားပေး ခဲကြောင်း ဒေသခံများက ပြောဆိုသည်။khit thit

« Older Entries Recent Entries »