မြန်မာပလာဇာအနီး ၂ လုံးဆင့် ပေါက်ကွဲ

နိုဝင်ဘာ ၁၄ရက်နေ့က မြန်မာပလာဇာအနီး ကန်ဘောင်ဘက်ခြမ်းမှာ ညနေ ၄:၁၅ လောက်က ဗုံး ၂ လုံးဆင့် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“Melia ဟိုတယ် တစ်ဖက်ခြမ်းလောက်ကျမယ်။ မှတ်တိုင်နားလေးပေါ့။ ၂ ချက် ဆက်တိုက်ပေါက်တာ။ ဟိုတယ်ဘက်ခြမ်း မှန်အနည်းငယ် အက်ကွဲသွားတယ်လို့ ကြားတယ်။ လူအထိအခိုက်တော့ မသိရသေးဘူး။” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်သားတွေ ရောက်ရှိလာပြီး လမ်းတချို့ ပိတ်ထားပြီး စစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လမ်းနီကန်ဘောင် တံတားဘက်လမ်းပိတ်လိုက်တယ်။ တက္ကသိုလ်ရိပ်သာလမ်း အင်းယားမြိုင်ထိပ်မှာတော့ စစ်ဆေးတာ လုပ်နေတယ်” လို့ ပြောပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s