ကချင်ပြည်နယ် မိုးညှင်းတွင် တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ၊ ဗန်းမော်တွင် စစ်ယာဉ်တန်းကို မိုင်းခွဲ၊ အင်းတော်တွင် ရဲကင်းစခန်းတစ်ခုကို မီးရှို့ပြာချ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် နိုင်ဘာလ ၁၅ ရက်နေ့ နံနက် ၂ နာရီတွင် နမ့်ချီမှော် ပတ်ဝန်းကျင်ရှိ KIA သရက်မှော်စခန်းကို စစ်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကျဲသွားကြောင်း ဒေသခံများနှင့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“ညကြီးမင်းကြီး ၂ နာရီလောက် လေယာဉ်သံကြားရတယ်။ နောက်ပြီး ဗုံးကျဲသံနဲ့ ပစ်သံလည်းကြားရတယ်။ နမ့်ချီမှော်ဘက်လို့ ကြားတယ်။ အခုမနက်မှ သိရတာ KIA စခန်း ကုန်းတစ်ခုကို လာပစ်တာလို့ပြောတယ်။ သရက်မှော်ဘက်က စခန်းလို့ပြောတယ်။ လူထိခိုက်တာတော့ မကြားမိသေးဘူး။ အဲဒီမှာ KIA စခန်းက လူရှိလား မရှိလားလည်း မသိဘူးဗျ” ဟုမိုးညှင်းဒေသခံတစ်ဦးကပြောသည်။

အလားတူ ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် ဗန်းမော်မြို့နယ်၊ ပရဟိတကန်လမ်းရှိ စကခ ၂၁ မှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို U.R.F ဗန်းမော်မြို့ပြပျောက်ကြားတော်လှန်ရေးအင်အားစုက မိုင်း ၂ လုံးဆွဲ၍ တိုက်ခိုက်ကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း U.R.F က သတင်းထုတ်ပြန်သည်။

အလား စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင်လည်း နိုဝင် ဘာ လ ၁၅ ရက်နေ့ နံနက် ၂ နာရီရှိတွင် မော်တိတ်ရဲစခန်းကို PDF နတပ်များက မီး ရှို့လိုက်ကြောင်း၊ ရဲကင်းစခန်း ၃ ခုအနက်မှ ၂ ခုကို မီးရှို့ပြာချလိုက်ကြောင်း အင်းတော်တော်လှန်ရေးကင်းထောက်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s