စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ဟု NUG ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီက ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလဒ်များကို ဖက်ဒရယ်စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်သွားမည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများက အသိအမှတ်ပြု လက်ခံမည် မဟုတ်ကြောင်း NUG အစိုးရ ပညာရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာသည်။

“ ပြည်တွင်း ပြည်ပ နိုင်ငံတကာမှ လုံးဝ အသိအမှတ် မပြုသော တရားမဝင် စစ်ကောင်စီ၏ ပညာရေး လုပ်ဆောင်မှုများ အားလုံးသည် အလိုအ လျောက် တရားမဝင်ကြောင်း ကြေညာထားပြီး ဖြစ်သည်” ဟု ရေးသားထားသည်။ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်ရန် ကြိုးပမ်းနေသည့် ကြားကာလအတွင်း ပညာရည် ဆန်းစစ်မှု စာမေးပွဲ စနစ်များကိုလည်း ဖက်ဒရယ်ပညာရေး သဘောတရားများ၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ အများပြည်သူ နစ်နာမှု မရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု NUG က ဆိုသည်။

တက္ကသိုလ်ဝင်တန်း တက်ရောက်နေဆဲ ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာရေး အရည်အသွေး ရှိပြီး အများပြည်သူ လက်ခံနိုင်သည့် ဆန်းစစ်ဖြေဆိုမှု စာမေးပွဲတစ်ခု ကျင်းပရန် ရှိသည်ဟုလည်း ဆိုသည်။ယင်းစာမေးပွဲကို တက္ကသိုလ်ဝင်တန်း ကျောင်းသားအားလုံး လက်လှမ်း မီ ဖြေဆိုနိုင်ရန် ကျောင်းသားအဖွဲ့ အစည်းများ၊ သမဂ္ဂများ၊ ပညာရေးအဖွဲ့ အစည်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့များ၊ တက္ကသိုလ်ကောင်စီများ၊ ဆရာ သမဂ္ဂများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နည်းပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေး နေကြောင်းလည်း ပြောထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် မိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ သဘောဆန္ဒ မပါဘဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် ဖိ အားပေး ခြိမ်းခြောက်နေပြီး အနာဂတ် လူငယ်များအား ပညာရည် နိမ့်ပါးအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု NUG ပညာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s